ပွက်လောရိုက်သွားတဲ့ ထိုင်းနိုင်ငံခြားရေး၀န်ကြီး ခရီးစဉ်

၂၀၂၃ ဇူလိုင် ၂၂

ဇူလိုင်လ ၉ ရက်က ထိုင်းနိုင်ငံရဲ့ ဒုတိယ၀န်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝိနိုင်း မြန်မာနိုင်ငံကို လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး လူမျိုးစုံ၊ သတင်းဌာနမျိုးစုံ က သဘောထားတွေ၊ ဝေဖန်ချက်တွေ မျိုးစုံတက်လာတာ တွေ့ရပါတယ်။ အကြောင်းအရာတစ်ရပ် အပေါ်မှာ အမြင်တွေ ထုတ်ဖော်ကြတာမှာ ဘာသာရပ်ကို နားလည်လို့ ၀ိဇ္ဇာပညာရပ်နဲ့ အကျိုးအကြောင်း၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြား ပြောကြသလို၊ မျက်စိစုံမှိတ်ပြီး ဆန္ဒစွဲနဲ့ ဇွတ်ငြင်းကြတာလည်း အများအပြား တွေ့ရပါတယ်။

ဥပမာလေး

တကယ်တော့ နှစ်ဖက် (Two Entities/Bilat-eral) က ကိစ္စတစ်ခုကို ပြောကြဖို့ Dialogue မှာ 'လက် နှစ်ဖက်လုံးတီးမှ အသံထွက်သလို'ပါပဲ။ ခပ်ဆင်ဆင် ဥပမာပေးရရင် အင်္ဂလိပ်စကားပုံလို It Takes Two to Tango ဆိုတဲ့အတိုင်း နှစ်ဦးနှစ်ဖက်ပါမှ ဖြစ်မြောက်မည့်ကိစ္စပါ။ ဒါမျိုးမဖြစ်လောက်ဘူးလို့ တွက်တဲ့သူတွေ ကတော့ ဆန္ဒစွဲနဲ့ ဇွတ်ငြင်းနေကြတာ Pan Orient သတင်းဌာနက Scoop ကို Breaking News ထုတ်လိုက်တာ It Goes Viral ဆိုတဲ့အတိုင်း ပွဲဆူကုန်ပါလေရော။

Conflict Resolution and Track Two Diplomacy.

Conflict Resolution လို့ခေါ်တဲ့ ပဋိပက္ခတစ်ခုကို အဖြေရှာရာမှာ 'ရွာအ၀င်မှာ နွားပါဖို့'သာ အဓိကပါ။ ဒါနဲ့ပတ်သက်ပြီး Montiville (1991) Defines Track Two Diplomacy as, "Unoffical, Informal Intercation Between Members of Adversary Groups or Nations That Aim to Develop Strategies, to Influence Public Opinion, Organise Human and Material Resources in Ways That Might Help Resolve Their Conflict" လို့ ဖော်ပြထားပါတယ်။


ထိုင်းက ကမကထပြုတဲ့ Track 1.5

ပြီးခဲ့တဲ့ ဇွန်လကစပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကမကထပြုပြီး မြန်မာ့အရေးကို အိန္ဒိယ၊ တရုတ်၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ဘရူနိုင်းတို့က အစိုးရအရာရှိများပါ ပါဝင်တဲ့ အလွတ်သဘောဆွေးနွေးပွဲကို ထိုင်းမှာ ကျင်းပခဲ့ပါတယ်။ အာဆီယံဟာ ၂၀၂၁ မှာ တပ်မတော်က NLD အစိုးရရဲ့ ၂၀၂၀ ရွေးကောက်ပွဲက မဲသမာမှုတွေကို ရှင်းလင်းခိုင်းတာ မရှင်းပေးဘဲ Accountability တာဝန်ခံမှု ပျက်ကွက်ခဲ့တဲ့အတွက် 'ဏာထိန်းရတာ' ဖြစ်ပါတယ်။ NLD ရဲ့ ပျက်ကွက်မှု အကြောင်း ကြောင့် အာဏာထိန်းရတဲ့အကျိုး ဖြစ်ပေါ်လာရတာပါ။ ဒီမီးပွားများကစပြီး NUG, PDF အကျိုး ကွင်းဆက် Sanction တွေ စလာရာက အာဆီယံက ASEAN Charter ကို စဖောက်ဖျက်လို့ မြန်မာနဲ့ အဆင်မပြေဖြစ်ခဲ့တာ ပါ။ ဒါရဲ့ Spill Over Effect က နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိမ်နားနီးချင်းတွေက ပိုခံရတော့ ထိုင်းက မနေသာတော့ဘဲ 'အခြားနည်း' Track 1.5 နဲ့ အဖြေရှာရတာ ဖြစ်ပါတယ်။

