၂၀၂၂ ဇန်နဝါရီ ၁၂
နှစ်သစ်ကို ရောက်ပါပြီ။
နှစ်ဟောင်းကိုကျော် လွန်ခဲ့ရင်းလူသစ်၊ စိတ်သစ်အတွေးအခေါ်အမြင်သစ်တွေ နဲ့
ကိုယ့်နိုင်ငံ၊ အမျိုး၊ ဘာသာ၊ သာသနာအတွက် ပိုတိုး တက်ကောင်းမွန်အောင်
ဆက်လက်လျှောက်လှမ်းသွားကြ ဖို့ပါ။ အခုနှစ်ဟာ မြန်မာပြည်သူတွေအတွက်
အလွန်အရေးကြီးတဲ့နှစ်ပါ။ ကိုယ့်နိုင်ငံရဲ့ ကံကြမ္မာကို ကိုယ်ဖန်တီး ရမည့်နှစ်ပါ။ You are
the Creator of Your Own Desti-ny ဆိုသလို ကိုယ်ဖြစ်အောင်လုပ်မှ
ကိုယ်ခံစားရမှာပါ။
ကျွန်တော် ခရီးထွက်ခဲ့ပါတယ်။
ဒီနိုင်ငံကို လွန်ခဲ့တဲ့ ၂၀၁၄ ကတစ်ခါ ပြန်ရောက်ပါတယ်။ အဲဒီ အချိန်မှာ လွန်ခဲ့တဲ့
၁၉၉၂ ထက် အများကြီး တိုးတက် ပြောင်းလဲခဲ့ပါတယ်။ ယခု ၂၀၂၂ မှာ ပြန်ရောက်တော့ လွန်ခဲ့တဲ့
၂၀၁၄ ကထက် အများကြီး တိုးတက်ပြောင်း လဲနေပြန်ပါပြီ။ မိတ်ဆွေတွေက ကျွန်တော့်ကို
အဲဒီနိုင်ငံ မှာ ခေတ္တခဏ သွားနေဖို့ တိုက်တွန်းကြပါတယ်။ ဘာမှ တခြားအကြောင်းတရား
မပါပါဘူး။ မီးပြတ်၊ ရေပြတ်၊ ကျန်းမာရေးကိစ္စတွေ အဆင်ပြေအောင်၊ စားချင်တာလေးတွေလည်း
စားနိုင်အောင်ပါ။ ကိုယ်ကလည်း ကိုယ့် တိုင်းပြည်မှာကိုယ် နေနေကျ ဖြစ်နေပြီဆိုတော့
ဒီလောက် က သိပ်မထောင်းတာလှပါဘူး။
သက်ကြားအိုတစ်ယောက်အနေနဲ့ ကျွန်တော် No country is Better Than Own, No Place is Better Than
Home ဆိုတာ
နားလည်ပြီးသားပါ။ ဒီလို သက်သောင့်သက်သာ အတွေ့အကြုံလေးကို ခံစားလိုက် ရတော့
]တတိယအရွယ်၏ ဒုတိယဝေဒနာ}ဆိုတာလေး တော့ သွားသတိရမိပါတယ်။ ခုလို
တိုင်းပြည်ချင်း အခြေအနေကို နှိုင်းဆရင်း ဒီအသက်အရွယ်မှာ
ဒီကိုပြန်ရောက်ခဲ့တာကြောင့် ဒီခံစားမှုလေး ပြန်ဖြစ်ရတာပါ။ ဒုတိယအကြိမ်
ပြန်စိတ်ဆင်းရဲရခြင်းပေါ့။
ဘာကြောင့် စိတ်ဆင်းရဲရတာလဲ အတိုချုပ်
ပြောရရင်တော့ ဖြစ်နိုင်ရဲ့သားနဲ့ သူတို့လို မဖြစ်လို့ပါ။ နိုင်ငံရေး၊ စီးပွားရေး၊
လူမှုရေးအရပါ။ ဒီလိုအဓိကကဏ္ဍတွေမှာ မပြည့်စုံလာတဲ့အခါကျတော့ ကျွန်တော်တို့ကို
