၂၀၂၃ ဒီဇင်ဘာ ၈
မစ္စတာဂျော့ဝေဆိုစ်းဆိုသည့် ပုဂ္ဂိုလ်ကြီးက နှယ်နှယ်ရရ မဟုတ်ချေ။ အမေရိကားလို နိုင်ငံကြီးမှာ နေထိုင်ပြီး တစ်ကမ္ဘာလုံးရှိ သူခိုးဂိုဏ်း၊ ဓားပြဂိုဏ်းများကို စီမံအုပ်ချုပ်နေသူ ဖြစ်သည်။ မစ္စတာဂျော့ဝေဆိုစ်းက အမေရိကန်နိုင်ငံသားတော့ မဟုတ်ချေ။ မိခင်နိုင်ငံက ခိုးမှုတွေနဲ့ ဖမ်းဝရမ်းထုတ်ထားတာကြောင့် သူ့နောက်ပါ သူခိုးဓားပြတစ်သိုက်ဖြင့် သူခိုးလက်ခံ အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်နေတာ ဖြစ်သည်။ ဂိုဏ်းခေါင်း ဆောင်ကြီး မစ္စတာဂျော့ဝေဆိုစ်း လက်အောက်တွင် ဒုဂိုဏ်းခေါင်းဆောင်များဖြစ်သည့် သူခိုးပညာရပ်ဖြင့် ဒေါက်တာဘွဲ့ရသူ မစ္စတာဒူးချောင်၊ မစ္စစ်ဂျင်မာချောင်၊ မစ္စစ်ပန်ဆယ်လိုစ့်၊ ဒေါက်တာချာချာ၊ မစ္စတာရီမူး၊ လဒူ ရှီးလ အစရှိသည့် တပည့်တပန်းများဖြင့် ဘာအလုပ်အကိုင် မယ်မယ်ရရမရှိ ဓားပြတိုက်လိုက်၊ ခိုးလိုက်၊ လိမ်လိုက်ဖြင့် ထိုင်စားနေကြတာဖြစ်သည်။ အမေရိကား ဆိုတာကလည်း ကမ္ဘာအနှံ့က သူခိုးကြမ်းပိုးတွေ လက်ခံပြီး နိုင်ငံသားတစ်ပိုင်းပေးထားပြီး သူခိုးဓားပြလုပ်ငန်း အောင်မြင်ရေး ပရောဂျက်တွေပေးကာ သူခိုးလက်ခံ နိုင်ငံကြီး အဖြစ် ကမ္ဘာသိဆောင်ရွက်နေတာ ဖြစ်သည်။
မစ္စတာဂျော့ဝေဆိုစ်း ဦးဆောင်သည့် ဂိုဏ်းနာမည်က နိုင်ငံခြားနာမည်ကြီး လူဆိုးဂိုဏ်းများဖြစ်သည့် ယာကူဆာတို့၊ မာဖီးယားတို့လို နာမည်ကြားယုံဖြင့် လူတွေကြောက်နေအောင် "နီပိန်းယား"လို့ နာမည်ပေးထားပြီး ဂိုဏ်း၏ အမှတ်သင်္ကေတအဖြစ် အနီရောင် နီကြောင်တွေကို မွေးမြူထားလေ့ရှိသည်။ အနီကြောင် တွေရှိသည့် နေရာကို ပစ်မှတ်ထားလှုပ်ရှားလေ့ရှိပြီး အနီကြောင်တွေ အားပေးထောက်ခံသည့် ဂိုဏ်းကြီး ဖြစ်လေ သည်။ ဂိုဏ်းကမွေးထားသည့် အနီကြောင်တွေကို လျှို့ဝှက်အချက်ပြနည်းများဖြင့် ငါတို့နိုင်တော့မှာ၊ လမ်းအား လုံး ဘဏ်တွေဆီသို့ဆိုပြီး အချက်ပြကာ ဓားပြ တိုက်လုယက်မှုများကို အနီကြောင်တွေကို ခိုင်းစေကြသည်။