အလွတ်သဘောဆွေးနွေးဘာ ဘယ်သူ့ဆီက Mandate တောင်းရမှာလဲ။

Youtube မှာ Track 1.5 နဲ့ပတ်သက်ပြီး NUG က ၀န်ကြီးအဆင့်လို နေရာယူထားသူတစ်ယောက်က ဧရာဝတီသတင်းဌာနကို ပြောပါတယ်။ Mr. Don ဟာ ဒေါ်စုကို အာဆီယံရဲ့ Mandate မပါဘဲ သွားတွေ့လို့ တရားမ၀င်ပါဘူးတဲ့။ အလွတ်သဘောတွေ့တာဆိုနေမှ ဘယ်သူ့ကို ခွင့်တောင်းရဦးမှာလဲ။ 'ကျားကိုက် ပါတယ်ဆိုမှ အပေါက်ကလေးပါသလား'လို့ မေးနေတာလား၊ ဂျော်ကီက 'စီးထားတဲ့အကောင်ကြီးက မြင်းလား၊ ကျွဲလား'ဆိုတာ စီးသာစီးထားတယ် ဘာကောင်မှန်း မသိသလို ဖြစ်မနေဘူးလား။

FIFA ရဲ့ ၂၀၂၃ လူကျွံဘော ဥပဒေသစ်လို ပြီးခဲ့တဲ့နှစ်တွေက EPL မှာ လူကျွံဘောတွေကို VAR နဲ့ ဆုံးဖြတ်တာ တစ်ခါတစ်ရံ အငြင်းပွားစရာ လေးတွေပေါ်တော့ Fan တွေအချင်းချင်း စကားများကြပါတယ်။ အခု Mr. Don ခရီးစဉ်မှာ Pan Orient က Kyodo

ရသွားတာကို Youtube က လိုက်ရေးတယ်၊ Spokesperson မှာ အမောင်အရှေ့မှန်း အနောက်မှန်းမသိ သတင်းဌာနက ရဲရဲဝင့်ဝင့် (ဌာနဆိုင်ရာ ဒုက္ခရောက်သွားအောင်) 'နေပြည်တော် သတင်းအရင်း အမြစ်'က သုံးကြိမ်သွားကြိုးစားတာမရဘဲ ပြန်သွားရတယ်လို့ '၀ုန်း' လိုက်ပြန်တယ်။ တစ်ရက်လောက်ကြာတော့မှ နစက Spokesperson က Mr.Don က "Four Eye Meeting" တစ်နာရီကျော် တွေ့တာ ပါဆိုပြီး EPL စနစ်သစ်နဲ့ တစ်ကိုယ်လုံးကျွံမှ '၀ီစီ'မှုတ်လိုက်သလို စောင့်ဖမ်းလိုက်တာကတော့ မှတ်လောက်သားလောက်ပါတယ်။

ကြည့်လို့မကောင်းပါဘူးဗျာ

နိုင်ငံတကာသတင်းတွေနားထောင်တိုင်း၊ ဖတ်လိုက်ရတိုင်း စစ်ကောင်စီကပစ်လို့၊ သတ်လို့၊ ရွာတွေ မီးရှို့လို့ဆိုပြီး ကိန်းဂဏန်းတွေနဲ့ ဖော်ပြလိုက်တာ NUG ဆိုတာရဲ့ ထောက်ပံ့မှုနဲ့ သူ့ Armed Wing PDF က အကြမ်းဖက်လုပ်ရပ်တွေကို NP News ကလည်း ဖော်ပြထားပါတယ်။ ခုချိန်ထိ သံဃာတော် ၇၆ ပါး၊ သီလရှင် နှစ်ပါး၊ ဆရာ ဆရာမ ၆၉ ဦး၊ ၀န်ထမ်း ၂၆၃ ဦး၊ ပြည် သူ့အုပ်ချုပ်ရေးမှူး ၆၄၇ ဦး၊ စစ်မှုထမ်းဟောင်း ၇၅ ဦး၊ အရပ်သား ပြည်သူ ၄၁၄၄ ဒီလောက် အသက်ပေါင်းများစွာကို ဥပဒေမဲ့ (Extrajudicial Killings) သတ်နေတာကို တစ်ဖက်သတ် စစ်ကောင်စီနာမည်ကို အစချီပြီး တော့ Independent Media အမည်ခံပြီး Double Stan-dard ကျင့်သုံးနေတာ ကြည့်လို့မကောင်းပါဘူးလို့ ပြောချင်ပါတယ်။ စကားအဆက်အစပ်လေး ရသွားလို့ Burma Act လေးအကြောင်းပါ ပြန်လှန်လိုက်ပါရစေဦး။