အဘက်ဘက်က ၀ိုင်းတိုက်ခိုက်ကြပါတယ်။ ကျွန်တော်တို့ အိမ်နီးနားချင်းနိုင်ငံတွေနဲ့
နှိုင်းယှဉ်ဖို့ကာလအပိုင်းအခြား လေးတစ်ခု သတ်မှတ်ပြီး အမှန်အတိုင်းပြောရရင် ဒီကဏ္ဍ
လေးရပ်မှာ တိုးတက်မှုကို Economic
Indicators တွေနဲ့
တိုင်းတာကြည့်ရင် ကျွန်တော်တို့ နောက်ကျကျန်နေခဲ့ တာ သိသာပါတယ်။ စီးပွားရေး
အဆင်မပြေရင် ကျန်တာ တွေလဲ အဆင်မပြေနိုင်တော့ အဖြေကတော့ ရှင်းနေပါ တယ်။
တစ်နေ့က မိတ်ဆွေတစ်ယောက်က မြန်မာ့အ
ခြေအနေကို သုံးသပ်ထားတဲ့ ဆောင်းပါးလေးအကြောင်းပြောပြပါတယ်။ မြန်မာ့သမိုင်းစဉ်မှာ
မြန်မာမင်းများရဲ့ ခေတ်အဆက်ဆက် မငြိမ်းချမ်း၊ မညီညွတ်ခဲ့ကြတာ နောက်ဆုံး
ဗြိတိသျှကိုလိုနီ ဖြစ်သွားတော့မှပဲ စစ်ဆိုတာ ခဏပြတ်သွားတယ်။ လွတ်လပ်ရေးလဲပြန်ရရော
တစ်ခါ တကွဲတပြား ပြန်ဖြစ်ပြီး တိုက်ကြခိုက်ကြပြန်ရော။ လွန်ခဲ့ တဲ့နှစ် ရ၀ မှာ
ဘာစနစ်မှ တိတိပပမရှိဘဲ ပုဂ္ဂိုလ်ရေး ကြည်ညိုမှု (Hero Worship) နဲ့ ကိုယ်ကြိုက်သူကို
ကိုယ်မျက်စိမှိတ် ထောက်ခံရင်း ရှေ့တန်းတင် သွားနေကြတာ တစ်ယောက်က လက်နဲ့ရေးရင်
တစ်ယောက်က ခြေထောက်နဲ့ဖျက်လို့ အရာရာ တစ်ကနေချည်း ပြန်စနေရ တော့ ခရီးမတွင်ဘဲ
ဖြစ်နေခဲ့တာပါ။
ဒီတော့ လူမလေး ခွေးမခန့်ဖြစ်ပြီး အစော်
ကား ခံနေရတယ်။ ရိုးရိုးသားသား ၀န်ခံရရင် နိုင်ငံရဲ့ အဖွဲ့အစည်းအများစုဟာ System မရှိ၊ SOP မရှိ၊ Check and Balance မရှိ၊ စည်းကမ်းမလိုက်နာ၊ ? Mora နဲ့ Ethics ဆိုတာမရှိ၊ Responsibility eJY Accountability ဆိုတာ ဝေလာဝေး ဘာနဲ့တူလဲဆိုတော့
ပဲ့ပြင် ဆုံးမမည့် သူ မရှိတဲ့ အိမ်မှာကြီးပြင်းလာတဲ့ကလေးလို အကျိုးမဲ့စွာ နဲ့
အချိန်တွေ ကုန်လွန်လာခဲ့တာပါ။
အရေးကြီးတဲ့ Nation Buiding ကိုပဲ တိုတိုပြောရရင် အာဏာရှင်အစိုးရကို
မကြိုက်လို့ တရားမျှတ တဲ့ ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီလူ့ဘောင်တည်ထောင်ဖို့
အိပ်မက်မက်ခဲ့ကြတယ်။ ပြီးတော့ တလွဲတွေလုပ်ရင်း ( (Blaming Mentality) ) နဲ့ တစ်ယောက်ကို တစ်ယောက်
အပြစ်တင်နေရင်း ကနေ့ဘဝကို ရောက်ခဲ့ရတာပါ။