မစ္စတာဂျော့ဝေဆိုစ်းတို့တစ်သိုက်က ဂျပန်က ယာကူဆာဂိုဏ်းတို့လို၊ အမေရိကားက မာဖီးယားဂိုဏ်းတို့လို လူဆိုးလူမိုက်တွေစုပြီး လမ်းပေါ်က ရန်ပွဲတွေ၊ မူးယစ်ဆေးဝါးတွေ ဖြန့်ဖြူးသည့် ဂိုဏ်မျိုးမဟုတ်ဘဲ လေလှိုင်းပေါ်ကနေ ရန်ပွဲတွေဖြစ်အောင် မြှောက်ပင့်ပေးပြီး လေလှိုင်းပေါ်က ခေတ်မီ ဓားပြတိုက်နည်းများဖြင့် အောင်မြင်နေသော ဂိုဏ်းဖြစ်သည်။ အရင်ခေတ်ကလို မျက်နှာကို ပဝါတွေ စည်းပြီး တုတ်တွေ၊ ဓားတွေနဲ့ဓားပြတိုက်တာ မဟုတ်ဘဲ ခေတ်မီနည်းပညာအကူအညီဖြင့် ဓားပြတိုက်သည့်နည်းကို ပထမဆုံး တီထွင်ခဲ့သော ဂိုဏ်းအဖြစ် နာမည်ကျော်ကြားလှသည်။ မစ္စတာဂျော့ဝေဆိုစ်းတို့ဂိုဏ်းက ဓားပြတိုက်သည့် လုပ်ငန်းစဉ်ကို ခေတ်နှင့်လျော်ညီအောင် ပရောဂျက်ဟုခေါင်း စဉ်ပြောင်းကာ ကမ္ဘာအနှံ့၊ နိုင်ငံအသီးသီးက အင်တာနေရှင်နယ် လစာထုတ်ရက်တွေကိုစောင့်ကာ ဓားပြတိုက်ကြတာဖြစ်ပြီး အာရှတိုက်မှာဆိုရင် စင်ကာပူနိုင်ငံကို ပစ်မှတ်ထားကာ ဒုဂိုဏ်းခေါင်းဆောင် မစ္စစ်ပန်ဆယ်လိုစ့်က လကုန်ရင် "စင်ကာပူကချစ်တို့ရေ"ဆိုပြီး ဓားပြတိုက်လေတော့သည်။ ဒါတင်မ ကသေးဘဲ အမေရိကားက အနီကြောင်တွေကိုလည်း "US က အမျိုးတို့ရေ"ဟုဆိုကာ လေလှိုင်းပေါ်က ခေတ်မီဓားပြတိုက်နည်းဖြင့် ဓားပြတိုက်ကာ အမေရိကားမှာ ဘာမှမလုပ်ဘဲ ထိုင်စားနေကြသည်က ဂိုဏ်းကြီး၏ အဓိကအလုပ်ပင် ဖြစ်သည်။
မစ္စတာဂျော့ဝေဆိုစ်းတို့ ဂိုဏ်းက ပေါ့သေးသေးတော့ မဟုတ်ချေ။ အမေရိကား၊ သြဇီ၊ ဘန်ကောက်၊ မဲဆောက်တွင် ဂိုဏ်းခွဲများ ခွဲထားပြီး "နီပိန်းယား" ဂိုဏ်းကြီး ရေရှည်တည်တံ့ရေး ကမ္ဘာ့နိုင်ငံအသီးသီးကို ဖြန့် ကြက် ဓားပြတိုက်နေကြခြင်းဖြစ်သည်။ ဂိုဏ်း၏ထူးခြားချက်မှာ ဖေ့စ်ဘုတ်ဘလူးမတ်ရ အကောင့်များစွာရှိထား ပြီး ခပ်တည်တည်ဖြင့် လိမ်စားကြတာဖြစ်သည်။ ဂိုဏ်းက မွေးမြူထားသော အနီကြောင်များရှိနေသ၍ လိမ်လို့ ရနေသ၍ လိမ်ညာလှည့်ပတ်စားလို့ရသည့် မူဝါဒကို လက်ကိုင်ထားကာ ဂိုဏ်းကြီး စတင်တည်ထောင်စဉ်က တည်းက ပရောဂျက်မျိုးစုံဖြင့် လိမ်စားနေကြတာဖြစ်သည်။ ဂိုဏ်းခေါင်းဆောင်တွေကတော့ အမေရိကားမှာ အခြေချပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော စတိုးဆိုင်ကြီးများ ပေါ်ထွန်းလာရေး၊ အရက်အကောင်းစားကြီးများ နေ့စဉ်သောက်နိုင်ရေး၊ သားစဉ်မြေးဆက် အမေရိကားမှာ ပညာသင်ယူနိုင်ရေး အစရှိသည့် ရည်မှန်းချက်ကြီးများ ချမှတ်လုပ်ဆောင်နေကြတာ ဖြစ်သည်။