Burma Act ရဲ့ သရုပ်မှန်

မြန်မာအစိုးရက Terrorist လို့ ကြေညာထား တဲ့ NUG ဆိုတဲ့အဖွဲ့နဲ့ သူ့ရဲ့ လက်နက်ကိုင်အဖွဲ့ (Armed Wing) PDF ဟာ Department of Defence Dictionary of Military Terms အရ "The Calculated Use of Unlawful Violence of Threat of Unlawful Violence to Inculcate Fear Intended to Coerce or to Intimidate Governments or Societies in the Pursuit of goals That are Generally Political, Religious or Ideological လို့ ဖွင့်ဆိုထားတော့ ဆီလျော်အောင် ဘာသာပြန်လိုက်ရင် 'နိုင်ငံရေး၊ ဘာသာရေး (သို့) အတွေးအခေါ်တစ်ခုကို အကောင်အထည်ဖော်ရန်အလို့ငှာ တရား မ၀င်သည့် အကြမ်းဖက်နည်း (သို့) တရားမ၀င်သည့် လုပ်ရပ်များကို တွက်ချက်၍ အသုံးပြုခြင်းအားဖြင့် အစိုးရတစ်ရပ်ကို သော်လည်းကောင်း၊ လူ့အဖွဲ့အစည်းတစ်ခုအပေါ်ကို သော်လည်းကောင်း၊ အကြောက်တရား လွှမ်းမိုးစေရန် အတင်းအဓမ္မလုပ်ဆောင်ခြင်း'လို့ရပါတယ်။ ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ စောစောက ဖော်ပြထားတဲ့ ကိန်းဂဏန်းနဲ့ ဆက်စပ်ကြည့်လိုက်ရင် NUG နဲ့ PDF ဟာ ဘာလဲ၊ ဘာ ဘာတွေလုပ်နေသလဲဆိုတာ 'အကြမ်းဖက်သရုပ်'ပေါ်နေပါပြီ။ ဒီလို အဖွဲ့အစည်းမျိုးကို Terrorism နဲ့ ပတ်သက်လာရင် အင်မတန် Allergy ရှိတဲ့ Capitol က ဥပဒေပြု ပေးလိုက်တာဟာ State Sponsored Bullying Through Double Standards လို့ဆိုရင် ဘယ်သူငြင်းရဲပါသလဲ။

Washington, US State Dept ရဲ့ Burma Desk က လုပ်တဲ့ အစည်းအဝေး သံတမန်အသိုင်းအဝိုင်းက ရတဲ့သတင်းပါ။ ဇွန်လ ဒုတိယပတ်အတွင်းက အထက်ပြောတဲ့နရောမှာ လုပ်တဲ့အစည်းအဝေးမှာ NUG ဆိုတဲ့အဖွဲ့က ကိုယ်စားလှယ်တှေ ပါပါတယ်။ Priscilla Clapp, Mie Mie Wynn Byrd တို့လည်း တက်ပါတယ်။ အဲဒီမှာ သူတို့ တောင်းထားတဲ့ လူကိုသစေနေိုင်တဲ့ ပစ်စည်းတွေအပါအဝင် ငှပေါအမွနျရဖို့ တောငျးတော့ ဟိုဘကျကမငျးတို့ စောငျ့ရဦးမယျ၊ ဒို့ Capitol, State နဲ့ Defence Dept တို့ ညှိရဦးမယျလို့ ပွောလိုကျတော့ ''ကြုပျတို့ PDF နှစျသိနျး ခှဲက ဒီအတိုငျး အသခေံရမှာလား''လို့ ထကှိုငျရငျး အခြအေတငျတှေ ဖွစျကုနျကွတယျလို့ ဆိုပါတယျ။ (ဗှီ အိုအသေတငျးမှာလညျး ဖောျပွပါတယျ)