၂၀၁၅ မှာ စစ်အစိုးရလို့
သမုတ်ခံထားရသူတွေက အရှေ့တောင်အာရှက တပ်မတော်တွေလို ဒီမို ကရေစီ
အသွင်ကူးပြောင်းပေးဖို့၊ (Indonesia/Phillipines/ South Korea /
Pakistan/Thailand)တို့လို အရပ်သား တစ်ပိုင်းအစိုးရဖြစ်ဖို့၊ Democratic Transition ကို မြေ စမ်း ခရမ်းပျိုးပေးခဲ့ပါတယ်။
ပြီးတော့ ၂၀၂၀ မှာအရှိန်လေးပိုရအောင် လွှတ်ပေးကြည့်တယ်၊ (ဒီတိုင်းပြည်တွေလဲ ဒီဘဝက
တက်လာကြတာပါ) တစ်ချိန်က အာဏာရှင် စနစ်ကို တိုက်ဖျက်မယ်လို့ ကြုံးဝါးထားသူက တကယ်
တမ်းကိုယ်တိုင် ကိုယ့်လက်ထက် အာဏာရှင်စနစ်ကို လက်စသိမ်းနိုင်အောင်
လုပ်ခွင့်ရချိန်မှာ ဒီစနစ်ကို လက် မလွတ်နိုင်ဘဲ ၂၀၁၅ က နိုင်ငံရေးအရည်အသွေး မှတ်
ကျောက် မတင်ရသေးဘဲ Sympathy Vote နဲ့ ]သောင် ပြို ကမ်းပြို} နိုင်ခဲ့တယ်ဆိုပြီး
ဒါနဲ့မကျေနပ်နိုင်ဘဲ “ညွန့်ပေါင်းအစိုးရ မလိုချင်ဘူး}လို့ မှတ်ချက်ပေးလိုက်တော့ Democratic Values ရော၊ Democratic Culture ပါ ပျောက်ပြီး၊ ရွေးကောက်ပွဲကာလ NLD အစိုးရ ခြေလွန် လက်လွန်တွေ ဖြစ်ခဲ့တာပါ။
ဒါကိုဖြေရှင်းပေးဖို့ ညှိနိုင်း လို့ မရခဲ့တာကြောင့် တပ်က Constitutional Coup နဲ့ အာဏာ ၀င်ထိန်းခဲ့ရတာ ဖြစ်ပါတယ်။
နစကအစိုးရတက်လာပြီးချိန်မှာ
ဖြစ်လာခဲ့တဲ့ ဖြစ်စဉ်လေးတွေကို ပြန်ကြည့်ရင် ဒီအချက်တွေ တွေ့ရ ပါတယ်။
“ဆန္ဒပြပွဲတွေမှာ အရွယ်မရောက်သေးတဲ့ကလေး
Minors တွေကို GZ အမည်တပ်ပြီး Civlian Target အဖြစ် သုံးတယ်။
“ကိုဗစ်နဲ့ ပတ်သက်ပြီး ကုသဖို့
ဆေးကိရိယာတွေကို ဖျက်ဆီးခဲ့တယ်။ ကျန်းမာရေးဝန်ထမ်းတွေက အစ
ဆန္ဒမပြလိုသူဝန်ထမ်းတွေကို တစ်သက်လုံး မကြား ဘူးခဲ့တဲ့ CDM ဆိုတာ Social
Punis-hment ဆိုတာနဲ့ ခြိမ်းခြောက်ပြီး အကျပ်ကိုင် ဆန္ဒပြ ခိုင်းပါတယ်။
"Constitutional Government တစ်ရပ်ဖြစ်တဲ့
နစကရဲ့အာဏာကိုဖီဆန်ဖို့
NUG ဆိုတဲ့အဖွဲ့ကို ဖွဲ့တယ်။
"NUG ကဆက်ပြီး PDF
အမည်ခံ
လက်နက် ကိုင်အဖွဲ့ကို သူ့အောက်မှာ Armed
