ပြည်သူများကိုတော်လှန်သူများကဲ့သို့ဒုက္ခရောက်စေချင်သူများ

၂၀၂၄ ဇူလိုင် ၂၁

ပြည်ပရောက်များသို့ မေတ္တာစာ
    သူငယ်ချင်းတစ်ယောက်၏ ပြောစကားနှင့်ပြောရလျှင် "နိုင်ငံခြားလောက် ရောက်သွားရင်ကို ကိုယ့်ပြည်တွင်းမှာ ရှိတဲ့သူအချင်းချင်းကို လူမထင်တော့ဘူး၊ မြောက်ကားကြီးဖြစ်သွားတာ"ဟု မှတ်ချက်ချဖူးသည်။ အခြေအနေ အကြောင်းကြောင်းကြောင့် ပြည်ပနိုင်ငံများသို့ သွားရောက်ကြသူများထဲတွင် ပြည်ပသို့ရောက်သွားလျှင်ပင် ပြည်တွင်းတွင်ရှိသည့် သူများကို လူရာမသွင်းချင်တော့သော စိတ်၊ သူတို့ပဲ တစ်ဆင့်မြင့်သွားသည့်ပုံစံ ဖြစ်နေခြင်းကို သူငယ်ချင်းဖြစ်သူက စိတ်မကောင်းသည့် သဘောဖြင့် မှတ်ချက်ချခြင်းဖြစ်သည်။ ထိုပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်ခဲ့သူအများစုက အကြောင်းတစ်ခုခု တိုက်ဆိုင်လာလျှင် ဟိုဆီမှာဆို ဘယ်လိုဟုဆိုကာ ကိုယ့်ပြည်တွင်းကို တစ်ဆင့် နှိမ့်ချ ပြောဆိုဆက်ဆံနေခြင်းကိုက ကိုယ့်နိုင်ငံကို မည်ကဲ့သို့ ကောင်းအောင် စုပေါင်းဆောင်ရွက်မည်ဆိုသည့် အကြံမျိုး မပေးတတ် သည်ကို တွေ့မြင်နေရသည်။ လက်ရှိအခြေအနေနှင့် ပြောရလျှင် ပြည်ပကိုရောက်ပြီး ပြည်တွင်းကို ဒုက္ခမျိုးစုံပေးနေသည့်သူများမှာ တော်လှန် ရေးအမည်ခံပြီး ပြည်ပထွက်ပြေးသူများက အဆိုးရွားဆုံးဟု ဆိုရမည်ဖြစ်သည်။
    ဥပမာ နိုင်ငံရေးသမား အချင်းချင်းဆိုလျှင်ပင် ပြည်တွင်းတွင် နေခဲ့သူများကို အစိုးရနှင့်ပေး စားကြပြီး ဒလန်ခေါင်းစဉ်ပင်တပ်ချင်ကြသည်။ သူတို့ကတော့ ပြည်ပကိုထွက်ပြေးပြီး တော်လှန်ရေး ခေါင်းစဉ်အောက်မှာနေကာ ပြည်တွင်းရှိနေသူများကို နည်းမျိုးစုံ ဒုက္ခပေးရန် ကြံဆောင်နေကြသူများ ဖြစ်သည်။ နိုင်ငံရေးသမားအချင်းချင်းပင် ထိုကဲ့သို့ ရှိသည်မဟုတ်၊ သတင်း မီဒီယာသမား အချင်းချင်းကိုပင် ပြည်တွင်းတွင် နေထိုင်သူများကို နည်းမျိုးစုံ တံဆိပ်ကပ်ပြီး သူတို့သည်သာလျှင် သူတော်ကောင်းဖြစ်ရန် ဝါဒဖြန့်နေကြလေသည်။ အကြောင်းသိသူ အချင်း ချင်းက မည်သူမျှ အထင်မကြီးသော်လည်း အကြောင်းမသိသူများက မင်းသားခေါင်းကိုသာမြင်ပြီး အတွင်းအဇ္ဈတ္တက ဘီလူးရုပ်ကို မမြင်နိုင်ကြပေ။ သူတို့ ခလောက်ဆန် တိုင်းပြည်တွင်းတွင် ပြည်သူနှင့် ဆိုးတူကောင်းဘက် နေထိုင်သူများ လူးလှိမ့်ခံနေရသည်များကိုမူ စာနာနိုင်စွမ်းလည်းမရှိကြပေ။