NED နဲ့ မြန်မာ

၂၀၂၀ မတိုင်မီကတည်းက NED ဟာ မြန်မာကို ပစ်မှတ်ထား ထိုးဖောက်လာခဲ့တာ Youtube က Atlas Video Series မှာ ထိုင်းအခြေပြု US Marines အငြိမ်းစား Brian Berletic က NED ဟာ NGO Front Organisation အသွင်ယူထားပြီး ကမ္ဘာအရပ်ရပ်မှာ Regime Change တွေ လိုက်လုပ်နေတာ Iraq ကျသွား တုန်းက ခေါင်းဆောင်တင်ရမည့်သူ ရှာမတွေ့လို့၊ သူ့ NED ကလူကို ခဏတင်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ မြန်မာ မှာလည်း လက်ရှိ NUG ဆိုတဲ့ အဖွဲ့ခေါင်းဆောင်အများစုဟာ NED Web Site မှ တက်ကြည့်ရင် တွေ့ရမှာဖြစ်ပါတယ်လို့ Brian က ထောက်ပြထားပါတယ်။ ဒါကြောင့် NED ရဲ့ Grand Strategy ဟာ Regime Change လုပ် ဖို့သက်သက်သာ ဖြစ်တယ်ဆိုတာ ဂရုပြုရမှာ ဖြစ်ပါတယ်။

အလွတ်သဘော ဆွေးနွေးပွဲဆိုတာ Win Win Situation သာဖြစ်တယ်


ASEAN Centrality ကို ထိခိုက်လား


အစောကြီးကတည်းက 'ငပွကြီး'တပည့်နှစ်ယောက်နဲ့ အနောက်တံခါးနားက သွေးချင်းတွေအတွက်နဲ့ ရင်ခံနေရတဲ့သူတွေအတွက်ကတော့ အစာမကျေတာ ဆန်းတော့ မဆန်းပါဘူး။

အာဆီယံအက်ကြောင်း ပေါ်လာပြီလား

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံနဲ့ ASEAN Plus နိုင်ငံတွေထဲမှာ နဖူးတွေ့၊ ဒူးတွေ့ ခံနေရ တာက နယ်စပ်ချင်းထိစပ်နေတဲ့ နိုင်ငံတွေပါ။ Mr.Don က ဒီအချက်ကို အကြောင်းအရင်းခံပြီး ပြောနေတာ အရှိတရားပါ။ ကျန်တဲ့တိုင်းပြည်တွေက အဝေးကနေပြီး Centrality ကို ကိုင်ပြောနေတာ ထိုင်းကဖိတ်က Jone Informal Meeting မှာလည်း မတက်၊ Mr.Don ခရီးစဉ်ကိုလည်း သဘောမကျ။ လာမည့် 19th July မှာ လုပ်မည့် နောက်ဆက်တွဲအစည်းအဝေးကိုလည်း လာတက်မယ်မထင်ပါဘူး။ ထိုင်းကတော့ အရှိန်ရသွားပါပြီ။ Diplomacy မှာ Track Two ဟာ ဆေးမြီးတိုအနေနဲ့ အသုံးဝင်တာ Career Diplomats တွေက သိပြီးသားမို့ အာဆီယံအတွင်း Crack မဟုတ်တောင် အုပ်စု Camps ဖြစ်လာမှာ အမှန်ပါပဲ။

တွေ့ဆုံမှုနဲ့ သတင်းဝေဖန်ချက်များ

အခုလို မမျှော်လင့်တဲ့တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ပထမပိုင်း ထွက်လာတဲ့ ဝေဖန်ချက်တွေဟာ အပြု သဘောမဆောင်တာတွေ များပါတယ်။ မယုံတာတို့၊ အလှည့်ကျ ဥက္ကဋ္ဌကို ဦးစားမပေးတာတို့၊ ဘယ်သူနဲ့မှ မတိုင်ပင်ဘဲ ကောင်းဘွိုင်ဆန်ဆန်လုပ်တာတို့ ဖော်ပြထားပေမယ့် NCA သတင်းဝေဖန် ချက်မှာ "ဆွေးနွေး တယ်ဆိုတာ အတွင်းလူတွေချင်းပဲ ဆွေးနွေးတာဖြစ်ဖြစ်၊ အပြင်က ပါလာတာ ပဲဖြစ်ဖြစ် ကောင်းပါတယ်။ ဒါပေမဲ့ သဘောမတူတဲ့ နိုင်ငံတွေကတော့ ဘာအကြောင်းပြချက်မှ မပြောဘူး"လို့ ပြောသွားတာ တွေ့ရပါတယ်။