Wing အနေနဲ့ သိမ်း သွင်းပြီး Terrorist Activities မှန်သမျှ Bank Heist နဲ့ Extra Judicial Killings တွေ အပါအဝင် ကျူးလွန်တယ်။
" PDF ဟာ တော်လှန်ရေးအရေခြုံပြီး သာ သနာ့ဝန်ထမ်း၊
ဘုန်းကြီးနဲ့ သီလရှင်များကိုပါ သတ်ပြီး သာသနာကို စော်ကားတယ်။
" Scare Tactics တွေနဲ့ခြောက်လှန့်ပြီးကျောင်း မတက်၊
စီးပွားမရှာနိုင်အောင် ခြိမ်းခြောက်တယ်။
“တရားဥပဒေစိုးမိုးရေး ပျက်ပြားအောင် ရပ်^ကျေး အုပ်ချုပ်ရေး ၀န်ထမ်းများကိုလည်း
သတ် တယ်။
“လူမမယ်လေးတွေဟာ ဖောက်ခွဲရေးပစ္စည်း
လုပ်တတ်တယ်၊ သေနတ် ပစ်တတ်တယ်၊ လူသတ်ပြီး တော့ Revolution လို့ အော်တတ်လာတယ်။
“လမ်း၊ တံတားကစပြီး
လျှပ်စစ်ဓာတ်အားပေးပစ္စည်းတွေကို ဖျက်ဆီးတယ်၊ ရွာတွေကို မီးရှို့တယ်။
“သတင်းမှန်တွေကို ဖုံးကွယ်ထားပြီး
လုပ်ကြံ ထားတဲ့ တလွဲသတင်းတွေ ထည့်တယ်။ (ဒီလောက်ပဲပြောပါရစေ။)
ဒီလောက်တရားမဲ့လုပ်ရပ်တွေ အကြိမ်ကြိမ်
ကျူးလွန်လို့ NUG နဲ့ PDF ကို အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရက
တရားဝင်ကြေညာခဲ့ရပါတယ်။ ဒီလောက် စည်းလွတ်ဝါးလွတ် ဖြစ်နေသူတွေဘက်က ဘယ်စံတွေ၊
ဘယ်ဥပဒေတွေကို စံထားပြီး ကျောထောက်နောက်ခံပြုနေတာလဲဆိုတာ စဉ်းစားလို့ကို မရပါဘူး။
US ထောက်ခံမှုနဲ့ NUG ဆိုတဲ့ အဖွဲ့နဲ့
သူ့အိပ်ဆောင်လက်နက်ကိုင် PDF အဖွဲ့တွေ တရားမဲ့လုပ်နေ တာ၊ နိုင်ငံတကာ
လုပ်ထုံးလုပ်နည်းတွေနဲ့ မညီတာကိုပေါ်လွင်အောင် Terrorism နဲ့ Double
Standard ဆို
တာ နှစ်ခုကိုပဲ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့တွဲပြီး ဖော်ပြပေး ပါ့မယ်။
စဉ်းစားကြည့်ပါ။
The Department of Defence Dictionary of Military Terms
defines Terrorism as : The calculated use of unlawful violence or threat of
unlawful violence to inculcate fear, intended to coerce or to intimidate
governments or societies in the pursuit of goals that are generally political,
religious or ideological.
