တပ်မတော် ပြိုကွဲစရာ ဘာအကြောင်းမှ မရှိပါ

၂၀၂၅ မတ် ၆

    လက်ရှိ ဖြစ်ပွားနေတဲ့ ပြဿနာတွေ ဘယ်တော့ အဆုံးသတ်မှာလဲလို့မေးရင် အတော်ဖြေရ ခက်ပါလိမ့်မယ်။ အမြင်အမျိုးမျိုးရှိကြပြီး ကိုယ်ထင်တာ မှန်တယ်ဆိုတဲ့အမြင်နဲ့ လုပ်ချင်ရာ လုပ်နေကြတဲ့သူတွေများနေတဲ့အတွက် တည်ငြိမ်အေးချမ်းတဲ့ အခြေအနေကို ပြန်ရဖို့ အတော်လေး ကြိုးစား ရပါလိမ့်မယ်။ ဒီကြားထဲမှာ မီးကို ဝိုင်းငြှိမ်းပေးဖို့ မစဉ်းစားဘဲ မီးလောင်ရာလေပင့် ပေးနေကြတဲ့အတွက်လည်း တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေရတဲ့ သူတွေအတွက် အတော်ခက်ခက်ခဲခဲနဲ့ ဆောင်ရွက်နေရတဲ့ အခြေအနေပါ။ အခြေအနေမှန်ကို သိသိချည်းနဲ့ ဝါဒဖြန့်နေကြတာကလည်း တိုင်းပြည်အတွက် အန္တရာယ်တစ်ခုလို့ ဆိုရပါမယ်။ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်အမျိုးသား အကျိုးစီးပွားကို ရှေ့မထားဘဲ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားနဲ့ အမုန်းတရားကို အခြေခံဆောင်ရွက်နေကြတာတွေကလည်း မဖြစ်သင့်တဲ့ အခြေအနေတစ်ခုပါ။
    ဒီရက်ပိုင်းအတွင်းမှာ တပ်မတော်မုန်းတီးရေးနဲ့ တရုတ်ဆန့်ကျင်ရေးမူဝါဒကို ကိုင်စွဲထားနေတဲ့ အနောက် အထောက်အပံ့ မီဒီယာတွေအနေနဲ့ တပ်မတော်မုန်းတီးရေးကို ပိုမိုဆောင်ရွက်လာတာ တွေ့ရပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တပ်မတော်က တရားသောစစ် ဆင်နွှဲနေရတဲ့အပေါ်မှာ ပြောင်ပြောင်တင်းတင်း တိုက်ခိုက်လာနေကြတာ တွေ့ရပါတယ်။ ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲ ကာလမှာ ဝါဒဖြန့် တိုက်ခိုက်ဖို့ ထူထောင်ထားတဲ့ သတင်းဌာန (အထူးသဖြင့် ခေတ်သစ်မီဒီယာ) တွေကတော့ ထားပါ။ Psyc-hologically PSY War လုပ်ဖို့ ဖွဲ့စည်းထားတဲ့အတွက် ပြောစရာမရှိပါ။ သူ့အလုပ် သူလုပ်တာ ဖြစ်ပါတယ်။  မဖြစ်သင့်တာက ခေတ်အဆက်ဆက် လွတ်လပ်တဲ့ မီဒီယာလို့ ကိုယ့်ကိုယ်ကိုယ် သမုတ်ပြီး ပြည်သူကို အဆိပ်သွင်းနေတဲ့ မီဒီယာတွေပဲ ဖြစ်ပါတယ်။ ဒီမီဒီယာတွေဟာ မြန်မာနိုင်ငံအတွက် အန္တရာယ်ရှိတဲ့ မီဒီယာတွေပဲ ဖြစ်ပါတယ်။ တိုင်းပြည်အတွက် ဘာကောင်းကျိုးမှပေးမယ့် မီဒီယာတွေ မဟုတ်ကြပါဘူး။ 