ဧရာဝတီကတော့ Hostage Diplomacy ဆိုတဲ့ နည်းနာကို စစ်အစိုးရက ကျင့်သုံးတယ်လို့ စွပ်စွဲတာနဲ့ လေ့လာကြည့်တော့ 'ဓားစာခံသံတမန်နည်း'ဆိုတာ ဟိုးရှေးရှေးက နိုင်ငံချင်းစစ်ဖြစ်ရင် အရေးပါတဲ့ စစ်သုံ့ပန်းတွေကို အပေးအယူလုပ်ရင်း စစ်ပွဲကနေ အမြတ်ထွက်အောင် လုပ်တဲ့နည်းပါ။ ရောမတို့၊ တရုတ်တို့မှာ ရှေးပဝေသဏီက သုံးခဲ့တာပါ။

In Contemporary Times, Hostage Demo-cracy is the Taking of Hostages for Diplomatic Purposes. It has a Negative Connotion, Associated With Criminal Hostage-Taking, and often Manifests as Foreigners Being Arrested on Trump up Charges. The Diplomatic Hostages are Then Held as Bargaining Chips. လို့ Wikipedia မှာ အခုခေတ်အနေအထားနဲ့ ဖော်ပြထားပါတယ်။

အခုကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ 'စစ်သုံ့ပန်း'လည်းမဟုတ်ပါဘူး။ နိုင်ငံခြားသားလည်း မဟုတ်ပါဘူး၊ ဇာတ်လမ်းဆင်ပြီး အကျဉ်းချထားတာလည်း မဟုတ်ပါဘူး။ သူ့ကိစ္စနဲ့သူ အပြစ်ဒဏ်ချခံနေရတာပါ။ ဒါကိုလိုသလိုစွဲစိပြီး Diplomacy အကြောင်း မသိတဲ့သူတွေကို ပါးစပ်ပြဲသွားမည့် Jaw Breaking Words တွေနဲ့ 'ဂျင်း'ထည့်လိုက်တာ နားထောင်လို့တော့ အင်မတန်ကောင်းပါတယ်။

နောက်တစ်ချက်က မလေးဝန်ကြီးချုပ်တွေ မကြားဝံ့မနာသာမှုတွေနဲ့ စွဲချက်တင် ထောင်ချတော့ ဘယ်အာဆီယံနိုင်ငံဝင်ပြီး ဘာပြောခဲ့လဲ၊ ဘယ်နှပွိုင့် ပါတဲ့သဘောတူညီချက်နဲ့ ၀င်စွက်ခဲ့ဖူးလဲ၊ အခုမှ 'သူကြီး ကိုပိုင်တဲ့ ဆယ်အိမ်ခေါင်း'လို ဖြစ်နေတာ အတော်ရယ်စရာ ကောင်းပါတယ်။

ထိုင်းနိုင်ငံက အခုလို Initiative ယူပြီး လုပ်ရတာမှာ ဘယ်လိုပဲဝေဖန်ကြပါစေ "အာဆီယံရဲ့ အီနေတဲ့ မြန်မာ့အရေးဟာ" အရွေ့ကလေးတစ်ခုတော့ ဖြစ်သွားပါတယ်။ မူလအာဆီယံ ပဋိညာဉ်အရ လိုက်နာရမည့်အချက်တွေကို နိုင်ငံတချို့ရဲ့ တစ်ဦးချင်းရဲ့ ငုပ်လျှိုးနေတဲ့ ခံစားချက်တွေကိုမှီပြီး ပဋိညာဉ်ကို အလေးဂရုမပြုခဲ့တာကြောင့် နောက်ဆုံး ပုဆိန်နဲ့ထွင်းရမည့်အဖြစ်ကို ရောက်ရတာ ဖြစ်ပါစတယ်။ မြန်မာ့နိုင်ငံရေးမှာ ISP က ကိုမင်းဇင်ရဲ့ စကားလေးခဏ ငှားသုံးလို့ရရင် "Dethro-ned Monarch's Mentality" နန်းကျဘုရင်စိတ်ထားနဲ့ သွားမည့်အစား အခုလို Track 1.5 ကို ယထာဘူတကျကျ၊ ခေါင်းအေးအေးနဲ့ နည်းလမ်းရှာခြင်းကသာ ပိုပြီးအပေါင်းလက္ခဏာဆောင်တဲ့ ရလဒ်တွေ ရရှိနိုင်လိမ့် မယ်လို့ မျှော်လင့်ရပါတယ်။

(TREND News ဂျာနယ်၊အတွဲ၂၊အမှတ်၂၆ မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။)

Total Views ~ 335

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42830

© 2022 - 2025 News. All Rights Reserved.