၂၀၂၂ ဇန်နဝါရီလ ၁၂
သာမန်အားဖြင့်ဆိုလျှင် ၂၀၂၃ ခုနှစ် ဇန်နဝါ ရီ
၃၁ ရက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ
နိုင်ငံတော်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကောင်စီ၏
သက်တမ်းပြည့်တော့မှာဖြစ်ပါတယ်။ သို့သော် လက်ရှိမြေပြင်အခြေအနေတွေအရ
သာမန်အားဖြင့်လို့ ဆိုလို့မရနိုင်တဲ့ အခြေ အနေမျိုးဆိုတာ အားလုံးအမြင်ပဲ
ဖြစ်ပါတယ်။
လက်ရှိအခြေအနေတွေအရ မြန်မာနိုင်ငံသူ
နိုင်ငံသားတွေအနေနဲ့ ဘာဖြစ်ချင်ကြတာလဲလို့မေးရမ လိုဖြစ်နေပြီ။ ဒီမိုကရေစီကို
တကယ်လိုချင်နေကြတာ လား။ စစ်အစိုးရ စစ်စစ်လိုချင်နေကြတာလားပေါ့။
၁၉၈၈ ခုနှစ် အရေးအခင်းအပြီး ဒေါ်အောင်
ဆန်းစုကြည် ပါ၀င် ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ NLD စတင် ဖြစ်တည်လာချိန်ကစပြီး ဒီမိုကရေစီ
ကြွေးကြော်အကြောင်းပြ တပ်မတော်မုန်းတီးရေး၊ ပြုတ်ကျရေး ဇာတ် လမ်းဟာ ခုချိန်ထိ မပြီးနိုင်၊
မစီးနိုင်၊ မရပ်နိုင်သေးဘူးလို့ ဆိုရမယ်။ ပထမစစချင်း ဦးနေဝင်း၊ နောက်တော့ ဗိုလ်
ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ အခုလက် ရှိ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စသဖြင့်သာ တပ်မ တော်က ခေါင်းပြောင်းသွားတယ်။
ဒေါ်အောင်ဆန်းစု ကြည်နဲ့ NLD ရဲ့ တပ်မတော် မုန်းတီးရေး ၀ါဒကတော့
အဓွန့်ရှည်နေတုန်းပဲ မဟုတ်လား။
ပါးစပ်က ဒီမိုကရေစီ၊ ဒီမိုကရေစီ ပြောနေပြီး
တကယ်လိုချင်တာက နိုင်ငံတော်အာဏာနဲ့
အရှိန်အဝါ။ ဘာလို့ ဒီလိုပြောရသလဲဆိုရင် လုပ်ရပ်တွေကို သေချာခွဲ ခြမ်းစိပ်ဖြာ
ကြည့်ရင် ရှင်းတယ်။
၁၉၈၈ ခုနှစ် ဆိုရှယ်လစ်အစိုးရပြုတ်ကျပြီး
နိုင်ငံတော်အာဏာရခါနီး တပ်မတော်လက်ထဲ အာဏာရောက်သွားတဲ့အချိန်က စရပါမယ်။ အမှန်တကယ်က ၈၈ အရေးအခင်းဟာ မဆလပြုတ်ကျရေးနဲ့
ဒီမိုကရေစီ အရေးဆိုရင် မဆလပြုတ်ကျသွားတဲ့အတွက်
ဆက် လက်တိုက်ပွဲဝင်စရာ လိုသေးလို့လား။ တပ်မတော်က အာဏာရယူထားတယ်ဆိုတာ
အချိန်အတိုင်းအတာ တစ်ခု အထိပဲ ရတာပါ။ ပူးပေါင်းပြီး စနစ်တစ်ခု ထူထောင်ဖို့
အခွင့်အရေးရခဲ့တဲ့အပေါ် ဘယ်သူက ပုတ်ချခဲ့ပါသလဲ။ ဘယ်သူက ရန်သူအဖြစ်
သတ်မှတ်ခဲ့ကြပါသလဲ။ ကိုယ်ရ မယ့်အာဏာကို တပ်က ဖြတ်ခုတ်သွားတယ်ဆိုတဲ့အမြင်နဲ့
ဘာလုပ်လုပ် ကန့်လန့်တိုက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလုပ် ရပ်၊ ဒီခံစားချက်နဲ့ ပတ်မကြီး
ထိုးဖောက်နေတာကို အ နောက်အုပ်စုက သွေးထိုးမြှောက်ပင့်ပေးခဲ့တာ ထိုစဉ်က တည်းကပါ။