    လတ်တလော ထိုအခြေအနေများနှင့် ပတ်သက်ပြီး လူမှုကွန်ရက်က မေတ္တာစာလေးတစ်စောင် အကြောင်းမျှဝေလိုပါသည်။ "နိုင်ငံခြားအသီးသီးမှာ အလုပ်သွားလုပ်နေကြသော ဦးဦး၊ ကိုကို၊ ဒေါ်ဒေါ်၊ မမ၊ ညီငယ်၊ ညီမငယ်များခင်ဗျား ကိုယ့်အလုပ်ကိုယ်လုပ် ပိုက်ဆံစုပြီး ကိုယ့်အိမ်ပဲကိုယ်ပို့ကြပါ။ ရွာမှာ မိဘမောင် နှမတွေ စစ်ပြေးရှောင်ရင်း ငတ်တစ်လှည့် ပြတ်တစ်လှည့် ဖြစ်နေတာလည်း ပြန်ကြည့်ကြပါ။ အရည်မရ အဖတ်မရ သူတောင်းစားဘွဲ့တွေယူပြီး နေပူမရှောင်၊ မိုးရွာမရှောင်နဲ့ ခွက်လိုက်မခေါက်ကြ နဲ့တော့၊ နင်တို့ဒေါင်းက တွန်မတွန်တော့မသိဘူး၊ ခွက်ခေါက်သံကြားတိုင်း ထွက်ပြေးရတဲ့သူ တွေများ နေပြီ"ဟု စစ်သက်ဆိုးရှည်စေရန် အားပေးနေသူများအတွက် မေတ္တာစာတစ်စောင်ရေး၍ တောင်းပန် ထားလေသည်။
    ယခုကဲ့သို့ပြောခြင်းအတွက် လွန်တာရှိလျှင်လည်း ဝန္တာမိပါ ခင်ဗျားဟု ထပ်လောင်း၍ ဆိုပါရစေ။ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး တိုးတက်မြင့်မားစေရန်မှာ  ဤပြည်ထောင်စုအတွင်းရှိသူများ၊ နေထိုင်သူများ စည်းလုံးညီညွတ်မှသာ အခြားနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင် မည်ဆိုသည်ကို သတိချပ်စေချင်၍ ဖြစ်ကြောင်း စေတနာနှင့် ဆိုလိုသည်ကို နားလည်ကြပါကုန်။


ဆဲသူနှင့် အဆဲခံရသူများ ခြားနားချက်
    စနောက်သူများက ဗိုလ်ချုပ်ဟုခေါ်ကြပြီး အမြင်ကပ်သူများက ကြွက်သွားဟုခေါ်ကြကာ ကျွန် တော်၏ သူငယ်ချင်းကတော့ ကြွက်စုတ်ဟု ကင်ပွန်း တပ်လေသည်။ ထိုအမည်များကိုကြားလိုက်လျှင် မင်းမော်ကွန်းကိုပြောကြောင်း သိကြမည်ထင်ပါသည်။ သူငယ်ချင်းခေါ်သည့်အတိုင်း ပြောပါရစေ။ (သူငယ်ချင်းက မင်းမော်ကွန်းသည် သူပဲ စစ်ကားများကိုရိုက်ခဲ့ပြီး