သံတမန်ရေး အတွေးအမြင် ကျပ်မပြည့်တဲ့ မေးခွန်း

၂၀၂၅ မတ် ၁၄
    ယခုတစ်ပတ် လူမှုကွန်ရက်မှာ မစ္ဆရိယစိတ်တွေ အရှိန်တညီးညီး တောက်နေလိုက်တာ။ ဒါကြောင့်များ ငလျင်တောင် လိုက်လှုပ်သွားသလား အောက်မေ့ရပါတယ်။ အစပျိုးလိုက်တာ ထရမ့်-ဇီလန်စကီးကနေ မြန်မာ-ရုရှား ဆက်ဆံရေးကို ရောက်သွားလိုက်တာ ကွန်းမန့်မှာဆိုရင် အဆင့်အတန်း အတော်နိမ့်တဲ့ ဝေဖန်ချက်တွေကို တွေ့လိုက်ရပါတယ်။ ယူကရိန်းအရေးမှာတော့ ထရမ့်ကို Unipolar အခင်းအကျင်းနဲ့ သွားတယ်ဆိုပြီး အပြစ်တင်လိုက်သလို၊ မြန်မာ/နစကကိုလည်း Multipolar အခင်းအကျင်းနဲ့ သွားရကောင်းလားဆိုပြီး အကောင်းမပြောကြပြန်ပါဘူး။ ကနေ့ သံတမန်အရေးကိစ္စတွေမှာ Unilateral နဲ့ Multilateral ကျင့်စဉ်တွေနဲ့ သွားကြတာမှာ နိုင်ငံအများစုဟာ Multilateral မသွားမဖြစ် သွားနေကြရပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေတောင် Multipolar သွားရပါတယ်။ ကျွန်တော်တို့လို နိုင်ငံငယ် လေးတွေအတွက်လည်း Multilateral သွားရပါတယ်။ ပထဝီအနေအထားအရ အသင့်တော်ဆုံး ဖြစ်သလို၊ စီးပွားရေး၊ လုံခြုံရေးသာမက နိုင်ငံရေး အကျိုးအမြတ်အရလည်း ပြောင်းလွယ်၊ ပြင်လွယ်ရှိပါတယ်။ လတ်တလော မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်းဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ အကျိုးတူလုံခြုံရေးနဲ့ BRI လို စီးပွား ရေးကိစ္စတွေ ပူးတွဲလုပ်ကြတော့ မလိုတမာရှိသူတွေက အပြစ်ဆိုကြပါတယ်။ တရားသေကိုင်စွဲပြီး Unipolar သဘောမျိုး လုပ်သယောင် ပြောကြပါတယ်။

၁။ (Balance Between Major Powers. (Strategic  Non Alignment 2.0)
 အင်အားကြီးနိုင်ငံများကြား ချိန် ခွင်လျှာညှိခြင်း။

    အခုလအတွင်း နစကဥက္ကဋ္ဌအနေနဲ့ ရုရှားကို ချစ်ကြည်ရေး ခရီးသွားပြန်တော့ ကြံဖန်ပြီးအပြစ် ပြောကြပါတယ်။ နိုင်ငံတိုင်းဟာ သံတမန်ဆက်ဆံရေး သဘောအရ ယခုအခါမှာ Multilateral လုပ်ကြတာဟာ ဘာမှ အထူးအဆန်းလုပ်ကြတာ မဟုတ်ပါဘူး။
    လက်ရှိ US - China / US - Russia  ဆက်ဆံရေးကြားမှာ တက်သစ်စ နိုင်ငံတွေအနေနဲ့ (Balanced Interest - Based Approach) မိမိနိုင်ငံ အကျိုးစီးပွားကို အခြေခံတဲ့ တူညီမျှတတဲ့ ဆက်ဆံရေးမျိုး၊ အိန္ဒိယလို Multi Alignment 'တန်းညှိနည်းစုံ'သုံးပြီး အလိုက်အထိုက် ဆက်ဆံသွားရမှာပဲ ဖြစ်ပါတယ်။
    နောက်တစ်နည်းကတော့ တရုတ်၊ ရုရှားနဲ့ BRICS အပါအဝင် ဖွံ့ဖြိုးပြည့်စုံတဲ့ နိုင်ငံတွေနဲ့ နည်းပညာ၊ စီးပွားရေးနဲ့ ကုန်သွယ်မှုအပြင် Infra / Energy နဲ့ Alternative Financing  တွေကို တွဲဖက်ဆောင်ရွက်သွား ရမှာလည်း ဖြစ်ပါတယ်။
    ပုံစံပြရရင် အင်ဒိုနီးရှားလို ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ ခိုင်ခိုင်မာမာ လက်တွဲထားကာ တရုတ်ရင်းနှီး မြှုပ်နှံမှုကို ရယူပြီး လွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးဖို့ပဲ ဖြစ်ပါတယ်။

၂။ (Multilateralism for a Developing Country)
ဖွံ့ဖြိုးစ နိုင်ငံအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။

    မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးစနိုင်ငံတစ်ခုဖြစ်တဲ့အပြင် ပထဝီအနေအထားအရပါ ဗျူဟာကျတဲ့အတွက် နိုင်ငံတကာနဲ့ သင့်တင့်အောင် နေရပါတယ်။ မြန်မာဟာ အရှေ့တောင်အာရှမှာ ရှေးကာလကစပြီးတော့ ဘက်မလိုက်လှုပ်ရှားမှု အခန်းကဏ္ဍမှာ ရှေ့တန်းက ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
    မြန်မာဟာ တက်ကြွတဲ့ ကြားနေရေးမူဝါဒကို လက်ကိုင်ထားပြီးတော့ ဒေသန္တရလုံခြုံရေးအတွက်စည်း စောင့်ခဲ့ပေမယ့် အနောက်အုပ်စုရဲ့ ထိုးနှက်ချက်ကို ခံနေရပါတယ်။ အထူးသဖြင့်တော့ အမေရိကန်ရဲ့ (China Containment) တရုတ်ကို ဝိုင်းပတ် ထိန်းချုပ်ချိန်မှာ စက်ကွင်းမလွတ်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ရပါတယ်။
    ကနဦးမှာ National Endowment for Demo-cracy (NED) ရဲ့ အထောက်အပံ့နဲ့ နိုင်ငံကိုယောင်ပြ လူမှုရေး လုပ်ငန်းစဉ်တွေကို အားပေးသလိုနဲ့ US ဟာ အီရတ်၊ အာဖဂန်နစ္စတန်၊ လစ်ဗျား၊ ဆီးရီးယားတို့မှာ Regime Change အထိ လုပ်ခဲ့ပါတယ်။ Trump 2.0  လက်ထက်မှာ USAID ကို ရပ်လိုက်ပြီး အထုပ်ဖြေလိုက်ချိန်မှာ (2019 Brooking Institute Report)  အတိုင်း US Foreign Policy အရ လုပ်ချင်တာလုပ်ဖို့ ငွေတွေကို စုပုံပေးထားတဲ့အတွက် အလွဲလွဲ အချော်ချော် လုပ်နေတာ တွေ့ရတော့တယ်လို့ Columbia University က စီးပွားရေး ပညာရှင် Prof Jeffery Sachs က USAID အကြောင်း မကြာသေးခင်က Interview တစ်ခုမှာ ပြောသွားခဲ့ပါတယ်။
    NED ဝင်ရှို့ခဲ့တဲ့မီးကို နစကက ဝင်ငြှိမ်းရင်း အနောက်အုပ်စု အပါအဝင် အာဆီယံနဲ့ပါ ကတောက်ကဆ ဖြစ်ရာက မြန်မာဘက်က ရပ်တည်ပေးတဲ့ တရုတ်နဲ့ရုရှားကို ဝိုင်းမေတ္တာပို့ကြပါတယ်။ ခုခတ်ကြီးဟာ ထီးထီးကြီး နေလို့မရတဲ့ အခြေအနေပါ။ ဆက်သွယ်ရေး နည်းပညာတွေ တိုးတက်လာတာနဲ့အတူ လူမှုကွန်ရက်ကလည်း အားကောင်းလာချိန်မှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံဟာ အမှီသဟဲပြုနိုင်မှ တန်ရုံကျပါ တယ်။ ဒါကြောင့်လည်း ကမ္ဘာ့တောင်ခြမ်းနိုင်ငံတွေဟာ (Regional and South - South Cooperation) ဒေသန္တရ သာမက တောင်ခြမ်း နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ရပါတယ်။
    Multilateral သံခင်းတမန်ခင်း ဆောင်ရွက်ခြင်းအားဖြင့် မိတ်ဖက်နိုင်ငံတွေ တိုးပွားလာရုံမကဘဲ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် (Diplomatic Leaverage and Collectjvd Bargaining) မိမိနိုင်ငံ တိုးတက်မှုအတွက် သင့်တင့်မျှတတဲ့ အရေးဆိုနိုင်ခွင့်တွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။
    Multilateral ထိတွေ့ခြင်းအားဖြင့် ကုန်သွယ်မှုကဏ္ဍမှာ နိုင်ငံတကာ ဈေးကွက်တွေကို ဝင်ရောက်နိုင်မှာဖြစ်လို့ Economic Growth and Trade Opportu-nities နဲ့ FDI နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။
    ဒါတင်မက နိုင်ငံများများနဲ့ ထိတွေ့ ဆောင်ရွက်ရခြင်းအားဖြင့် လျှပ်စစ်၊ လယ်ယာ၊ စက်မှုနည်းပညာ စီးဆင်းမှု (Tecnology and Knowledge Transfer) စတဲ့ အခွင့်အလမ်းများကို မိမိတို့ထက် တိုးတက်တဲ့ နိုင်ငံတွေကလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။