တပ်မတော်အပိုင်းကတော့ ရှင်းတယ်။ ပါတီစုံ
ဒီမိုကရေစီစနစ်ကို ပြည်သူလူထုက သွားမယ်လို့ဆုံးဖြတ် ပြီးကတည်းက ယခုချိန်ထိ
ပါတီတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စည်းကမ်းပြည့်ဝတဲ့ စနစ်တစ်ခုကို ဖန်တီးပေးနေ
ခဲ့တာတွေ့ရမှာပါ။ ဒီအမြင်၊ ဒီဆုံးဖြတ်ချက်နဲ့ ဒီအခြေခံဥပဒေကို ရေးဆွဲပေးခဲ့တာပဲ
ဖြစ်ပါတယ်။ ဒါတောင် သူ့ အမြင်၊ သူ့ရပ်တည်ချက် တစ်ခုတည်းနဲ့ ရေးဆွဲခဲ့တာ မဟုတ်ဘဲ
ပြည်ထောင်စုစိတ်ဓာတ် အပြည့်အဝရှိပြီး အမျိုးသားရေး အမြင်ကြီးမားကြတဲ့
တိုင်းရင်းသား ပြည်သူလူထုတွေ ပါ၀င်တဲ့ အမျိုးသားညီလာခံက
ဆွေးနွေးဆုံးဖြတ်ချက်တွေကို အခြေခံပြီး ရေးဆွဲခဲ့တာပဲ ဖြစ်ပါတယ်။
အမျိုးသားညီလာခံမှာ အင်အားကြီးတဲ့ NLD ပါတီကိုလည်း ပါ၀င်ဖို့ တပ်မတော်က ဖိတ်ခေါ်ခဲ့ပါတယ်။ အမျိုးသားညီလာခံ အစုအဖွဲ့နှစ်ခုမှာ NLD ကို ကျန်ပါ တီတွေထက် ကိုယ်စားလှယ်နေရာ
ပိုပေးခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်ကနေ အမျိုးသားညီလာခံတက်လာတဲ့ NLD ပါတီဟာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့ အချိန်မှာ
အမျိုးသားညီလာခံက ထွက်သွားခဲ့တာ ဘာကြောင့်လဲ။ အကြောင်းအမျိုးမျိုးပြလို့ ရပေမယ့်
အခြေခံ ဥပဒေရေးဆွဲရာမှာ ဒေါ်အောင်ဆန်းစုကြည် မပါတာက အဓိကဖြစ်နေခဲ့တာ၊ ထိုအချိန်က NLD ခေါင်းဆောင်တွေ အသိဆုံးဖြစ်မှာပါ။ အခြေခံဥပဒေမှာပါတဲ့ ၅၉(စ) ဟာ
သူ့ကို သက်သက်ရေးဆွဲထားတယ်ဆိုတဲ့အမြင်လည်း ထို အချိန်ကတည်းကရှိခဲ့တာ ကိုယ်တိုင်
အနိုင်ရပါတီဖြစ် လာချိန်မှာ ဖျက်ဖို့ ကြိုးစားခဲ့တာက သက်သေလို့ ဆိုရ မှာပါ။
ထိုအချိန်ကတည်းက ဖျက်ချင်ခဲ့တဲ့ အခြေခံ ဥပဒေဟာ NLD အာဏာရချိန်မှာ အတော်လေး လှုပ် ခတ်ခဲ့တာတွေ့ရမှာပါ။ တပ်မတော်က
မာမာချာချာနဲ့ကာ ကွယ်ထားလို့သာ ယခုချိန်ထိ ကျန်နေသေးတာပါ။ ဒီအခြေခံဥပဒေဟာ
ပြီးပြည့်စုံတဲ့ အခြေခံဥပဒေတစ်ခု မဟုတ်တာကို လက်ခံပါတယ်။ သို့သော်
တိုင်းပြည်မပြိုကွဲရေးနဲ့ ထိုက်သင့်တဲ့ နိုင်ငံရေးအာဏာ၊ တိုင်းရင်းသား
အခွင့်အရေးတွေပေးထားပြီး ဖြစ်ပါတယ်။ တိုင်းပြည်ကြီး ပွားတိုးတက်ရေးအတွက် စီးပွားရေးမူဝါဒတွေ
ကြိုက် သလိုချပြီး ကြိုက်သလို စီမံနိုင်ပါတယ်။ ပါတီကြီးတစ်ခုက ဒီမိုကရေစီ
လက်ဝါးကြီးအုပ်မသွားနိုင်အောင်သာ တပ်မတော်ကို ထိုက်သင့်တဲ့ အခွင့်အာဏာ
ပေးထားတာကိုတော့ နားလည်ဖို့ လိုပါလိမ့်မယ်။
