၂၀၂၃ မေ ၉
မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ပြည်သူများ သဘာဝဘေးအန္တရာယ်မှ အဆုံးအရှုံးအနည်းဆုံးနှင့် ကျော်လွှားနိုင်ရေး ဆောင် ရွက်ရန် ကြိုတင်ပြင်ဆင်ထားကြောင်း ဆိုင်ကလုန်း မုန်တိုင်းဖြစ်ပေါ်လာနိုင်သည့် ခန့်မှန်းချက် သတင်းများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖြေကြားချက်များအရ သိရသည်။ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် မုန်တိုင်းအခြေအနေနှင့်ပတ်သက်၍ မျက်ခြည်မပြတ်စောင့်ကြည့် ကာ အလေးထားဆောင်ရွက်လျက်ရှိပြီး ဝန်ကြီးချုပ်ညွှန်ကြားချက်ဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ အရေးပေါ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကိုလည်း မေလ ၆ ရက်က ကော်မတီဥက္ကဋ္ဌဒုတိယ ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုယ်တိုင် ဦးစီးပြီးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“ အဓိကအချက် လေးချက်ဆွေးနွေးခဲ့ပြီး (၁) ကတော့မုန်တိုင်းဝင်လာမည်ဆိုရင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အခုက တည်း ကကြိုတင်ပြင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ အဆိုပါ အစည်းအဝေးမှာ မုန်တိုင်းဝင်လာရင်အရေးကြီးပစ္စည်းတွေဖြစ်တဲ့ ဆက် သွယ်ရေးစက်၊ ကယ်ဆယ်ရေးပစ္စည်းတွေကိုဖြန့်ခွဲပြီးပို့ဖို့ အခုကတည်းကညွှန်ကြားလိုက်ပြီး ဖြစ်ပါတယ်။ ဆောင်ရွက်နေပြီလည်း ဖြစ်ပါတယ်။

ပြည်သူတွေ သဘာဝဘေးအန္တရာယ်ကနေ အဆုံးအရှုံးအနည်းဆုံးနဲ့ကျော်လွှားနိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။ (၃)အချက်အနေနဲ့ကတော့ မုန်တိုင်းက အခြားနေရာကို ပြောင်းသွားရင်လည်း ကြိုတင်ပြင်ဆင်ခြင်းက လေ့ ကျင့်ခြင်း အကျိုးကျေးဇူးရရှိမှာ ဖြစ်ပါတယ်။ (၄)အချက်အနေနဲ့ကတော့ တစ်နိုင်ငံလုံးအတိုင်းအတာအရ ဆောင်ရွက်ခြင်းတွေ၊တိုင်းဒေသကြီး၊ ပြည်နယ်အလိုက်တုံ့ပြန် ဆောင်ရွက်ခြင်းတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အလားတူပါပဲ အမျိုးသားသဘာ ဝဘေး အန္တရာယ် စီမံခန့်ခွဲမှုကော်မတီရဲ့အောက်မှာ လုပ်ငန်းကော်မတီ ၁၂ ခုရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။ ရှာဖွေ ကယ်ဆယ်ရေးဆပ်ကော်မတီ၊ ပို့ဆောင် ဆက်သွယ်ရေးဆပ်ကော်မတီ၊ ကျန်းမာ ရေးဆပ်ကော်မတီ၊ ပြန်လည် ထူထောင် ရေးဆပ်ကော်မတီ၊ လုပ်ငန်းကော်မတီ အသီးသီးကလည်း လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ပြီး ကြိုတင် ပြင်ဆင်မှုထိခိုက်ခံရ နိုင်ခြေများတဲ့နေရာများ ၊ ဧရာဝတီတိုင်းတွင် ဘေးဒဏ်ခံ နားခိုသည့် အဆောက်အအုံများ၊ ဆိုင်ကလုန်း ရှက်တာ ၄၇ ခု၊ ဘေး ဒဏ်ခံ တည်ဆောက် ပြီး ၁၁၈ ခု၊ တည်ဆောက်ဆဲ ၁၇ ခုနှင့် ကယ်ဆယ်ရေးပစ္စည်းများကိုလည်း စုပုံထားပြီးဖြစ်ကြောင်း၊ ကယ် ဆယ် ရေးပစ္စည်းသိုလှောင်သည့် တိုင်းအဆင့်တွင် တစ်ခု၊ ခရိုင်အဆင့်တွင် ခြောက်ခု၊ မြို့နယ်အဆင့် ခြောက်ခုတွင် အိမ်ထောင်စု ၆၀၀၀ အတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ အသုံးပြုရမည့် ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ခွဲထားပြီးဖြစ်ကြောင်း သိရသည်။