ဘောဦးစွာ မခဲ့သူဟုဆို၏။ ထို့နောက် ရုံးတက်သည့်ဝန်ထမ်းများကို ရုံးမတက်စေရန်လှုံ့ဆော်ကာ ပြည်ပသို့ ဦးစွာထွက်ပြေးပြီး တော်လှန်ရေး ကာဗာယူ၍ အယုတ္တအနတ္တများ ဆဲဆိုနေသောကြောင့် ကြွက်စုတ်ဟုခေါ်ခြင်းဖြစ်သည်)။ ထိုကြွက်စုတ်က မကြာသေးခင်ကမှ ဂျပန်နိုင်ငံတွင် တော်လှန်ရေးအတွက်ဟုဆိုကာ ဖျော်ဖြေပွဲတစ်ခု ပြုလုပ်ခဲ့သည်။ ထိုပွဲသို့ တက်ရောက်ခဲ့သူတစ်ဦးက "စတိတ်ပေါ်မှာ သီချင်းဆိုရင်း ငိုလိုက်၊ ရယ်လိုက်နဲ့ ပက်ပက်စက်စက်ဆဲလိုက် ကိုယ်အမူအယာတွေကလည်း ကြောင်တောင်တောင်နဲ့ ဂနာမငြိမ်ဘူး၊ မျက်နှာတွေကလည်း အရက်အရှိန်ကြောင့် ဖောနေပြီ။ အခြားပြည်ပြေး အဆိုတော်တွေ၊ သရုပ်ဆောင်တွေရဲ့ တော်လှန်ရေးရှိုးတွေ ကြည့်ဖူးပါတယ်။ သူလိုမဟုတ်ဘူး။ သနားပါတယ်တဲ့။ ကိုကတော့ ပြော လိုက်တယ်။ သနားမနေနဲ့လို့ ပေါ်ပြူလာနိုင်ငံရေးနောက်လိုက်ရင်း အရှိန်လွန်ကုန်ကြတာ။ သူတို့ ထင်သလို ခဏနဲ့မပြီးဘဲ ပိုင်ဆိုင်မှုတွေစွန့်ခဲ့ရပြီး ပြည်ပြေးဘဝရောက်ခဲ့ရတော့ ခံစားချက်တွေများပြီး ရူးကြောင်ကြောင်ဘ၀ ရောက်သွားတာလို့}}ဟုဆိုကာ ဂျပန် ရောက်ရှိုးပွဲကို ကြည့်ခဲ့ရသူတစ်ဦး ပြောသည်ကို တစ်ယောက်သောသူက ပြန်လည်ဖြေကြားထားသည့် ပုံစံဖြင့် လူမှုကွန်ရက်တွင် ရေးသားထားလေသည်။
    အခြားသော တစ်ယောက်ကလည်း "ဆဲတဲ့သူနဲ့ အဆဲခံရတဲ့သူ ဆဲတဲ့သူက တစ်နေ့တခြား ရုပ်က ကျက်သရေတုံးလာပြီးတော့ အဆဲခံရတဲ့သူက တစ်နေ့တခြား ပိုလှ၊ ပိုကျက်သရေရှိလာတယ်။ မယုံရင် လင်းလင်း၊ ချစ်သုဝေ၊ မင်းမော်ကွန်း၊ ကိုပေါက်တို့အဖွဲ့နဲ့ မကြီးစိုး၊ မေသÍ္ဇာဦးတို့အဖွဲ့ယှဉ်ကြည့် လိုက် စိတ်ဓာတ်က မျက်နှာမှာပေါ်တယ်ဆိုတဲ့စကား  သိပ်မှန်တယ်လို့ မထင်ဘူးလား။ အပြင်လူတွေလည်း အဲဒီလိုပဲ အမြဲတမ်း ဆဲဆိုရိုင်းစိုင်းနေတဲ့လူတွေကြည့်လိုက် ပူလောင်နေတာပဲ။ သူတို့ကို မြင်နေရ တဲ့လူတွေတောင် ပူလောင်တယ်ဆိုရင် သူတို့ဆို ဘယ်လောက်ပူ လောင်လိုက်မလဲလေနော်"ဟု ပြည်ပြေးအဆဲတစ်လိုင်း သမားများနှင့် ပြည်တွင်းအဆဲခံရသူများကို နှိုင်းယှဉ်၍ အဓိပ္ပာယ်ဖွင့်ထား လေသည်။