ဒါ့အပြင် ပြည်တွင်းလက်နက်ကိုင်လမ်းစဉ်နဲ့
ပြည်နယ်ခွဲထွက်ရေးကိစ္စတွေကို ဟန့်တားနိုင်ဖို့အတွက် ဥပဒေပြုရေးနဲ့
အုပ်ချုပ်ရေးကိစ္စရပ်တွေမှာ တပ်မတော် ကို ထည့်သွင်းထားတဲ့အတွက် ယခုချိန်ထိ
ထိန်းသိမ်းထား နိုင်တာ သတိချပ်ဖို့လိုပါတယ်။ NLD အစိုးရလက်ထက် မှာ အစိုးရကို
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမစော်ကားရဲတာ၊ ရခိုင်မြောက်ပိုင်းဘင်္ဂါလီအရေးမှာ
NLD အစိုးရ
လိုသလို စီမံနိုင်တာတွေဟာ တပ်မတော် အင်အား တောင့်တင်းနေလို့ မဟုတ်ပါလား။
ဆိုလိုချင်တာက တပ်မတော်ကို နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ ထည့်ထားတာက
ခိုင်မာပြီး အေးချမ်းတဲ့ စနစ်တစ်ခု မရောက်မီ မဲအရတက်လာတဲ့ အရပ်သားအစိုးရကို ၀ိုင်း
၀န်းကူညီနိုင်စေဖို့ပဲ ဖြစ်ပါတယ်။ ဒါကို ညီညွတ်စွာပေါင်းစည်းပြီး တန်ဖိုးကို
ကောင်းစွာ အသုံးမချဘဲ ပုတ် ထုတ်ခဲ့တာ ဘယ်သူလဲ။
တိုင်းပြည်အတွက် ဒီမိုကရေစီစနစ်လည်း
တဖြည်းဖြည်းချင်း ခိုင်မာဖို့လိုသလို တိုင်းရင်းသားအခွင့် အရေးတွေ ပိုမို
ရရှိဖို့နဲ့ ပြည်ထောင်စု မပြိုကွဲဖို့ကလည်း အရေးကြီးပါတယ်။ သူတလူ ငါတမင်းမဖြစ်ဖို့ မဏ္ဍိုင်
ဆိုတာ လိုကို လိုပါတယ်။ အဲ့ဒီအတွက် ဘယ်သူဖြစ်ဖြစ် တပ်မတော်ကတော့
လုပ်သင့်တာလုပ်မှာပဲဖြစ်ပါတယ်။ ၂၀၂၁
ခုနှစ်က ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကိုကြည့်ရင် တပ်မတော် က လုပ်သင့်တာ လုပ်ခဲ့တာပဲ
ဖြစ်ပါတယ်။ အဲ့ဒီအချိန်မ တိုင်မီ ၂၀၁၆ လွှတ်တော်ကစပြီး တပ်မတော်က အမျိုး
သားလုံခြုံရေးနဲ့ အခြေခံဥပဒေရဲ့ အနှစ်သာရ မပျက်စီးရအောင်
ကာကွယ်စောင့်ရှောက်ခဲ့တာကို ရန်သူအဖြစ် မြင်နေကြတာကတော့ စိတ်မကောင်းစရာပါ။
ဒီဖြစ်စဉ် ဖြစ်ရပ်တွေဟာ အပေါ်ယံလောက် သာ
ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအခြေခံဥပဒေကို
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က မလိုလားခဲ့တာသေချာပါတယ်။ ၂၀၁၅
ရွေးကောက်ပွဲမှာ ဒီအခြေခံဥပဒေအရ တက်လာခဲ့ပေမယ့် အခြေခံဥပဒေရဲ့
အကျိုးကျေးဇူးကိုတန်ဖိုးမထားဘဲ ငါ့အာဏာ ငါပြန်ရတယ်ဆို တဲ့အမြင်သာ NLD ခေါင်းဆောင်ပိုင်းမှာ ရှိခဲ့ကြတာပါ။ ၂၀၂၀ ရွေးကောက်ပွဲမှာ အရှိန်အဝါ
ကျလာခဲ့တဲ့အတွက် အာဏာ လုံးလုံးလျားလျား ပြန်လည်ရရှိဖို့အတွက် မဖြစ် သင့်၊
မလုပ်သင့်တာ လုပ်ခဲ့တာ တပ်မတော်က ဘာပြော ပါသလဲ။ တည့်မတ်ပေးဖို့သာ