    သေသေချာချာ လေးလေးနက်နက် စဉ်းစားကြည့်ကြပါ။ ခေတ်အဆက်ဆက်က တိုင်းပြည်ကို နည်းမျိုးစုံနဲ့ အန္တရာယ်ပေးခဲ့ကြတဲ့၊ ကိုယ်ကျိုးအတ္တကို အခြေခံထားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ခုချိန်မှာ မင်းသားအဖြစ် မြှောက်ပင့် ပြောဆိုနေကြပြီး ခေတ်အဆက် ဆက်က ပင်ပန်းဆင်းရဲမှု အမျိုးမျိုး၊ ဆင်းရဲဒုက္ခအမျိုးမျိုးကို အတူတကွ ခံစားပြီး တိုင်းပြည်နဲ့ပြည် သူအတွက် အသက်စွန့်ကာ ကွယ်နေတဲ့ တပ်မတော်ကို လူရမ်းကား လက်နက်ကိုင်အဖွဲ့တစ်ခုအဖြစ် သမုတ်ပြီး ဝါဒဖြန့်နေကြတာ ဖြစ်သင့်ပါရဲ့လား။ ဒီတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိမှု ကင်းတဲ့အဖွဲ့ရှိရင် ပြောပြစမ်းပါ။ ခုချိန်ခါ မြန်မာနိုင်ငံအတွင်းမှာ လူငယ်အတော်များများ မူးယစ်သား ကောင်ဖြစ်နေကြတာ ဘယ်သူတွေရဲ့ လက်ချက်လဲ။ ကမ္ဘာမှာ မြန်မာနိုင်ငံကို ဘိန်းနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့နိုင်ငံအဖြစ် သမုတ်ခံနေရတာ ဘယ်သူတွေရဲ့ လက်ချက်ကြောင့်လဲ။ ဒါတွေကို ဒီမီဒီယာတွေ ကောင်းကောင်း သိကြပါတယ်။ ထိရဲဖို့ နေနေသာသာ၊ အသံ တောင် မဟရဲကြဘူး။ ဘာကြောင့်လဲ။ ငွေနဲ့ အခွံ့ခံထားရသလို စိတ်မထင်ရင် အသတ်ခံရမှာ ကြောက်လို့ကလွဲလို့ ဘာမှမရှိဘူး။ လက်လျှိုနေတာက သူတို့အတွက် အန္တရာယ်ကင်းတယ် မဟုတ်လား။ ဒါကြောင့် မပြောတာ။ ဒါတောင် တပ်မတော်နဲ့ နီးစပ်ပြီး အမျိုးသားရေး အမြင်မှန်တဲ့ PNO ကို ဘိန်းစိုက်တဲ့အဖွဲ့အဖြစ် ဒီရက်ပိုင်းအတွင်းမှာ ဖော်ပြထားတာ တွေ့ရတယ်။ 
    မတ်လ ၁ ရက်က ထုတ်လွှင့်တဲ့ ဧရာဝတီ သတင်းဌာနရဲ့ အယ်ဒီတာ့စကားဝိုင်းကို နားထောင် ဖြစ်တယ်။ ပေးထားတဲ့ ခေါင်းစဉ်က 'တရားသော စစ်လား၊ မတရားသော စစ်လား'တဲ့။ မြန်မာပိုင်း အယ်ဒီတာကျော်ခနဲ့ အယ်ဒီတာချုပ် အောင်ဇော်တို့ နှစ်ယောက် အပြန်အလှန် အတိုင် အဖောက်ညီညီနဲ့ ပြောင်ပြောင်တင်းတင်းပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မတော်ကို ပုတ်ခတ်ထားတာ တွေ့ရတယ်။ အဆင့်ရှိရှိ ဝေဖန်ထားတာဆိုရင် လက်ခံလို့ ရပါသေးတယ်။ အပုပ်ချပြီး Psychological PSY War လုပ်တာကတော့ ယုတ်မာလွန်းတဲ့ လုပ်ဆောင်ချက်အဖြစ် မြင်တယ်။ လူသိများတဲ့ မီဒီယာကြီး တစ်ခုအနေနဲ့ တိုင်းပြည်အတွက် အကျိုးယုတ်မယ့်လုပ်ရပ်ကို လုပ်သွားတာ ဖြစ်တဲ့အတွက် တိုင်း ပြည်ကို အန္တရာယ်ပေးနေတဲ့ အကြမ်းဖက်အဖွဲ့တွေနဲ့ တစ်ဖွဲ့တည်း သတ်မှတ်ပြီး အကြမ်းဖက်အား ပေးတဲ့ မီဒီယာအဖြစ် သတ်မှတ်ရမှာပါ။ သူတို့ရဲ့ ပြောဆိုချက်တွေကို ကြည့်ရင် ၂၀၂၁ ခုနှစ်နောက်ပိုင်း ပြဿနာအားလုံးဟာ တပ်မတော်ကြောင့်ဆိုပြီး အပြစ်ပုံချထားတာ၊ တပ်မတော်ကို သွေးခွဲထားတာ၊ အထက်အောက် အထင်အမြင်လွဲမှားရေးကို ရှေးရှုထားတာ၊ တပ်မတော်သားတွေ တပ်မတော်ထဲက ထွက်သွားအောင် လှုံ့ ဆော်ထားတာ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို ပြောင်ပြောင်တင်းတင်း အပုပ်ချထားတာ၊ တပ်မတော်က လက်ရှိတွန်း လှန်ကာကွယ်နေရတဲ့ တရားသော စစ်ကို သေးသိမ်အောင် ဆောင်ရွက်ထားတာ၊ တပ်မတော်သားတွေ တပ်မတော်နဲ့ တိုင်းပြည်ကို သစ္စာဖောက်ဖို့ လမ်း ကြောင်းပေး နေတာတွေကို တွေ့ရပါတယ်။ 
    အောင်ဇော်နဲ့ ကျော်ခကို ပထမဆုံး မေးလိုတာက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထဲက ခေါင်းဆောင်တစ်ဦးဦးနဲ့ အဲ့ဒီအဖွဲ့ကို ဒီလောက်ကြီးထိ ပြောဆိုပုတ်ခတ်ရဲလားဆိုတာပါ။ ပါးပါးလေးတောင် ဝေဖန်ရဲမယ်မထင်ပါ။ ဥပဒေဘောင်အတွင်းကနေတဲ့သူနဲ့ ဥပဒေမဲ့ ဖြေရှင်းတတ်တဲ့သဘာဝကို သူတို့ကောင်း ကောင်းသိလို့ လူပြိန်းကြိုက် လုပ်စားသွားကြတာပါ။  တော်ရုံဘက်လိုက် ရေးသားပြော ဆိုတာက သူ့အမြင် ကိုယ့်အမြင်နဲ့ ခွင့်လွှတ်လို့ ရပါသေးတယ်။ အခုဟာ  ဆိုက်ဝါးသုံးသွားတဲ့အတွက် တပ်မတော်နဲ့ တိုင်းပြည်ရဲ့ ရန်သူအဖြစ် သတ်မှတ်ရမှာပါ။ တပ်မတော်အနေနဲ့ ဒီနှစ်ယောက်ကို Blacklist အဖြစ် အမြဲတမ်း မှတ်တမ်းတင်ထားရမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး တပ်မတော်အပိုင်းက ဘာမှ တုံ့ပြန်တာ မတွေ့ရသေးပေမယ့် ဒီလူတွေရဲ့ တပ်မတော်အပေါ်ထားတဲ့ သဘောထားကိုတော့ ရှင်းရှင်းလင်းလင်းသိထားဖို့ လိုပါလိမ့်မယ်။ 
    တရားသောစစ် ဆင်နွှဲနေရခြင်း ဖြစ်တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ထည့်သွင်းပြော ဆိုသွားတာဟာ တပ်မတော် အောက်ခြေပိုင်းမှာ အခြေအနေ တော်တော်ဆိုးနေလို့၊ သူ့ရဲ့ကွပ်ကဲမှုကို ဝေဖန်နေတဲ့ အောက်ခြေက အကြပ်တပ်သားတွေကို ပြန်လည်စည်းရုံးဖို့ လိုအပ်လို့၊ တိုက်ပွဲ တွေများနေပြီး ဒီစစ်ပွဲတွေ ဘာလို့တိုက်နေရတာလဲလို့ အောက်ခြေက မေးနေတဲ့အမြင်ကို ရှင်းလင်းဖို့ ထည့်သွင်းခဲ့တာလို့ ပြောသွားတာ တွေ့ရပါတယ်။ ကျော်ခ ဦးနှောက်ဆေးပြီး ဝါဒမှိုင်းတိုက်တာလို့ ပြောတာ တွေ့ရတယ်။ ဒီအပြောကို ကြည့်ရင် သာမန်အားဖြင့် ဟုတ်နေသယောင်ယောင် တွေ့ရမှာဖြစ် ပါတယ်။ သတင်းနားထောင်တဲ့သူက  စဉ်းစားသုံးသပ်ပြီး ထက်အောက်ခြေမှာ အဲ့ဒီလိုဖြစ်နေပြီလို့ မြင်သွားမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး အောက်ခြေမှာ ဖြစ်နေတာကြာပြီ ဆိုတဲ့သတင်းမျိုးကို ထုတ်လွှင့်နေကြတာ ကြာပါပြီ။ ဘာအကျိုးရမလဲဆိုရင် တပ်မတော်က စိတ်ဓာတ် ချောက်ချား ပြိုကွဲသွားပြီး တပ်မတော်ကို တိုက်နေတဲ့သူတွေအနေနဲ့ စိတ်ဓာတ် တက်ကြွစေမှာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်ဟာ တပ်မတော်က တရားသောစစ် ဆင်နွှဲနေတာကို ပြည်သူတွေ မြင်သွားမှာ စိုးရိမ်လို့ အတင်းအကျပ် အပုပ်ချ တိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။ 
            တရားသောစစ် ဖြစ်ခြင်းဟာ Legitimacy အပေါ်မှာ မူတည်ပြီး တပ်မတော်က အာဏာသိမ်း လိုက်တဲ့အတွက် Legitimacy မဖြစ်ဖူးလို့လည်း ဆိုပါတယ်။ Legitimacy ဖြစ်တယ်၊ မဖြစ်ဖူးဆိုတာ ကိုယ့်အထင်၊ ကိုယ့်အမြင်နဲ့ ယူလို့မရပါဘူး။ ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်အခြေအနေ ကြေညာပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံတော်တာဝန် ခေတ္တအပ်နှင်းထားတာ ဘာ ကြောင့် ဖြစ်တယ်ဆိုတဲ့ အကြောင်းတရားကို ချန်လှပ်ထားတာကလည်း မရိုးသားတာဘဲ ဖြစ်ပါတယ်။ မဲခိုးရုံ သက်သက်နဲ့ အရေးပေါ်အခြေအနေ ကြေညာလို့ မရပါဘူး။ ခိုးထားတဲ့ မဲကိစ္စကိုမရှင်းဘဲနဲ့ နိုင်ငံတော်အာဏာကို မတရားရယူဖို့ ကြိုးစားတဲ့ နောက်ဆုံး အခြေအနေရောက်မှ အရေးပေါ် အခြေ အနေ ကြေညာခဲ့ရတာပါ။ သတင်းပါး ဝနေတဲ့ သူတွေ ဘက်လိုက်တာ အလွန်အန္တရာယ်ကြီးပါတယ်။ ဒီအခြေအနေကနေ လက်နက်ကိုင်လမ်းစဉ်အထိ လိုက်သွားခဲ့ကြတာကိုလည်း တပ်မတော်က မတရား ဖိနှိပ်သတ်ဖြတ်လို့ဆိုတဲ့ အပြောကလည်း လက်တွေ့အဖြစ်အပျက်နဲ့များစွာ ကွာဟပါတယ်။