    ထို့အပြင် ပြည်တွင်း၌သီချင်းဆိုသူကိုတော့ အားရပါးရဆဲဆိုနေကြပြီး သူတို့ကတော့ စင်ပေါ် တက်ဆဲနေခြင်းကိုပင် သူတော်ကောင်းကြီး လုပ်နေကြသေး သည်။ ထိုကဲ့သို့ ယုတ်ယုတ်ကန်းကန်း ဆဲဆိုနေသူကိုလည်း အားရပါးရ အားပေးနေသည့် မသူတော်များလည်း ရှိနေလေသည်။ အထက်က ဆဲသူနှင့် အဆဲခံရသူ ခြားနားချက်ကို နားလည်အောင် ရှင်းပြသွားမှပဲ မိမိကိုယ် ကိုယ်လည်း ဖရုဿဝါစာ ယုတ်ရင်းကြမ်းတမ်းသည့် စကားများကို များစွာဆင်ခြင့်သင့်သည်ဟု အတွေးပင် ပေါ်မိပါသည်။


ဒါမျိုးအားကျသူလည်း ရှိသေး၏
    တော်လှန်ရေးအတွက်ဟုဆိုကာ အလှူခံနေသည့် လူငယ်လေးများနှင့် စကားစမြည်ပြောရာမှသည် အကြောင်းအရာ ဖြစ်လာသည်ဟု ဆိုရမည်ဖြစ်သည်။ထိုအလှူခံနေသည့် လူငယ်လေးများတွင် တောထဲတောင်ထဲတွင် အငတ်ငတ်အပြတ်ပြတ် ဖြစ်နေကြောင်း၊ လက်နက်ခဲယမ်း ဝယ်ယူရန်အ တွက်လည်း ငွေကြေးလိုအပ်ကြောင်းစသဖြင့် အလှူခံနေလေသည်။ သည်ရက်ပိုင်း တွင်အလှူခံငွေက လည်း တော်တော်မရကြပုံရသည်။ အလှူခံနေသည်မှာ ရက်အကန့်အသတ်ဖြင့် ပရောဂျက် ခေါင်းစဉ် ပေါင်းများစွာဖြင့် အလှူခံသော်လည်း သူတို့လို ချင်သည့် Target ကို မရောက်နိုင်ကြောင်း ညည်းညူ နေကြသူများသာ များနေကြလေသည်။ မယ်ပန်၏ The Key ပရောဂျက်ကိုပင်ကြည့်လေ။ သူတစ်ယောက် တည်း အလှူခံရာ Target မပြည့်သောကြောင့် တေဇာစန်းကို မိုက်ပေး၍ အော်ခိုင်းရသည်ဟု သူကိုယ်တိုင်ဝန်ခံထားလေသည်။ ထိုမျှမကဘဲ အခြားသောလူ သုံး၊ လေးဦးကိုပင် ပွဲထုတ်အလှူခံနေကြ၏။ မယ်ပန်တို့ကဲ့သို့ အဆဲတစ် လိုင်းဖြင့် အလှူခံစားသည့်သူပင် လိုအပ်သည့် ငွေကြေး မရကြရာ တောကြိုအုံကြားက လူမသိသူမသိ PDF လေး များအတွက်မှာမူ ဆိုဖွယ်ရာမရှိဟုပင် ပြောရမည်ဖြစ် သည်။