အရင်ဆုံးပြောခဲ့တာပါ။ မလုပ်တဲ့ အရိပ်အယောင်မြင်တဲ့အခါမှာ သတိပေးခဲ့ပါသေးတယ်။
ဂရုစိုက်စရာမလိုဘူး၊ လုပ်ချင်တာလုပ်မယ် ဆိုတဲ့အခြေအနေထိ ဖြစ်လာလို့သာ ယခုလို
နစကပေါ် လာတာမဟုတ်ပါလား။ ဒီအပေါ်မှာ တိုင်းပြည်အတွက် ဒီမိုကရေစီ စံတစ်ခုဖြစ်တဲ့
လွတ်လပ်မျှတမှုကို တန်ဖိုး မထားဘဲလုပ်ခဲ့တာ ဒီမိုကရေစီကို ချစ်တာလား၊ အာ ဏာကို
ချစ်တာလားဆိုတာ ရှင်းပါတယ်။
အခုဖြစ်နေတဲ့ ဇာတ်လမ်းတွေဟာ ၁၉၈၈ တုန်းကလို
ငါ့အာဏာကို သူတို့ပုတ်ချတယ်ဆိုတဲ့အမြင်နဲ့ အာဏာပြန်လည် ရရှိရေးအတွက်
လုပ်နေတာလို့မြင်ပါ တယ်။ ဒီအမြင်က ကျွန်တော့်မှာတင် ရှိတာမဟုတ်ဘူး။ မကြာသေးမီက
ထိုင်းနိုင်ငံ နိုင်ငံခြားသတင်းထောက် များအသင်းမှာ ISP မင်းဇင်နဲ့ မီမီဝင်းဘတ် တို့က လက် ရှိ NUG ရဲ့ လုပ်ဆောင်ချက်တွေဟာ နန်းကျဘုရင်ရဲ့ အာဏာပြန်လည်ရရှိရေးလုပ်ရပ်
သက်သက်သာဖြစ် တယ်လို့ ဆိုခဲ့တာ တွေ့ရတဲ့အတွက် ဒီလိုအမြင်တွေအတော်များလာတာ
သတိထားမိပါတယ်။
တပ်မတော်အနေနဲ့ လက်ရှိအချိန်မှာ အခြေခံ
ဥပဒေအရသာဆောင်ရွက်နေပြီး အခြေခံဥပဒေအရရွေးကောက်ပွဲကျင်းပပေးဖို့ ပြင်ဆင်ပေးနေတာ
တွေ့လာရပြီ ဖြစ်ပါတယ်။ မဲစာရင်းတွေ မှန်ကန်ဖို့ပင် လိုအပ်ရင် အိမ်ထောင်စု
စာရင်းပြုစုဖို့ ပြင်ဆင်နေတာ တွေ့ရမှာပါ။ တကယ်တမ်း တပ်မတော် အစိုးရကို မလိုချင်ရင်
အခြေခံဥပဒေ မပျက်စီးဖို့နဲ့ ရွေးကောက်ပွဲ အောင်မြင်ဖို့သာ အရေးအကြီးဆုံးပါ။ ၂၀၂၃
ရွေးကောက်ပွဲဟာ နစက ဥက္ကဋ္ဌရဲ့
နိုင်ငံရေးကစားကွက်ဆိုတဲ့ NUG လရှီးလရဲ့ ပြောဆိုချက်ဟာ ယုတ္တိမရှိပါဘူး။
အမှန်လုပ်သင့်တာက လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် တွန်းရမှာ၊
စောင့်ကြည့်ရမှာ မဟုတ်ဘူးလား။ ဒါမှသာ စစ်အုပ်ချုပ် ရေးချုပ်ငြိမ်းပြီး ဒီမိုကရေစီ
အကျိုးပြန်ခံစားရမှာ မဟုတ် ဘူးလား။၊
လက်ရှိ NUG ရဲ့ လုပ်ရပ်တွေဟာ ဒေါ်အောင်
ဆန်းစုကြည်ရဲ့ စိတ်ခံစားချက်ကိုကျက်မိနေတဲ့ အတွက် အာဏာရရှိရေးနဲ့ အာဏာမရရင်
အခြေခံဥပဒေပျက်စီးရေးကိုရှေးရှုနေတယ်လို့မြင်ပါတယ်။ ဒီမိုကရေစီကိုမြတ် နိုးရင်၊
တကယ်လိုလားရင် အငြင်းအခုံမရှိဘဲ ပွင့်လင်း မြင်သာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ
စနစ်ကို လက် ခံရမှာပါ။ ဖြစ်အောင်လည်း ပံ့ပိုးပေးကြရမှာပါ။ NUG နဲ့ PDF တို့ရဲ့ လက်ရှိ လုပ်ရပ်တွေဟာ နိုင်ငံတော် အာ ဏာကို အခြေခံဥပဒေအရ
ခေတ္တ ရယူထားတဲ့ တပ်မတော်ကို ]မင်းသာ အာဏာ ဆက်ယူထားလိုက်ကွာ} လို့ ပြောနေသလိုပဲ။