နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် နိုင်ငံသားတိုင်း ထမ်းရွက်ကြရမည့် သမိုင်းပေးတာဝန်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား

ရန်ကုန်၊ ဒီဇင်ဘာ ၂၅
    နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် တပ်မတော်တစ်ခုတည်းဖြင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် နိုင်ငံသားတိုင်း၊ ယောက်ျား၊ မိန်းမအသက်အရွယ်မရွေး ထမ်းရွက်ကြရမည့် မွေးရာပါသမိုင်းပေးတာဝန်လည်း ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
    ဒီဇင်ဘာ ၂၃ ရက်က ပြုလုပ်သည့် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)၊ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၁) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး အမျိုးသမီး စစ်မှုထမ်းတပ်ဖွဲ့ဝင်များကို လေ့ကျင့်မွေးထုတ်ပေးနေခြင်း ပင် ဖြစ်ကြောင်း၊ မြန်မာ့သမိုင်းစဉ်တစ်လျှောက် အမျိုးသမီးများသည် မြန်မာ့လွတ်လပ်ရေးသမိုင်း၊ အမျိုးသားရေးသမိုင်း၊ နိုင်ငံရေးလှုပ်ရှားမှု သမိုင်းစဉ် အဆက်ဆက်တွင် အမျိုးသားများနှင့် ရင်ပေါင်တန်းပြီး စွန့်လွှတ်နစ်နာခံမှု၊ ရဲဝံ့စွန့်စားမှုများဖြင့် ပါဝင်ခဲ့ကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားသည်။
    ဆက်လက်၍ တပ်မတော်၏အားသည် စည်းလုံးညီညွတ်မှုအပေါ်တွင်သာ အခြေတည်လျက်ရှိသည့်အတွက် တပ်တွင်း စည်းလုံးညီညွတ်မှုရှိပါက မည်သူကမျှ တပ်မတော်ကို ဖြိုခွဲ၍ရမည်မဟုတ်သည်ကို ပြောကြားလိုကြောင်း၊ ထိုကဲ့သို အခြေခံကျသည့် တပ်တွင်းစည်းလုံးရေးကို ခိုင်မာ အောင်တည် ဆောက်ကြရမည်ဖြစ်သကဲ့သို့ တစ်ဖက်ကလည်း လက်တွေ့ဆန်သည့် တပ်ပြင်စည်းရုံးရေးကို တိုးမြှင့်ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။
    ထို့အပြင် တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များအပြင် သမိုင်းက ပေးအပ်လာသည့် အမျိုးသားနိုင်ငံရေးတာ ဝန်များကိုပါ အောင်မြင်စွာ ထမ်းရွက်နိုင်ရေးအတွက် တပ်တွင်း၊ တပ်ပြင် စည်းလုံးညီညွတ်ရေးကို ခိုင်မာစွာ တည်ဆောက်ထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ 'ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်' ဟူသည့် ဆောင်ပုဒ်အတိုင်း တပ်မတော်သားများနှင့် မိသားစုဝင်များသည် စုစည်းညီညွတ်ရန် အထူးလိုအပ် ကြောင်း၊ အဆင့်ဆင့်သော ခေါင်းဆောင်များအနေဖြင့် တပ်တွင်းစည်းလုံး ညီညွတ်ရေးကို အလေးထား တည်ဆောက်သွားရမည်ဖြစ်ပြီး ထိုသို့ တည်ဆောက်သည့်နေရာတွင် ညီညွတ်မျှတသည့် အမိန့်နှင့် တာဝန်များပေးအပ်ကာ မှန်ကန်သည့် ခေါင်းဆောင်မှု၊ လူ့သဘော သဘာဝကို နားလည်စွာ ကွပ်ကဲအုပ်ချုပ်မှုတို့ဖြင့် ပုံဖော်တည်ဆောက်သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။    ထူးမြတ်

Total Views ~ 115

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43037

© 2022 - 2025 News. All Rights Reserved.