    ထို တောကြိုအုံကြားက အလှူခံနေသည့် PDF လေးများက ဂန်းဝယ်ရန်၊ စားနပ်ရိက္ခာဝယ်ရန် စသဖြင့် နည်းမျိုးစုံ၊ နည်းမျိုးကုန်ပြီထင်ပါ၏။ သို့နှင့် လူ ပိုသနားစေရန် ခြေတစ်ဖက် ပြတ်နေသည့် PDF လေး ထောက်လေးနှင့် လမ်းလျှောက်နေပုံဖြင့် ပွဲထုတ်လာ၏။ ရေးထားသည့် စာကလည်း "ခဏပဲဆိုပြီး ထွက်လာတာ၊ အမေပေးတဲ့ခန္ဓာတော့ မစုံတော့ဘူး"ဟုဆိုကာ Movie လေးဖြင့် အလှူခံနေလေသည်။ ထိုအလှူခံနေသည့် PDF လေးများကို အမျိုးသမီးတစ်ဦးက သွား၍မေးလေသည်။ "သားတို့၊ သမီးတို့ရယ် ဘာလို့အပင်ပန်းခံ၊ အဆင်းရဲခံလုပ်နေတာလဲ မင်းတို့ အစိုးရဆိုတဲ့ ပြည်ပရောက်နေတဲ့ သူတွေက သာသာယာယာနဲ့ မင်းတို့ပဲအသက်တွေ၊ ဘဝတွေပေးပြီး ငတ်ငတ်ပြတ်ပြတ်ဖြစ်နေတာ"ဟု စာနာစိတ်ဖြင့်သွား၍ပြောလေသည်။ သို့နှင့် အလှူခံနေသည့် PDF လေးများက "နိုင်ငံကျော် အနုပညာရှင်တွေဖြစ်တဲ့ မင်းမော်ကွန်းတို့၊ ကိုပေါက်တို့၊ လင်းလင်းတို့ တောင်တောထဲဝင်ပြီး တော်လှန်နေကြ တာ၊ သူတို့တောင် လုပ်နိုင်သေးတာ ကျွန်တော်တို့လည်း သူတို့လိုလုပ်မှရမှာပေါ့"ဟု ပြန်လည်တုံ့ပြန် လေသည်။
    ထိုအချိန်ရောက်မှ တောထဲရောက်သည့် PDF အချို့၏ နုံ့နဲမှုနှင့် သူရဲကောင်းဝါဒ အားကျ စိတ်ကို မြင်လိုက်ရသည်ဟု ဆိုလေသည်။ သူတို့သေချာမသိသည်က ဟိုလူများသည် စစ်ယူနီဖောင်း လေးဝတ်၊ တောစပ်တောင်စပ်တွင် ဓာတ်ပုံရိုက်ပြီးလျှင် တတိယနိုင်ငံခေါ် သာယာအေးချမ်းသည့် နိုင်ငံတွင် သာသာယာယာ နေ နေကြလေသည်ဟု စဉ်းစားမိကြောင်း ဆိုလေသည်။ "ကိုပေါက်တို့၊ မင်းမော်ကွန်း တို့ကဖြင့် ဝလို၊ ဆူလို့၊ ဖြိုးလို့ မွေးဖွားခါနီး ဗိုက်ကြီးသည်လိုပဲ"ဟု မှတ်ချက်ပြု ထားလေသည်။ ထိုကဲ့သို့ ထင်ရှားကျော်ကြားမှုကို အခွင့်ကောင်းယူပြီး အသိမကြွယ်သည့် လူငယ်လူရွယ်များကို မည်မျှအသုံးချနေကြဦးမလဲဟုလည်း စဉ်းစားမိပါ သည်။
    အပြစ်မဲ့ပြည်သူများကို တော်လှန်သူများကဲ့သို့ ဒုက္ခရောက်စေလိုသူများ လာသေးသည်။ အိမ်ပြန်မည့် လှိုင်းဟုဆိုကာ နောက်ဆုံးမီးတောက်ကို အသက်သွင်း နေပြန်၏။ မိုးကုတ်မြို့က တော်လှန်ပုန်ကန်သူတစ်ယောက် ရေးသည့်စာလေးကို ဝေမျှလိုပါသည်။ "အိမ်ဆိုတာအရာလေးပဲ ကျန်ပါစေဦး၊ ဟိုကောင်တွေဆိုတာကြီးကို မရှိတော့ရင် ရပြီဆိုတဲ့စိတ် ကျွန်တော့်မှာတော့ ရှိတယ်။ 'မိသားစု'ဆိုတာ ဘယ်ဆီရောက်ရောက် ဟို