တစ်ပါတီကြီးစိုးသည့်စနစ်က အကျိုးအပြစ်များ၍ ပါတီအချင်းချင်း အပေးအယူများ ရှိလာနိုင်၊ အလွှာစုံ ကိုယ်စားပြုနိုင်သူများ ပါဝင်သည့် လွှတ်တော်ဖြစ်ရန် လိုအပ်

နေပြည်တော်၊ မတ် ၁၉ 
    တစ်ပါတီကြီးစိုးသည့်စနစ်က အကျိုးအပြစ်များခြင်းကြောင့် ရွေးကောက် ပွဲအခင်းအကျင်းမှတစ်ဆင့် တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်နိုင်သည့် လွှတ်တော်တစ်ရပ် ဖြစ်လာစေရန် ပါတီကြီးများနှင့် ပါတီငယ်များ ညှိနှိုင်းဆွေးနွေး အပေးအယူပြု လုပ်သင့်ကြောင်း နိုင်ငံရေးပါတီတချို့မှ သုံးသပ်ပြောဆိုကြသည်။ 
    မြို့နယ်တချို့ကိုသာ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ပါတီငယ်များအား ပါတီကြီးများက နားလည်မှုပေးနိုင်လျှင် အလွှာစုံသည့် လွှတ်တော်တစ်ရပ် ဖြစ်လာနိုင်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) အတွင်းရေးမှူး(၂) စောခွန်ကျော်ဝင်းက ပြော သည်။ 
    ရွေးကောက်ပွဲ အခင်းအကျင်းကနေ အလွှာစုံက တိုင်းရင်းသားကိုယ်စားလှယ်တွေပါမယ်။ ပြည်မဘက်မှာဆိုရင်လည်း အလွှာစုံက ကိုယ်စားပြုနိုင်တဲ့ သူတွေပါရင်တော့ လွှတ်တော်ထဲမှာ ဆွေးနွေးကြတဲ့အခါ ကဏ္ဍအစုံ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်လာမယ်။ တစ်ပါတီတည်း ကြီးစိုးရင်တော့ တခြားသူ ဘယ်လောက်ပဲ ဆွေးနွေးပြောဆိုနေပါစေ လုပ်လို့မရတော့ နောက်ဆုံး လွှတ်တော် မတက်ချင်တဲ့ပုံစံ ဖြစ်လာတယ်။ တိုင်းပြည်အတွက်တော့ မကောင်းဘူး။ အဓိကတော့ လူထုပါ။ လူထုက ဘယ်သူ့ကိုမဲပေး မလဲ။ ကိုယ်ရုံးစိုက်ရာ နေရာဒေသမှာ အလုပ်သေချာ လုပ်တယ်။ ကိုယ့်ပါတီကို မဲပေးလာအောင် စည်းရုံးနိုင်ရမယ်။ နိုင်ငံရေး ပါတီဖွဲ့ပြီး လူထုအတွက် အလုပ်မလုပ်ဘူး။ ရွေးကောက်ပွဲနီးခါမှ ဘာလုပ်မယ်၊ ညာ လုပ်မယ် ဆိုရင်တော့လည်း မကောင်းဘူး။ တစ်နိုင်ငံလုံး ယှဉ်ပြိုင်မယ့် ပါတီကြီးတွေနဲ့ ပါတီငယ်တွေ အပေးအယူရှိ လာနိုင်တယ် ဆိုတာက ဘယ်ပြည်နယ်နဲ့တိုင်းကို ခင်ဗျားတို့ဝင်၊ ဘယ်နေရာကိုတော့ ဘယ်ပါတီက ဝင်ဆိုတာမျိုး ခွဲကောင်းခွဲလိမ့်မယ်။ ဆန္ဒပြုချင်တာကတော့ တိုင်းရင်းသား အခြေပြုတဲ့ ဒေသတွေမှာ တချို့က မြို့နယ်တစ်ခု၊ နှစ်ခုပဲ ဝင်ပြိုင်တယ်။ သူတို့ဝင်ပြိုင်တဲ့ နေရာကို ပါတီကြီးတွေက ရှောင်ပေးသင့်တယ်။ သူတို့ ရှောင်ပေးရင် တိုင်းရင်းသားကိုယ်စားပြုမှု ရလာမယ်။ သူလည်း မဲပုံးထောင်၊ ကိုယ် လည်း မဲပုံးထောင်ဆိုရင် မဲက ကွဲကုန်မယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာဆိုရင် အင်းပါတီ}က ညောင်ရွှေတစ်မြို့နယ်ပဲရှိတယ်။ အင်းတိုင်းရင်းသားရေးရာဝန်ကြီး နေရာရယ်၊ ပြည်သူ့ လွှတ်တော် ရယ်ပါတယ်။ အမျိုးသား တော့မပါဘူး။ ပါတီကြီးတွေက ဝင်ပြိုင်တော့ အင်းပါတီက မရတော့ဘူး။ အင်းကိုယ်စားပြုမှု မပါနိုင်တော့ဘူး။ အဲဒီလိုဆိုတော့ ပါတီကြီးတွေက နားလည်ပေးနိုင်ရင် ပို ကောင်းမယ်ဟု ၎င်းင်းကပြောသည်။
    ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေး ပါတီများအနေဖြင့် ကြိုတင်ညှိနှိုင်း သဘောတူညီချက်များ ရယူသင့်သည်ဟူသော နိုင်ငံရေးအသိုင်းအဝိုင်းကြား သုံးသပ်မှုများအရ အပေးအယူသဘောမျိုး ဖြစ်နိုင်ကြောင်း ကရင်ပြည်သူ့ပါတီဥက္ကဋ္ဌ နမ့်ခင်အေးဦးက ပြောသည်။ 
    ]]ရွေးကောက်ပွဲမတိုင်ခင် ကြိုတင်သဘောတူညီချက်တွေဆိုတာက ကျွန်မ ထင်တာကတော့ နည်းနည်းအပေးအယူ လုပ်ကြမလဲပေါ့။ အားလုံးမျှခြေပါဖို့ဆိုရင်လေ။ အားလုံးညီညီမျှမျှ ရသွားအောင်လို့။ ညွန့်ပေါင်းရယ်လို့တော့ မဟုတ်ဘူး။ ပါတီတစ်ခု တည်းက ကြီးစိုးတာမျိုး မဖြစ်စေချင်ဘူး။ ပါတီတစ်ခုတည်း ကြီးစိုးတဲ့အခါ အကျိုးအပြစ်တွေက ဖြစ်လာတယ်။ ဒီတစ်ခေါက်ကတော့ အဲဒီလိုမျိုး ဖြစ်မလားလို့ မျှော်လင့်ရတယ်။ တိုင်းရင်းသား အစုံပါစေချင်တယ်။ အင်အားကြီးတဲ့ တိုင်းရင်းသားတွေထဲကလည်း ပါရမယ်။ တကယ် လုပ်ရည်ကိုင်ရည်ရှိတဲ့ သူတွေလည်းပါ။ အဲဒီလိုဖြစ်စေချင်တယ်။ တစ်ပါတီတည်း ကြီးစိုးတာထက် မျှခြေပုံစံကို လုပ်လာကြလိမ့်မယ်လို့ ယူဆရတယ်။ အဲဒီ လိုဖြစ်ဖို့ ညှိနှိုင်းလုပ်ကြမယ်ထင်တယ်။ တိုင်းရင်းသားပါတီငယ်လေးတွေကိုလည်း ရစေချင်တယ်။ ပြည်ခိုင်ဖြိုးနဲ့ အပေးအယူ လုပ်မလား။ ကျွန်မ မသိဘူး။ အဲဒီပါတီငယ်လေး တွေက ပြည်ခိုင်ဖြိုးနဲ့ ညှိနှိုင်းပြီး အပေးအယူ လုပ်ရမယ်ထင်တယ်။ လူနည်းစုလေးတွေ လည်း ရသွားဖို့တော့ လုပ်မယ်ထင်တယ်။ ဘယ်လိုနည်းနဲ့ လုပ်မလဲတော့ မသိဘူးဟု ၎င်းင်းကပြောသည်။ 
    ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ အဖြစ်အပျက်များကို စံနမူနာထား၍ မိမိ တစ်ပါတီ ကောင်းစားရေးဆိုခြင်းထက် တိုင်းပြည်တည်ဆောက်ရေးကို ဦးစားပေး ဆောင်ရွက်သင့်ကြောင်း နိုင်ငံရေးအသိုင်း အဝိုင်းကြား ထောက်ပြပြောဆိုနေကြသည်။ 
    ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၂၅ခုနှစ် ဒီဇင်ဘာ သို့မဟုတ် ၂၀၂၆ ဇန်နဝါရီတွင် အစောဆုံး ကျင်းပသွားရန်ရှိကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန် ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။ 
    လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သည့် တည်ဆဲနိုင်ငံရေးပါတီ ၅၀ ကျော်ရှိလာပြီဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် လူထုကိုစည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။ ကွန်းဈာန်

Total Views ~ 106

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42993

© 2022 - 2025 News. All Rights Reserved.