    လူသန်းပေါင်းများစွာ လမ်းမပေါ်တက်လာပြီး အေးချမ်းစွာ ဆန္ဒဖော်ထုတ်တာကို စစ်လက်နက်တွေနဲ့ ရက်ရက်စက်စက် ဖြိုခွဲလို့ ပြည်သူတွေက တော်လှန်ရေး လမ်းကို လိုက်ခဲ့ရတယ်ဆိုတာ ဟုတ် ရောဟုတ်ပါရဲ့လား။ တကယ့် အခြေအနေမှန်ကို လူတိုင်းသိပါတယ်။ အမုန်းတရားကို အခြေခံပြီး ဇွတ်အတင်း ပုံချနေတာက ဘယ်တော့မှ အခြေအနေမှန်ကို မရောက်နိုင်ပါဘူး။  အေးချမ်းစွာ ဆန္ဒ ဖော်ထုတ်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ လိုချင်တဲ့အခြေအနေက မတရားအာဏာရယူပြီး မတရား ဖိနှိပ်တယ်ဆိုတဲ့အသံကို ရယူချင်တာမဟုတ်လား။ လမ်းပေါ်ကို လူတွေထွက်ပြီး မလှုံ့ဆော်ခင်၊ အတင်းအကျပ် လူစုတာတွေ မလုပ်ခင်အထိ ဘာမှမလုပ်ဘဲ လွှတ်ပေးထားတာ အများအသိပါ။ ပထမဆုံး စçစဉ်း စားရမှာက လမ်းပေါ်မှာထွက်ပြီး လူစုလူဝေးနဲ့ ဆန္ဒပြကြတာ ဥပဒေနဲ့ ညီရဲ့လား။ ပြည်သူတွေ ဒုက္ခရောက်မှာစိုးလို့ အစိုးရက လွှတ်ပေးထားပေမယ့် အတိုင်းအတာ ကျော်လို့ မရပါဘူး။ မဟုတ်မမှန် ပုတ်ခတ် ဝေဖန်ပြီး ဆဲဆိုကြိမ်းမောင်းနေတာ ဖြစ်သင့်ရဲ့လား။ ရပ်ကွက်အတွင်းမှာ လမ်းပေါ်ထွက်ဖို့ လှုံ့ဆော်တာ၊ ညအချိန်မှာ သံပုံးတီးဖို့ နှိုးဆော်တာ၊ နိုင်ငံ့ဝန်ထမ်းတွေကို CDM လုပ်ဖို့ နှိုးဆော်တာ၊ မလုပ်တဲ့သူတွေကို CDM လုပ်ဖို့ အတင်းအကျပ် ဖိအားပေးတာ (ရုံးရှေ့မှာ ရုံးဆင်းလာ တဲ့ပုဂ္ဂိုလ်ကို ကားပိတ်ပြီး အစုလိုက် အပြုံလိုက် ဖိအားပေး ခြိမ်းခြောက်ထားတဲ့ ဗီဒီယိုရှိ)၊ ကလေးတွေကို ကျောင်း မတက်ဖို့ ဖိအားပေးတာ၊ ဘာမဆိုင် ညာမဆိုင် CDM မလုပ်တဲ့ ဝန်ထမ်းအကြီးအကဲတွေ၊ တပ်မတော် အရာရှိကြီးတွေရဲ့ သားသမီးတွေ၊ ကျောင်းဆက်တက်နေတဲ့ ကျောင်းသူကျောင်းသားတွေကို SP(Social Punishment) လုပ်တာတွေက အေးချမ်းစွာ ဆန္ဒဖော် ထုတ်တာ ဟုတ်ပါရဲ့လား။ ခင်ဗျားတို့ ဆိုရင်ရော ဘာ လုပ်မလဲ။ 
    ဥပဒေအရ မလုပ်သင့်တာမလုပ်ဖို့ တားမြစ်တာ လိုက်နာပါရဲ့လား။ အားလုံးသိအောင် ဥပဒေအရ ဆက်မလုပ်ကြဖို့  ထုတ်ပြန်တဲ့အပေါ်မှာ မလိုက်နာရင် ဘာလုပ်သင့်ပါသလဲ။ နေပြည်တော်မှာ ဝန်ထမ်းကြိုပို့ ကားကိုတောင် တားပြီး CDM လုပ်ဖို့ ခြိမ်းခြောက်တာ ဘယ်လိုလုပ်ပေးရမှာလဲ။ ခင်ဗျား တို့ပြောတဲ့ သဘောက 'အာဏာ သိမ်းထားတာရပ်၊ ချက်ချင်း ဆင်းပေးမှရမယ်'ဆိုတဲ့ သဘောဖြစ်နေတာ သဘာဝကျပါရဲ့လား။ အရေးအခင်းတစ်ခုဖြစ်ရင် အနာဖြစ်အောင်လုပ်ပြီး နောက်ဆုံးမှာ လက်နက်ကိုင်လမ်းစဉ်အထိ ရောက်သွားအောင် လုပ်တတ်တဲ့ ဗကပရဲ့ Method ကို အခု ၂၀၂၁ ခုနှစ် အရေးပေါ်ကာလ ကြေညာသတ်မှတ်တဲ့ ဖြစ်စဉ်မှာ အသုံးချသွားတာ မီဒီယာသမားတွေ နားလည်ကြပါ တယ်။ သိလည်းသိကြပါတယ်။ သိသိကြီးနဲ့ ငြိမ်တာကတော့ မရိုးသားတာပါ။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတော်တာဝန်ရယူပြီး တရားဝင်ကြေညာထားတာပဲ။ အာဏာရယူထားမှာ မဟုတ်ဘဲ မူလအခြေအနေ ပြန်ရောက်ရင် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေပြန်လုပ် ပေးမယ်ဆိုတာကို ဘာလို့ ကန့်လန့်တိုက်နေကြတာလဲ။ အဖြေက ရှင်းပါတယ်။ ရထားတဲ့ရလဒ်နဲ့ အာဏာကို မစွန့်ချင်လို့ဘဲ ဖြစ်ပါတယ်။ ဘာမှစစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ဖို့ မဟုတ်ဘူး။ သူတို့မှာ အဲ့ဒီသြဇာမရှိဘူး။ သူတို့မပြောနဲ့၊ ဒေါ်အောင် ဆန်းစုကြည် မှာလည်း မရှိဘူး။ အခု ဖွဲ့စည်းထားကြတဲ့ CRPH ,NUG, PDF အဖွဲ့တွေဟာ ဘယ်ဥပဒေအရ ဖွဲ့စည်းထားတာလဲ။ ဒီအချက်ကို ဖုံးကွယ်ထားဖို့ အခြေခံ ဥပဒေအရ အရေးပေါ်အခြေအနေ ကြေညာပြီး နိုင်ငံတော်အာဏာကို ခေတ္တရယူထားတဲ့ကိစ္စကို 'တရားမဝင်ဘူး၊ မတရားရယူထားတာ၊ ဒါကြောင့် အခြေခံဥပဒေပျက်ပြီ'လို့ ပြောတာပဲဖြစ်ပါတယ်။ ဒါမှသာ သူတို့ရဲ့ လုပ်ရပ်တွေက လက်ခံနိုင်စရာ ရှိမှာဖြစ်လို့ စွပ်စွဲပြောဆိုထားတာကို လိုက်ပြီး ဝါဒဖြန့်ပေးနေတာက အထောက်အပံ့ခံ မီဒီယာဖြစ်နေလို့လို့ ဆိုရပါလိမ့်မယ်။ 
    လက်ရှိ အစိုးရနဲ့ တပ်မတော်က ကိစ္စရပ်တိုင်းကို ဥပဒေနဲ့အညီ ကိုင်တွယ်ဖြေရှင်းနေတာကို တွေ့ရလိမ့်မယ်။ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အနေနဲ့ နိုင်ငံတော်အာဏာကို ရယူပြီး စစ်အာဏာ ရှင်စနစ် တည်ဆောက်ချင်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို လှည့်ကြည့် စရာကိုမလိုဘူး။ ခင်ဗျားတို့ပြောတဲ့ ပျက်သွားပြီဆိုတဲ့ နောက်လိုက်နင်းရုံနဲ့ လွယ်လွယ်လေးဖြစ်တယ်။ ခြောက်လ တစ်ခါသက်တမ်း တိုးနေတာကိုက အခြေခံဥပဒေကို လေးစားတာ ပေါ်လွင်တယ်။ ဒါဟာ Legitimacy ကို တန်ဖိုးထားတာ ဟုတ်မဟုတ် ထင်ရှားတယ်။ Legitimacy ဖြစ်တယ်ဆိုတာကို ပြသတာလည်း ဖြစ်တယ်။ 
    လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ သဘာဝနဲ့ ဆောင်ရွက်ချက်တွေကိုကြည့်ရင် တပ်မတော်က ပြန်လည်တိုက်ခိုက်နေရတဲ့ တိုက်ပွဲတွေဟာ တရားသောစစ်ကို ဆင်နွှဲနေရတယ်ဆိုတာ ပေါ်လွင်ထင်ရှားတယ်။ တပ်မတော်က ခုချိန်ထိ ဘယ်သူပုန်ကိုမှ စတိုက်ခဲ့တာ မရှိဘူး။ NCA နည်းလမ်း အတိုင်းလိုက်ဖို့ ဖျောင်းဖျပေးနေတာ၊ သည်းခံပြီးစောင့်နေ တာပဲရှိတာကို တွေ့ရလိမ့်မယ်။ တပ်မတော် အင်အားနည်းနေလို့၊ အောက်ခြေမှာ ပြဿနာရှိနေလို့ဆိုတာ မဟုတ်ဘူး။ KIA က ကချင်တိုင်းရင်းသားတွေကို ကိုယ်စားပြုရဲ့လား။ ကိုယ်စားပြုတယ် ဆိုရင်တောင် တပ်မ တော်ကို ပြန်တိုက်ပြီး နယ်မြေရယူဖို့ ဘယ်သူက ခွင့်ပြုထားပါသလဲ။ ကချင်ပြည်နယ်ထက် ကျော်လွန်ပြီး နယ် မြေသိမ်းပိုက်ဖို့ ကြိုးစားနေတာ၊ ပြည်သူလူထုကို အတင်းအကျပ်ဖိနှိပ်ပြီး လူသစ်စုဆောင်းနေတာတွေဟာ တရားသောစစ် ဖြစ်ပါရဲ့လား။ ကချင် ပြည်နယ်လို့ သတ်မှတ်ထားပေမယ့် အဲ့ဒီဒေသမှာ နေထိုင်သူတွေက ကချင်လူမျိုးတွေချည်းပဲ ဟုတ်ပါရဲ့လား။ အခုချိန်ထိ KIA ကို ထောက်ခံတာ၊ KIA ကလည်း မနှိပ်ကွပ်ဘဲအခွင့်အရေး ပေးထားတာ ဂျိမ်းဖောနဲ့ ခခူးပဲရှိတယ်။ လီဆူးတို့၊ ရဝမ်တို့၊ လချိတ်တို့၊ ရှမ်းနီတို့ကို ခေတ်အဆက်ဆက် နှိပ်ကွပ်ဒုက္ခပေးခဲ့သလို အခုချိန်မှာ လူမှုရေးကအစ နှိပ်ကွပ်နေတာတွေကို ဘယ်သူက အကာအကွယ်ပေးမှာလဲ။ အလားတူ MNDAA ၊ TNLA နဲ့  AA တို့ရဲ့ နယ်မြေကျော် သိမ်းပိုက်ဖို့ ကြိုးစားနေကြတာ၊ ရောက်ရာအရပ်မှာ မတရားလူသစ်စုပြီး အသေခံတိုက်ခိုင်းတာ၊ မထင်ရင် မထင်သလို နှိပ်ကွပ်နေတာ၊ နယ်မြေခံလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ထိပါးနေတာတွေကို မျှတတယ် ထင်နေလို့လား။ 
    ဒါတွေကို ခုခံကာကွယ်ပေးဖို့၊ ဆုံးရှုံးသွားတဲ့ ပြည်သူပိုင်နယ်မြေတွေ၊ သယံဇာတနယ်မြေတွေ၊ အချုပ်အခြာအာဏာတွေကို ပြန်လည်ရယူပေးနိုင်ဖို့၊ ပြည်သူတွေရဲ့ဘဝ၊ အသက်အိုးအိမ်စည်းစိမ်နဲ့ အချုပ်အခြာ အာဏာပိုင်နယ်မြေတွေ ထပ်မံ မဆုံးရှုံးစေဖို့ ဆောင်ရွက် ပေးနိုင်တဲ့ အဖွဲ့အစည်းဟာ တစ်ခုပဲရှိပါတယ်။ အဲ့ဒါဟာ တပ်မတော်ပဲဆိုတာ မှတ်ထားပါ။ ကျန်တာမရှိဘူး။ ဒါကို မြင်အောင်၊ နား လည်အောင် ကြည့်ကြဖို့လိုပါတယ်။ ဒါတွေကို ခုခံကာကွယ်ပေးနေရတာ ဖြစ်တဲ့အတွက်  တရားသော စစ်ကို ဆင်နွှဲနေရခြင်း မည်တယ်ဆိုတာ ဘယ်ပညာရှင်မေးမေး နား လည်တယ်။
(ဇော်နိုင်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 137

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42830

© 2022 - 2025 News. All Rights Reserved.