ကောင်တွေပျောက်ဖို့က အရေးကြီးတယ်ဆိုတဲ့စိတ် ကျွန်တော့်မှာတော့ရှိတယ်။ 'စစ်'ဆိုတာကြီးကို ချစ်လို့တိုက် နေရတာမဟုတ်တဲ့ ရဲဘော်တွေအတွက် အသက်ဆိုတာ  ကော်ဖီခွက်ထဲက ကော်ဖီလက်ကျန်လောက် မနှမြောကြဘူးလို့ ကျွန်တော်ကတော့ သိတယ်။ မုန်းတုန်းကတော့ အတူတူ မုန်းကြလို့၊ ရုန်းကြတော့ အတူတူရုန်းကြရ အောင်ဗျာ"ဟုဆိုကာ ဝေမိုးကျော် (ခ)နွယ်နီ စစ်ဦးစီး အဖွဲ့၊ စစ်ဆင်ရေးနှင့် မဟာမိတ်ဆက်ဆံရေးတွဲဖက်တာ ဝန်ခံ မိုးကုတ်ဗျူဟာဆိုသူက ရေးထားလေသည်။ သူ့စာကိုဖတ်ကြည့်စမ်းပါဗျာ။ အနှစ်ချုပ်လျှင် သူကတော် လှန်သူဖြစ်သောကြောင့် အိမ်ဆိုသည့်အရာလေးကျန်လျှင်လည်း ကျေနပ်သည့်သဘော၊ မိသားစုများ တကွဲတပြားဖြစ်စေဦးတော့ ဖြေသာသည့်သဘော ပြောသွားသည်က လိုရင်းမဟုတ်လား။
    သည်အယူအဆအရ သူတို့ကဲ့သို့ ကျန်သည့် ကြားနေဖြစ်ဖြစ်၊ အနီဖြစ်ဖြစ်၊ အစိမ်းဖြစ်ဖြစ် အကုန်ရောယောင်ပျက်စီးစေလိုသည့်သဘောကို တွေ့နေရလေသည်။ သူတို့အာဏာရမ္မက်အတွက် ပေးဆပ်ရမည့် ပြည်သူအတွက် ရေးထားသည့်စာ တစ်ကြောင်းမျှမပါဟုသာ ဆိုချင်ပါ၏။ သည်ရက်ပိုင်း ရှမ်းမြောက်တိုက်ပွဲများ ပြင်းထန်နေချိန်၊ မြို့ရွာများကိုတိုက် ပွဲများဖော်ဆောင် နေချိန် ထိုသတင်းများ၏ အောက်တွင် တူညီသည့် မှတ်ချက်တစ်ခုကို ထူးထူးခြားခြားတွေ့မြင်မိပါသည်။ ထိုမှတ်ချက်က လူတစ်ဦးတစ်ယောက်ကပဲ လိုက်၍မှတ်ချက်ပေးခြင်းမဟုတ်ဘဲ စိတ်ခံစားချက်တူညီသည့် သူများက လိုက်လံ မှတ်ချက်ပေးနေသည်ကိုတွေ့ မြင်ရခြင်းဖြစ်သည်။ 'အစိမ်းလည်းမဟုတ်သလို၊ အနီလည်း မဟုတ်ပါ။ ဘောမလည်းမဟုတ်သလို ထဘီခြုံလည်း မဟုတ်ပါ။ ဒါပေမဲ့ ငြိမ်းချမ်းဖို့အတွက် တပ်မတော်ကို နိုင်စေချင်တယ်"ဆိုသည့် ပြည်သူများကြားက ပြည်သူ့မှတ်ချက်တစ်ခု နေရာတိုင်းမှာ တွေ့မြင်နေရလေသည်။  ( ရွှေထီး )

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

 

Total Views ~ 387

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42994

© 2022 - 2025 News. All Rights Reserved.