ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး အစိုးအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ ဆောက်လုပ်ပြီးစီးသော အိမ်ခန်းများကို နေရေးအခက်အခဲရှိသော ဝင်ငွေနည်း ပြည်သူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တန်ဖိုးနည်းအခန်းများအား ဝယ်ယူခွင့် အိမ်ခန်းလျှောက်လွှာများကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးရုံး၊ မြေညီထပ် (Yangon City Gallery) တွင် ဖေဖော်ဝါရီ ၁၃ ရက်မှစတင်ပြီး ဖေဖော်ဝါရီ ၂၁ ရက်အထိ ရုံးချိန်အတွင်း ရောင်းချသွားမည်ဖြစ်ကြောင်း ရိုးမရိပ်သာ အိမ်ခန်းရောင်းချရေး ကော်မတီ မှ သိရသည်။
လျှောက်လွှာများကို သတ်မှတ်ပုံစံအတိုင်း ဖြည့်သွင်းပြီးပါက ဖေဖော်ရီ ၁၇ ရက်မှ ၂၅ ရက်အထိ ရုံးချိန်အတွင်း ပြန်လည် တင်ပြရမည်ဖြစ်ဟုလည်း အသိပေထားပြီး လျှောက်လွှာများ စိစစ်ပြီးပါက အိမ်ခန်းနေရာ ရွေးချယ်ချထားခြင်း ဆောင်ရွက်မည်ဖြစ် ဝယ်ယူခွင့်ရရှိသူများအား အသိပေးအကြောင်း ကြားသွားမည်ဖြစ်ကြောင်း ရိုးမရိပ်သာ အိမ်ခန်းရောင်းချရေးကော်မတီမှ ထုတ်ပြန်ထားသည်။ နဒီ