တန်ဖိုးမြင့် လျှပ်စစ်သုံး လူစီးယာဉ်များ အကောက်ခွန်ကုန်လှောင်ရုံအတွင်း ထည့်သွင်းခွင့် ဇန်နဝါရီလကုန်ထိ ခွင့်ပြုမည်

ရန်ကုန်၊ ဇန်နဝါရီ ၈
    အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ သတ်မှတ်ချက်အထက် တန်ဖိုးမြင့် လျှပ်စစ်သုံးလူစီးယာဉ်များအား အကောက်ခွန်ကုန် လှောင်ရုံအတွင်း ထည်သွင်းခွင့်ကို ၂၀၂၅ ခုနှစ် ဇန် နဝါရီ ၃၁ ရက်အထိသာ ခွင့်ပြုမည်ဖြစ်ပြီး ကျန် Taxi၊ အများသုံးယာဉ်နှင့် လုပ်ငန်းသုံးယာဉ်များကို ယခင်အတိုင်းဆက်လက်ထည့် သွင်းခွင့်ပြုမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ အသိပေးကြေညာထားသည်။ 
    ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သည့် သတင်းလွှာ(၇/၂၀၂၄)အရ အကောက်ခွန်ကုန်လှောင်ရုံတွင် ထည့်သွင်းခွင့်ပြုထားသည့် ကုန်စည်အုပ်စုငါးမျိုးနှင့် စပ်လျဉ်း၍ အကျုံးဝင်သည့် HS Code 10 Digit ကုန်စည်လိုင်း ၆၈၅ လိုင်းနှင့် CMP စနစ်ဖြင့် တင်သွင်းသည့် ကုန်ကြမ်းပစ္စည်း၊ စက်ပစ္စည်းနှင့် ဆက်စပ်စ္စည်းများအား ၃၀-၁၁-၂၀၂၄ ရက်တွင် ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သည့် သတင်း လွှာ(၂/၂၀၂၄)ဖြင့် ထုတ်ပြန်ထားသည့် ကုန်ပစ္စည်းအုပ်စုများ (HS Code)အား အကောက်ခွန်ကုန်လှောင်ရုံအတွင်း သိုလှောင်ရန်အတွက် အ ကောက်ခွန်ဦးစီးဌာန သို့ လျှောက်ထားမှုကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိသာ ခွင့်ပြုမည်ဖြစ်ကြောင်း အသိပေး ကြေညာခဲ့ပြီးဖြစ်ကြောင်း သိရသည်။
    ကုန်စည် အုပ်စု(၅)အနက် ကုန်စည် အုပ်စုလေးမျိုး၊ HS Code 10 Digit ကုန်စည်လိုင်း ၆၈၅ လိုင်းအား အကောက်ခွန်ကုန်လှောင်ရုံတွင် ထည့်သွင်းသိုလှောင် ခွင့်ပြုရန် လျှောက်ထားလာပါက ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်၍လည်းကောင်း၊ CMP စနစ်ဖြင့် တင်သွင်းသည့် ကုန်ကြမ်းပစ္စည်း၊ စက်ပစ္စည်းနှင့် ဆက်စပ်စ္စည်းများအား အကောက်ခွန်ကုန်လှောင်ရုံတွင် ထည့်သွင်းသိုလှောင်ခွင့်ပြုရန် လျှောက်ထားလာပါက ၂၀၂၄ ခုနှစ်ဒီဇင်ဘာ ၁ ရက် မှစတင်၍လည်းကောင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။ သက်မှူး

Total Views ~ 103

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43013

© 2022 - 2025 News. All Rights Reserved.