အွန်လိုင်းဓားပြဂိုဏ်းဆိုပြီး မစ္စတာဂျော့ဝေဆိုစ်းတို့ ဂိုဏ်းကို အထင်သေးလို့တော့ မရချေ။ ဒုဂိုဏ်း ခေါင်းဆောင် ပန်ဆယ်လိုစ့်ကိုယ်တိုင်က တိုက်ရာပါ ငွေကြေးပစ္စည်းတွေကို စနစ်တကျစီမံခန့်ခွဲကာ နီပိန်းယား ဂိုဏ်း၏ ဘဏ္ဍာရေးလည်ပတ်မှုကို ကွပ်ကဲတာဖြစ်ပြီး ဓားပြတိုက်သည့် ပရောဂျက်မျိုးစုံကို ရေးဆွဲဆောင်ရွက် တာဖြစ်သည်။ ခုနောက်ဆုံး လတ်တလော ဆွဲထားသည့် ပရောဂျက်မှာ နီပိန်းယားဂိုဏ်းသားတွေအတွက် ကျည် ကာဝတ်စုံများ ပံ့ပိုးကြရန်ဆိုသည့် ပရောဂျက်ဖြစ်သည်။ ဂိုဏ်းသားဂိုဏ်းဝင်တွေ ဓားပြတိုက်ရာတွင် စနစ်တကျ ဝတ်စုံပြည့် အဆင့်အတန်းတစ်ခုဖြင့် ဓားပြတိုက်တော့ ဂိုဏ်းဂုဏ်သိက္ခာ တက်စေတာကြောင့် ခုလို ပရောဂျက်ဖြင့် အနီကြောင်များထံမှ ဓားပြတိုက်တာဖြစ်သည်။ ဓားပြတိုက်လို့ရသည့် တိုက်ရာပါငွေများကို စနစ်တကျ စာရင်းပြကာ ငွေတွေကိုတော့ ထုတ်မပြဘဲ "နီပိန်းအားမာန် သူခိုးဘဏ်"တွင် အပ်နှံထားသည်ဟုသာ ထုတ်ပြန်ထား သည်။ နီပိန်းအားမာန် သူခိုးဘဏ်ဆိုတာကလည်း အမေရိကားမှာ အခြေစိုက်တာဖြစ်ပြီး မစ္စတာဂျောဝေဆိုစ်း တို့၊ မစ္စစ်ပန်ဆယ်လိုစ့်တို့ ဦးဆောင်တည်ထောင်တာ ဖြစ်လို့ နီကြောင်တို့ အားထားရာ ဘဏ်ကြီးဖြစ်သည်။
နီပိန်းအားမာန် သူခိုးဘဏ်ဆိုတာကလည်း ကမ္ဘာပေါ်တွင် ယုံကြည်စိတ်အချရဆုံး ဖြစ်သည်ဟူသော ဆွစ်စလန်ဘဏ်များထက်ပင် လုံခြုံရေးစနစ်က ကောင်းမွန်လှသည်။ ဆွစ်စလန်ဘဏ်တောင်မှပင် တစ်ခါတ လေ ဃှုဗ တို့လို အဖွဲ့အစည်းတွေဆီ အချက်အလက် ပေါက်ကြားတတ်သေးသည်။ နီပိန်းယားဂိုဏ်းက ဦးဆောင်ဖွင့်လှစ်ထားသည့် နီပိန်းအားမာန် သူခိုးဘဏ်၏ အချက်အလက်တွေက ထွက်ပေါ်ခဲလှသည်။ ဒါကြောင့် လည်း အနီကြောင်တွေ ငွေတိုက်စာချုပ် ဝယ်ထားတဲ့ ဒေါ်လာသန်းရာချီ ဘယ်မှာ သိမ်းဆည်းထားသည်လည်း မသိရသလို