ရန်ကုန်၊ မတ် ၂၆
ထိုင်းနိုင်ငံ ဖလမ်းဆောင် (RAMA-2) အမြန်လမ်း မိုးပျံတံတား ပြိုကျမှုဖြစ်စဉ်၌ ထိခိုက်သေ ဆုံးခဲ့သည့် မြန်မာနိုင်ငံသား အလုပ်သမားများအတွက် ဥပဒေနှင့်အညီ အကျိုးခံစားခွင့်များရရှိရေးအတွက် အလုပ်သမားသံအရာရှိရုံးမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ် မတ် ၁၅ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဖလမ်းဆောင် (RAMA-2) အမြန်လမ်း မိုးပျံတံတား တည်ဆောက်ရေး လုပ်ငန်းခွင်၌ ကွန်ကရစ် ဘလောက်တုံးများ ပြိုကျမှုကြောင့် ထိခိုက် သေဆုံးခဲ့သည့် အလုပ်သမားသုံးဦးနှင့် စပ်လျဉ်း၍ ထိုင်းနိုင်ငံ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် အမြန်ဆုံးရရှိနိုင်ရေးနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အလုပ်သမားများအတွက် ဥပဒေနှင့်အညီ ဆေးကုသခွင့် နှင့် အကျိုးခံစားခွင့်များရရှိရေး ဘန်ကောက်မြို့ အလုပ်သမား သံအရာရှိရုံးမှ ထိုင်းအလုပ်ရှင်နှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။
ယင်းမိုးပျံတံတားပြိုကျ မှုဖြစ်စဉ်ကြောင့် ဆေးရုံတွင် ဆေးကုသမှုခံယူနေသော အလုပ်သမားများထံသို့ သွားရောက်ကြည့်ရှုခြင်း၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ ထိခိုက်ဒဏ်ရာရရှိသော အလုပ်သမားများအတွက် ပြုစုစောင့်ရှောက်ပေးနေသည့် လူမှုရေးအဖွဲ့များနှင့် တွေ့ဆုံခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Bellcon Co.,Ltd ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ မြန်မာအေဂျင်စီ Success Family Co., Ltd အစဉ် MoU စနစ်ဖြင့် လာရောက်ခဲ့သော မောင်နိုင်လင်းအောင်၏ လုပ်ငန်းခွင် မတော်တဆမှုအပေါ် သေဆုံးမှုနှင့်စပ်လျဉ်း၍ အလုပ်ရှင်မှ သေဆုံးသူအတွက် ထောက်ပံ့ကြေးငွေ ဘတ် ၁၀၀၀၀၀ ၊ လုပ်အားခကျန် ငွေဘတ် ၇၅၃၆ စုစုပေါင်းဘတ် ၁၀၇ç ၅၃၆ အား သေဆုံးသူမိသားစုထံ ပထမအကြိမ် အနေဖြင့် ပေးအပ်ခဲ့ပြီး ဥပဒေနှင့်အညီခံစား ခွင့်ရရှိမည့် ဘတ် ၇၄၃၄၅၄၇၄ အားတွင် ထပ်မံပေးအပ်နိုင်ခဲ့ပြီး သေဆုံးသူအတွက် နစ်နာကြေးနှင့် ထိုင်းနိုင်ငံလူမှုဖူလုံရေးဥပဒေနှင့်အညီ ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်များရရှိရေး အလုပ်သမား သံအရာ ရှိရုံးမှ ဆောင်ရွက်ပေးလျက်ရှိသည်။ ထူးမြတ်