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်
ဘက်ဆိုင်ရာ အခေါ်အဝေါ် အဘိဓာန်မှာ အကြမ်းဖက် ၀ါဒကို အကြမ်းဖျင်းအားဖြင့် နိုင်ငံရေး၊
ဘာသာရေး (သို့) အတွေးအခေါ်တစ်ခုကို အကောင်အထည်ဖော်ရန် အလို့ငှာ တရားမဝင်သည့်
အကြမ်းဖက်နည်း (သို့) တရားမဝင်သည့် လုပ်ရပ်များကို တွက်ချက်၍ အသုံးပြု
ခြင်းအားဖြင့် အစိုးရတစ်ရပ်ကိုသော်လည်းကောင်း၊ လူ့ အဖွဲ့အစည်း
တစ်ခုအပေါ်ကိုလည်းကောင်း၊ အကြောက် တရားလွှမ်းမိုးစေရန် အတင်းအဓမ္မ လုပ်ဆောင်ခြင်း
’’လို့ တွေ့ရပါတယ်။ ဒါ US အစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာနရဲ့ တရားဝင်
အဓိပ္ပာယ်ဖွင့်ဆိုချက်နော်။
နောက်တစ်ခုက Double Standard ဆိုတာ ပါ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ "
Double standard: A set of principles that applies differently and usually more
rigorously to one group of people or circumstances than to another.Double
standards are seen as unjustified
because they violate a common maxim of modern jurisprudence that all
parties should stand equal before the law.
စံခွဲခြားခြင်း ဆိုသည်မှာ
လူအုပ်စုတစ်စု သို့ တည်းမဟုတ်။ အခြေအနေ တစ်ရပ်ရပ်အပေါ်တွင် မူဝါဒ တစ်မျိုးတည်းကို
ခွဲခြားအသုံးပြုခြင်း (သို့) ပိုမို တင်းကျပ်ခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။
စံခွဲခြား ခြင်းဟာ သာမန်အားဖြင့် ဥပဒအရသာတူညီမျှဖြစ်ရမည့် မျှခြေ}ကို ဖောက်ဖျက်ရာရောက်သည့်အတွက် ခေတ်မီ
တရားကျင့်ထုံးများ (Natural
law/ civil law/law of Nations အရ “ တရားမျှတမှုမရှိ}လို့ဆိုရမှာ ဖြစ်ပါတယ်။
ဒီအဓိပ္ပာယ်
ဖွင့်ဆိုချက်နှစ်ခုအရ
• အကြမ်းဖက်မှုတွေကို ဘယ်သူ ကျူးလွန်နေတာလဲ။
• ဒီအကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတဲ့အဖွဲ့ကို ဘယ်
သူတွေက ကျောထောက်နောက်ခံပြုနေတာလဲ။
• UN နဲ့ Asean က Double
Standard
သုံးနေတာ မထင်ရှားဘူးလား။
• မြန်မာနိုင်ငံအတွင်းမှာ ဒီလိုဖြစ်နေတာသူတို့ရဲ့
မီဒီ ညာတွေဟာ Media Ethics မရှိဘူး။ ဘာကြောင့် အမှန် အတိုင်း
မဖော်ပြရဲတာလဲ။
“ ဒါကြောင့်မို့ ဒီအောက်ကအချက်တွေနဲ့ UN/ US နဲ့ Asean ရဲ့လုပ်ရပ်တွေဟာ အဓိပ္ပာယ်ရှိသလား။