ဘဏ်တည်နေရာ၊ အချက်အလက်၊ ဘဏ်တာဝန်ရှိသူတွေရဲ့ အချက်အလက်ကိုပင် ဂူဂဲလ်မှာ ရှာမတွေ့နိုင်သည်အထိ ကမ္ဘာ့အလုံခြုံဆုံးဘဏ်ကြီးပင်ဖြစ် သည်။ ဒါကြောင့်လည်း အနီကြောင်တွေက သူခိုးဘဏ် ငွေတိုက်စာချုပ်တွေ ဝယ်ကြ၊ စုကြ၊ ဆောင်းကြဖြင့် အလုပ်ရှုပ်နေကြပြီး "ဘဏ်ကုန်ရင် ပြန်ဆုံမယ်"ဆိုသည့် လှုံ့ဆော်မှုကြီးကို ပြုလုပ်နေတာဖြစ်သည်။
နီပိန်းယားဂိုဏ်းကြီးက ခုဆိုရင် ဘဏ်တွေကို စနစ်တကျ ဓားပြတိုက်နေပုံကို တွေ့မြင်ရသည်။ ဘယ် လောက်ထိ စနစ်ကျသလဲဆိုရင် အတိုက်ခံရသည့် ဘဏ်က ဘဏ်ထဲက ငွေမည်၍မည်မျှကို ဓားပြတိုက်သွားသည်ဟု ထုတ်ပြန်စရာမလိုဘဲ နီပိန်းယားဂိုဏ်းက စနစ်တကျ ငွေစက္ကူတစ်သောင်းတန်က ဘယ်နှရွက်၊ ငါးထောင် တန်က ဘယ်နှရွက်၊ ထောင်တန်က ဘယ်လောက်စဖြင့် စာရင်းနဲ့တကွ တိုက်ရာပါငွေစက္ကူတွေကို ထုတ်ပြန် ပေးနေသည့် အံ့သြဖွယ်ရာ ဓားပြဦးဆောင်ဂိုဏ်းကြီးဖြစ် နေလေသည်။ အရင်က ဘဏ်တစ်ခုဓားပြ တိုက်ခံရပြီဆိုလျှင် နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့တွေက စစ်ဆေးပြီး ငွေစက္ကူ ဘယ်လောက်တော့ ဓားပြတိုက်ခံရ တယ်ဆိုတာ သတင်းထုတ်ပြန်ပေးတတ်ပြီး ယခုအခါမှာတော့ နီပိန်းယားဂိုဏ်းကြီးက ဓားပြသမားစဉ်ကို ရိုက်ချိုး ကာတိုက် ရာပါငွေကို စာရင်းဇယားနဲ့ ထုတ်ပြန်ပေးသည်အထိ စနစ်ကျလေတော့သည်။ ဒါတင်မကသေး ဓားပြတိုက်ရာမှ ရလာသည့်ငွေများက ကျပ်ငွေများဖြစ်တာကြောင့် အမေရိကားက နီပိန်းအားမာန် သူခိုး ဘဏ်ကြီးထံ မရောက်မီကြားကာလ ထိန်းသိမ်းထားသူများကိုပင် ထုတ်ပြန်ပြော ဆိုထားသည်။ စနစ်အင်မ တန်ကျသော ဂိုဏ်းကြီးက ဓားပြတိုက်ခဲ့သည့် ဘဏ်အရေအတွက်နှင့် တိုက်ရာပါငွေကြေး အရေအတွက်ကို ဖေ့စ်ဘုတ်ပေါ်တွင် စာရင်းထုတ်ပြန်ကာ အောက်ခြေတွင် "ကြားကာလ သူခိုးရ"ဆိုပြီး တံဆိပ်ခပ်နှိပ်ကာ ထုတ်ပြန်သည်အထိ စနစ်ကျနေသော ကမ္ဘာ့အဆင့်မီ သူခိုးဓားပြဂိုဏ်းကြီးအဖြစ် အောင်မြင်လျက်ရှိသည်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၂)၊ အမှတ် (၄၆)တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။)