ရန်ကုန်၊ မတ် ၁၂
စားသုံးသူများမှာ ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိစေရန်နှင့် နစ်နာဆုံးရှုံးမှုများ မရှိစေရန်အတွက် စားသုံးသူကာ ကွယ်ရေးလုပ်ငန်းများလည်းများစွာလို အပ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းက မတ် ၁၀ ရက်တွင်(UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ (World Consumer RightsDay)အခမ်းအနားတွင် ပြော ကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းက "စားသုံးသူတစ်ဦးဟာ ကုန်စည် ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခုကို သုံးစွဲလိုက်သည့်အချိန်တွင် ထိခိုက်နစ်နာမှု ဖြစ်ပေါ်လာသည့်အခါမှာ ရသင့်ရထိုက်သည့် 'စားသုံးသူ အခွင့်အရေး'ကို လုပ်ငန်းရှင်ထံမှ အပြည့်အဝတောင်းဆို ပိုင်ခွင့်ရှိ ကြောင်း၊ ယခုလို တောင်းဆိုနိုင်ရန်အတွက် စားသုံးသူများသည် စားသုံးသူအခွင့် အရေးများအကြောင်းကို နားလည်ထားရန် လိုအပ်သကဲ့သို့ စားသုံးသူများမှာ ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိစေရန်နှင့် နစ်နာဆုံးရှုံးမှုများမရှိစေရန်အတွက် စားသုံးသူကာကွယ်ရေး လုပ်ငန်းများလည်း များစွာလိုလာပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အခမ်းအနား ကျင်းပဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့ (Consumer International)မှ သတ်မှတ်ပေးသည့် ဆောင်ပုဒ်များနှင့်အညီ စားသုံးသူများအား ထိရောက်သော အသိပညာပေးနိုင်ရေးကိုလည်း ထည့်သွင်းဆောင်ရွက်လျက်ရှိသည့်အတွက် ၂၀၂၅ ခုနှစ် မတ်လ ၁၀ ရက်တွင် ပြုလုပ်သည့် 'ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့'အခမ်းအနားကိုလည်း သတ်မှတ်ပေးသည့် ဆောင်ပုဒ်နှင့်အညီ စားသုံးသူပြည် သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ အားလုံးသည် မိမိတို့ ကျင့်ဝတ်များနှင့်အညီ ကုန်စည်များ ထုတ်လုပ်ခြင်း၊ ဝယ်ယူသုံးစွဲခြင်း၊ ပြန်လည်ပြင်ဆင် အသုံးပြုနိုင်သည့် ပစ္စည်းများပြုပြင်၍ ပြန်လည် အသုံးပြုခြင်းဖြင့် ကောင်းမွန်သော ပတ်ဝန်းကျင်နှင့် လူနေမှုဘဝကို တည်ဆောက်သွားနိုင်မှာ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီမှ အတွင်းရေးမှူး ဦးကျော်ကျော်လွင် က အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ၂၀၂၄-၂၅ ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေများအား လည်းကောင်း၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီး ဌာန၊ (ရန်ကုန်)မှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာစုစုပိုင်က စားသုံးသူများ သိသင့်သိထိုက်သည့် အကြောင်း အရာများကို လည်းကောင်း၊ Food Science and Technology Association (FOSTA) မှ ဘဏ္ဍာရေးမှူး ဒေါက်တာရီရီမြင့်က စားသုံးသူများ သိသင့်သိထိုက်သည့် အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့ကြကြောင်း၊ ထို့နောက် ဟောပြောဆွေးနွေးသည့် အကြောင်းအရာများထဲမှ ဉာဏ်စမ်းပဟေဠိပြိုင် ပွဲကျင်းပခြင်းနှင့် ဆုလက်ဆောင်ချီးမြှင့်ခြင်း တို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ သက်မှူး