    မိတ်ဖက်နိုင်ငံချင်း အကြမ်းဖက် နှိမ်နင်းရေး၊ Cyber Security နဲ့ သဘာဝဘေး အန္တရာယ်ကာကွယ် တားဆီးရေးတို့အပြင် ကယ်ဆယ်ရေးလုပ်ငန်းများပါ အတူပူးတွဲ ဆောင်ရွက်နိုင်သည့် (Addressing Global Challenges) ဆိုတဲ့ အကျိုးထူးများ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင် Global Warming ကမ္ဘာကြီးပူနွေးမှု ဆိုင်ရာကိစ္စများကိုလည်း ပါဝင်ဆောင်ရွက်နိုင်ပါတယ်။
    Multilateralism ရဲ့ အားသာချက်ဟာ Soverignity and Non Alignment ဖြစ်တာကြောင့် မြန်မာလို ဖွံ့ဖြိုး စနိုင်ငံများအတွက် ဝင်ရိုးတစ်ခုတည်းပေါ်မှာ အလွန်အကျွံ မှီခိုရာမရောက်ဘဲ မိမိနိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားကို လွတ်လပ်စွာ ဖော်ဆောင်နိုင်မှုပဲ ဖြစ်ပါ တယ်။
    Multilateralism ဟာ အင်အားကြီးနိုင်ငံတစ် နိုင်ငံအပေါ်မှာသာ မှီခိုမနေဘဲ ကမ္ဘာကြီးဟာ Global Governance အောက်မှာ မိမိတိုင်းပြည်ရဲ့ တိုးတက်ဖွံ့ဖြိုးမှုကို မိမိရေမြေသဘာဝနဲ့အညီ ပုံဖော်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်စောစောကတင်ပြခဲ့တဲ့ Multilateralism ရဲ့အားသာချက်တွေကို အခုလဆန်းက နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားနဲ့ ဘီလာရုစ်နိုင်ငံတွေကို သွားရောက်ခဲ့တဲ့ ခရီးစဉ်ရဲ့ ရလဒ်က ထင် သာမြင်သာရှိတဲ့ ပြယုဂ်ဖြစ်ပါတယ်။
    ရုရှားနဲ့ ထားဝယ် ရေနက်ဆိပ်ကမ်းအတွက် On Shore Projects ဖြစ်တဲ့ Oil Refinery  လုပ်ဖို့ ဘီလာရုစ်နဲ့ လျှပ်စစ်ဓာတ်အား ရရှိရေးတို့အပြင် စစ်ရေး၊ လုံခြုံ ရေးကိစ္စအတွက်ပါ ညှိနှိုင်းဆောင်ရွက်ခဲ့တာ ရှိခဲ့ပါတယ်။ Multilateralism နဲ့ပတ်သက်လို့ ဆရာမောင်ကောင်းရိပ်က သူ့ရဲ့လူမှုကွန်ရက်မှာ 'Multimodal Connectivity အရ Pacific နဲ့ lndian Ocean  နဲ့ နှစ်ခုကို ဆက်စပ်ပေးမည့် 'ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း'၊ 'လတ်တလော မြန်မာအတွက်ရေးကြီးတဲ့ Electric Power Sufticiency အမြန်အစားထိုးနိုင်ဖို့ကို အခြားမိတ်ဖက်နိုင်ငံနဲ့ စီမံတာဟာ Countering/Balancing Game ကစားတာ မဟုတ်ဘူး"လို့ သုံးသပ်ထားတာဟာ အလွန်ကောင်းတဲ့ ရှင်းလင်းချက်ဖြစ်ပါတယ်။
    ကျွန်တော်တို့တစ်တွေ ကနေ့အချိန်မှာ ]Out of the Box} စဉ်းစားတတ်ဖို့ လိုပါတယ်၊ ကလေးဘဝမှာတုန်းက ပြောခဲ့ကြသလို "နင်နဲ့ငါနဲ့ မခေါ်တော့ဘူး။ ငါ့ ချိုးရုပ်ကလေး ပြန်ပေး"လို့ တောင်းမလား စဉ်းစားရမည့်ကာလ မဟုတ်တော့ပါဘူး။ ကနေ့ နစကရဲ့ ဆောင်ရွက်မှု တွေကို ကလေးဆန်ဆန် တွေးပြီး ရုရှားနဲ့ ဆက်ဆံမှုအပေါ် တရုတ်ကြီးက စိတ်များဆိုးတော့မယောင် နိမိတ်ပြ မေးခွန်းမေးတာ ဟာ အားနာပါးနာ ပြောရရင် Emotional ဖြစ်တဲ့ မေးခွန်း၊ တုတ်ထိုးအိုးပေါက် ပြောရရင်တော့ သံတမန်ရေး အတွေးအမြင်အရ ကျပ်မပြည်တဲ့ မေးခွန်းသာ ဖြစ်ပါလိမ့်မယ်။
(အယ်ဒီတာအဖွဲ့ဝင်တစ်ဦး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 156

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42837

© 2022 - 2025 News. All Rights Reserved.