“ ကယ်ဆယ်ရေးပစ္စည်းတွေမှာ သူ့ကိုယ်တာအလိုက်ပါပါတယ်။ ဝတ်ဖို့၊ စားဖို့ လုံချည်၊ ထဘီကအစ စောင်ထူနဲ့ ခြင်ထောင်တွေကအစ ချက်ပြုတ်စားသောက်ဖို့အတွက် ဒန်အိုး၊ ဇလုံ ဒါတွေကအစမိုးရေခံတာပေါ်လင်စများကို ခန့်မှန်းတွက်ချက်၍ စုပုံထားပြီး ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
ရှာဖွေကယ်ဆယ်ရေး အရေးပေါ်သုံး ပစ္စည်းများအနေဖြင့် ဖိုက်ဘာ စက်လှေ ၅၉ စင်း၊ အသက်ကယ်အင်္ကျီ အထည် ၂၅၀၀ ခန့် နှင့် အသက်ကယ်ဘောကွင်း၊ ရေစုပ်စက်၊ ရေစုပ်ပိုက်တို့ကိုလည်းဖြန့်ခွဲထားပြီးဖြစ်သကဲ့သို့ ရန်ကုန်တိုင်းဒေသကြီး ကျောက် တန်း၊ကွမ်းခြံကုန်း၊ ကော့မှူး၊ ခရမ်းသုံးခွမြို့နယ်များ၊ မြစ်ဝကျွန်းပေါ်နှင့်နီးသည့်နေရာများ၊ ကမ်းရိုးတန်းနှင့်နီး သည့်နေရာများတွင် ဆိုင်ကလုန်းရှက်တာ အပါအဝင် နားခိုစရာ အဆောက်အအုံ ကိုးလုံး တည်ဆောက်ပြီး အိမ်ထောင်စု ၅၀၀၀ အတွက် ထောက်ပံ့ ရေး ပစ္စည်းတွေ စုပုံထားပြီး ဖြစ်ကြောင်းကြောင်းသိရသည်။
ထို့အပြင်ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မာန်အောင်၊ စစ်တွေ၊ ပေါက်တော၊ တောင် ကုတ်၊ ဂွမြို့တို့တွင် နားခိုရာအ ဆောက် အ အုံတည်ဆောက် ပြီး ၅၄ လုံးနှင့် တည်ဆောက်ဆဲခြောက်လုံး၊ ရှိပြီး သိုလှောင်ထားသည့်ပစ္စည်းများ ပြည်နယ်အဆင့်တစ်ခု၊ ခရိုင်အဆင့် ငါးခု၊ မြို့နယ်အဆင့် သုံးခု၊ အိမ်ထောင်စု ၉၀၀၀ ခန့်အတွက် ထောက်ပံ့မည်ပ့ပစ္စည်းများအသင့်ရှိပြီး ဖြစ်သကဲ့သို့ အရေးပေါ်သုံးမည့် ဖိုက်ဘာစက်လှေ ၃၃ စင်း၊ အသက်ကယ်အင်္ကျီ ၅၀၀၀ ကျော်၊ ရေစုပ်စက်၊ ရေစုပ်ပိုက်များကိုလည်း လုပ်ဆောင်ထားပြီးဖြစ်၍ တစ်နိုင်လုံး အတိုင်းအတာအနေဖြင့် မုန်တိုင်းဒဏ်ခံအဆောက်အအုံ သဘာဝဘေးအန္တရာယ်ဖြစ်လျှင် ခိုနားရန် အဆောက်အအုံ ၁၄၃ လုံးရှိနေကြောင်း သိရသည်။
ထို့အပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှာ ဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်၍ အနီးကပ်စောင့်ကြည့်နိုင်ရန်၊ လျင်မြန်စွာတုံ့ပြန်နိုင်ဖို့အတွက် Disaster Management Center ဖွင့်လှစ်ပြီးစောင့်ကြည့်သွားမည်ဖြစ်သလို တပ်မတော်ပိုင်းအနေဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အမိန့်စောင့်စရာမလိုဘဲ ပြည်သူလူထုကို အမြန်ဆုံးကူညီရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်ရင်းတပ်ဖွဲ့များကို ညွှန်ကြားပြီးဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။