ဗိုလ်လောင်းဝင်ခွင့် အရည်အချင်းစစ်စာမေးပွဲနှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာ

ရန်ကုန်၊ သြဂုတ် ၂၁
    စစ်တက္ကသိုလ်၊ တပ်မတော်နည်း ပညာတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ်ဗိုလ်လောင်းသင်တန်းတို့အတွက် ဗိုလ်လောင်းလျှောက်လွှာ တင်သွင်းသူများသည် ဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲများစစ် ဆေးမည့်အချိန်၊ နေရာနှင့် နေ့ရက်တို့ကို စစ်ရာထူးခန့်ချုပ်ရုံး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ထုတ်ပြန်ကြေညာထားသည်။
    ထုတ်ပြန်ကြေညာချက်တွင် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း ဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲကို ၂၀၂၄ ခုနှစ် သြဂုတ်လ ၃၀ ရက်တွင် (၁) အင်္ဂလိပ်စာ နံနက် ၉ နာရီမှ ၁၁ နာရီအထိ၊ (၂) ဇီဝဗေဒ မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ ဖြေဆိုရမည် ဖြစ်သည်။ တပ်မတော် နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း ဝင်ခွင့်အရည်အချင်း စစ်စာမေးပွဲ ကို ၂၀၂၄ ခုနှစ် သြဂုတ်လ ၃၁ ရက်တွင် (၁) အင်္ဂလိပ်စာ နံနက် ၉ နာရီမှ ၁၁ နာရီအ ထိ၊ (၂) သင်္ချာ မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ ဖြေဆိုရမည်ဖြစ်သည်။
    ထို့အပြင် စစ်တက္ကသိုလ် ဗိုလ် လောင်းသင်တန်း ဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁ ရက်တွင် (၁) အင်္ဂလိပ်စာ နံနက် ၉ နာရီမှ ၁၁ နာရီအထိ၊ (၂)သင်္ချာ မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ ဖြေဆိုရမည်ဖြစ်ကြောင်း သိရ သည်။
    စာမေးပွဲများကို လျှောက်လွှာတင်သွင်းရာ တိုင်းစစ်ဌာနချုပ်အလိုက်ဖြေဆို ကြရမည်ဖြစ်ပြီး နေပြည်တော် အမှတ်(၃)စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၊ ဆင်ဖြူ ရှင်ခန်းမ၊ မြစ်ကြီးနားမြို့ တိုင်းစစ်ဌာနချုပ်၊ ဗလမင်းထင်ခန်းမ၊ တောင်ကြီးမြို့ တိုင်းစစ်ဌာနချုပ်၊ သံလွင်ခန်းမ၊ ခိုလမ်မြို့ တိုင်းစစ် ဌာနချုပ်၊ အောင်ဇေယျခန်းမ၊ ကျိုင်းတုံမြို့ တိုင်းစစ်ဌာနချုပ်၊ ပြည်ငြိမ်းအေးခန်းမ၊ မော်လမြိုင်မြို့ တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်းခန်းမ/မြိတ်မြို့ တိုင်းစစ်ဌာနချုပ်၊ တိုင်းရန်အောင်ခန်းမ။ ရန်ကုန်မြို့ တပ်မတော်ဆေးတက္ကသိုလ်(ပင်မစာသင်ဆောင်)။ ပုသိမ်မြို့ တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ။ မုံရွာမြို့ အထက(၂)၊ အလုံတပ်မြို့/မန္တလေးမြို့တိုင်း စစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမ။ တောင်ငူမြို့ တိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမတို့ ဖြစ်ကြောင်း သိရသည်။
    ဗိုလ်လောင်းသင်တန်းဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲဖြေဆိုရန်အတွက် သတ်မှတ်ချက်နှင့် ပြည့်စုံပြီး ဖြေဆိုခွင့်ရသူများအား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှတစ်ဆင့် အကြောင်းကြားပေး မည်ကာဖြေဆိုရမည့် ခုံအမှတ်မှာ လျှောက်လွှာတွင် ဖော်ပြထားသည့် ခုံအမှတ်ဖြစ်ပြီး လျှောက်လွှာထုတ်ယူရာ တိုင်းစစ်ဌာနချုပ်များတွင် ဖြေဆိုရမည့်ခုံအမှတ်နှင့် ဖြေဆိုရမည့်နေရာများကို သွားရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ စာမေးပွဲဖြေဆိုရန် လာရောက်သည့် အခါ နိုင်ငံသားစိစစ် ရေးကတ်ကို တစ်ပါတည်း ယူဆောင်လာရမည်ပြီး နိုင်ငံသား စိစစ်ရေးကတ် တင်ပြနိုင်ခြင်းမရှိသူများအား ဖြေဆိုခွင့်မပြုကြောင်းနှင့် အသေးစိတ်သိရှိ လိုပါက သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်၊ စာစစ်ဌာန များတွင် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
ထူးမြတ်

Total Views ~ 254

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43008

© 2022 - 2025 News. All Rights Reserved.