တပ်မတော်(လေ)၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် တပ်မတော်(လေ)ထုတ် ကင်းထောက်လေယာဉ် အမျိုးအစားနှစ်မျိုး ပါဝင်သရုပ်ပြ ပျံသန်း

ရန်ကုန်၊ ဒီဇင်ဘာ ၁၈
    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တပ်မတော်(လေ)၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် တပ်မတော်၏ လေကြောင်းစွမ်းပကား မြင့်မားစေရန်အတွက် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်းပြုလုပ်ရာ တပ်မတော်(လေ)မှ အရာရှိ၊ စစ်သည်များကိုယ်တိုင် စမ်းသပ်တီထွင်ထုတ်လုပ်ထားသော MTX-1A နှင့် MTX-1B အမျိုးအစားလေယာဉ်များပါဝင်ပျံ သန်းခဲ့ကြောင်း သိရသည်။
    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် တပ်မတော်(လေ)၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် နိုင်ငံတော်နှင့် တပ်မတော်၏ လေကြောင်းစွမ်းပကား မြင့်မားစေရန်အတွက် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၁၅ ရက်က မိတ္ထီလာ တပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်၌ပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့သည်။
    တပ်မတော်(လေ)လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားများ ၁၄ ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ယခုအခါ လေယာဉ်၊ ရဟတ်ယာဉ်များကို တပ်တော်ဝင်ခြင်းဆောင်ရွက်ပြီး တပ်မတော် (လေ) သို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ လေယာဉ်၊ ရဟတ်ယာဉ်များ တိုးတက်ဖြည့်ဆည်းပေးနိုင်သည့်အတွက် တပ်မတော်(လေ)၏ စစ်ဆင်ရေးနှင့် အခြားပျံသန်းရေးတာဝန်များ ထမ်းဆောင်ရာတွင် အဓိက အရေးပါသည့် စွမ်းဆောင်ရည်များကို မြှင့်တင်ပေးရာရောက်သကဲ့သို့ တပ်မတော်အတွက် တိုက်စွမ်းရည်နှင့် တိုက်စွမ်းအားတိုးတက်မြင့်မားအောင် အထောက်အကူပြု စေမည်လည်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ ထို့အပြင် တပ်တော်ဝင်ပေးလိုက်သည့် လေယာဉ်ရဟတ်ယာဉ်များကို မြတ်နိုးတန်ဖိုးထားစွာ ကိုင်တွယ်အသုံးပြုပျံသန်းပြီး တပ်မတော်၏ ဂုဏ်ကို မြှင့်တင် ဆောင်ရွက်သွားကြရန်၊ နိုင်ငံတော်ကို ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်နိုင်သည့် စွမ်းရည်မြင့်မားသော ခေတ်မီတပ်မတော် (လေ)အဖြစ် အစဉ်ရပ်တည်နိုင်အောင် ကြိုးစားအားထုတ်တည် ဆောက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ သည်။
    တပ်တော်ဝင်အခမ်းအနားတွင် ပါဝင်ပျံသန်းခဲ့သည့် MTX-1A နှင့် MTX-1B လေယာဉ်များသည် တပ်မတော်(လေ)မှ အရာရှိ၊ စစ်သည်များကိုယ်တိုင် စမ်းသပ်တီထွင် ထုတ်လုပ်ထားသော ကင်းထောက်လေယာဉ် အမျိုးအစားဖြစ်ကြောင်း သိရသည်။ Reverse Engineering နည်းလမ်းဖြင့် လေယာဉ် ထုတ်လုပ်မှုနည်းပညာနှင့် အတွေ့အကြုံများ ရရှိရန်ရည်ရွယ်၍ စမ်းသပ်ထုတ်လုပ်တပ်ဆင်ခဲ့ခြင်းဖြစ်ပြီး MTX-1A လေယာဉ်အား Cockpit Flight Display System? Comm-unication & Navigation System တို့ကို Design ထုတ်လုပ်၍ System Integration ပြုလုပ်တပ်ဆင်ကာ ၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့သည်။ MTX-1A လေယာဉ်ထုတ်လုပ်မှု အတွေ့အကြုံများကို အခြေခံ၍ ပိုမိုခေတ်မီ အဆင့်မြင့်သည့် MTX-1B လေယာဉ်အား တပ်မတော်(လေ)မှ အရာရှိ၊ စစ်သည်များက အဆင့်မြင့် Cockpit Display များ၊ ဆက်သွယ်ရေးစနစ်များနှင့် ကိုယ်ထည်ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုများ ပြုလုပ်ကာ ထပ်မံဆန်းသစ်တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လေယာဉ်ထုတ်လုပ်မှု အဆင့်တိုင်းတွင် အရည်အသွေးစစ်ဆေးခြင်းနှင့် Funct-ional and Operational Test လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး Turboprop အင်ဂျင်နှင့် Glass Cockpit System တို့ တပ်ဆင်ထားသည့် MTX-1B လေယာဉ်အား ထုတ်လုပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
    MTX-1B လေယာဉ်အား ၂၀၂၄ ခုနှစ် မတ်လတွင် စမ်းသပ်ပျံသန်းခြင်းများကို အောင်မြင်ခဲ့ကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 107

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43013

© 2022 - 2025 News. All Rights Reserved.