" Asean က (Five
point concensus) ထုတ်တယ်။ နစကရဲ့အကြမ်းဖက်မှုတွေ၊ ပြည်သူတွေကိုသတ် တာတွေကို
ရပ်ဖို့တဲ့။ / NUG
/ PDF Terrorist Acts နဲ့ Vextra
judicial killings တွေကိုတော့ လျစ်လျူရှုထားတာ
မဟုတ်ဘူးလား}}
︎ UN က NUG ဆိုတဲ့အဖွဲ့ကို အသိအမှတ်ပြုပြီး
သူ့ကိုယ်စားလှယ်ဆိုသူကို ခန်းမထဲ ၀င်ထိုင်ခွင့်ပြုသတဲ့။
“အကြမ်းဖက်လက္ခဏာ အပြည့်အဝညီညွတ်
တဲ့အဖွဲ့ကို အသိအမှတ်ပြုရင် ဘာလို့ ဒီတိုင်းပြည်ထဲမှာ ဆက်နေနေတာလဲ}}
“NUG ဆိုတဲ့အဖွဲ့က လာမယ့်ရွေးကောက်ပွဲ ကို
မပျက်ပျက်အောင် ဖျက်မယ်တဲ့။] ဒါသူတို့အိပ်မက်ထဲ က ဒီမိုကရေစီလား}
" US Senate လွှတ်တော်အမတ်တွေက Burma Act ကို ဥပဒေပြုပေးတယ်။ ဥပဒေက NUG နဲ့ PDF ကို ငွေကြေးထောက်ပံ့ဖို့တဲ့။ ]Senate က US
ရဲ့
DOD လက်ခံထားတဲ့ မူဝါဒတွေကိုကျော်ပြီး
ဥပဒေပြု တာပေါ့}}
" NLD က သူတို့ ၂၀၂၀ ရွေးကောက်ပွဲအနိုင် ရတာ၊ နစကက
မတရားအာဏာလုယူတယ်။ NLD အဖွဲ့ ၀င်တွေကို အရေးယူတာ၊
တရားစီရင်မှုတွေ မမှန်ကန် တာ စသည်ဖြင့် ကြေညာချက်ထုတ်ပြီး နစကကို အရေးယူမယ်လို့
ဆိုတယ်။ ]]နစက တရားရုံးများဟာ Con-situational ဖြစ်တယ်လေ}}
ဒါတွေအားလုံးကို သတ္တုချကြည့်လိုက်တော့
NUG ဆိုတဲ့အဖွဲ့ဟာ ရတဲ့နည်းနဲ့
လာမည့်ရွေးကောက်ပွဲ ကို ဘယ်လိုမှ လက်ခံလို့ မရဘူး။ ဘာကြောင့်လဲဆိုတော့
Legally elected government ဖြစ်လာရင် သူတို့ခင်း ထားတဲ့အကွက်တွေ
အကုန်ပျက်ပြီး နိုင်ငံတကာကလည်း ဒီလိုတက်လာမည့် အစိုးရကို စောင့်နေတာ ထောက်ခံ
မည့်သူက တစ်ပုံကြီး။
ဒီတစ်ပတ်အတွင်း ထူးခြားမှုတွေကိုကြည့်၊
မြန်မာကို ဘယ်သူတွေလာပြီး၊ ဘယ်သူနဲ့ တွေ့လဲ၊ ငြိမ်း ချမ်းရေးဆွေးနွေးပွဲတွေ
ဘာထူးလာလဲ၊ မူယာမာယာများနေတဲ့ EAO ကြီးနှစ်ဖွဲ့အတွင်း
ဘာထူးခြားမှုတွေဖြစ် သွားသလဲ၊ (ငုပ်လျှိုးနေတဲ့ ရေခဲမြစ်ကြီးတွေ track two နဲ့ lobby
)အကြောင်းက
ပြောလို့ မဖြစ်လို့။
၂၀၂၃ က ကြည့်ကောင်းမှာပါ၊ NUG/
PDF ကလည်း
ရတဲ့နည်းနဲ့ ရွေးကောက်ပွဲပျက်အောင် ပြည် တွင်း၊ ပြည်ပ ကြံရာပါတွေနဲ့တိုးပြီး
လုပ်လာမှာပါ၊ (တန်း ဆင်းဇုန်နား ရောက်နေပြီ)၊ စကားလေးတစ်ခုတော့ ရှိပါ တယ်။
"
When the going gets tough, Only the toughs get going " တဲ့။