ရန်ကုန်၊ ဒီဇင်ဘာ ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူများ အားလုံး၏ ငြိမ်းချမ်းသာယာဝပြောသည့် အနာဂတ်၊ ကောင်းမွန်သည့် ပစ္စုပ္ပန်ကို ကြိုးစားတည် ဆောက်လျက်ရှိရာတွင် စာပေပညာရှင်ကြီးများ၏ အားသည် အလွန်အရေးပါကြောင်း နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ MICC(1) ၌ကျင်းပသည့် (၇၅) ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆု အထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် နိုင်ငံတော်နှင့်တိုင်းရင်း သားပြည်သူများ အားလုံး၏ ငြိမ်းချမ်းသာယာဝပြောသည့် အနာဂတ်၊ ကောင်းမွန်သည့် ပစ္စုပ္ပန်ကို ကြိုးစားတည် ဆောက်လျက်ရှိရာတွင် စာပေပညာရှင်ကြီးတွေ၏အားက အလွန်အရေးပါပြီး ကောင်းကျိုးများစွာ ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း။ နိုင်ငံတော်အနေဖြင့်လည်း စာပေအနုပညာကဏ္ဍ အသီးသီးက ပညာရှင်များ၏အနုပညာကို အရည်အသွေးမြင့်မားစွာ၊ လွတ်လပ်စွာဖန်တီးပုံ ဖော်နိုင်ရေးကို တတ်စွမ်းသမျှ အားပေးကူညီ ဖြည့်ဆည်းပေးနေကြောင်း"ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြောသည်။
ထို့အပြင် စာပေပညာရှင်များနှင့် စာပေလောကအကျိုးကို ဖြည့်ဆည်းပေးမည့် 'စာဆိုဗိမာန်' အဆောက်အအုံအား အိန္ဒိယနိုင်ငံအစိုးရနှင့်ပူးပေါင်း၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကာ စာအုပ်စာပေထုတ်ဝေရေးကဏ္ဍတွင်လည်း နိုင်ငံတကာနှင့်ချိတ်ဆက်ပြီး စာပေယဉ်ကျေးမှု အပြန်အလှန်ဖလှယ်နိုင်ရန် တတ်နိုင်သည့်ဘက်မှ ဆောင်ရွက်ပေးလျက်ရှိသည်ဟု ထည့်သွင်း ပြောကြားသည်။ ဆက်လက်၍ ယနေ့အချိန်တွင် လူငယ်များကို ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်စွမ်းကိုယ်စများ မြှင့်တင်ပေးရမည်ဖြစ်ရာ လိုအပ်သည့် အာဟာရမှာ စာပေလေ့လာဖတ်ရှု ခြင်းဖြစ်၍ စာပေပညာရှင်၊ စာဆိုတော်များ၏ စာကောင်းပေမွန်များကို လေ့လာဖတ်ရှု သိုမှီးကြရမည်ဖြစ်ရာ ယခင်က ထုတ်ဝေခဲ့သည့် စာကောင်းပေမွန်များကို မျိုးဆက်သစ် လူငယ်များ လေ့လာနိုင်ရန် ပြန်လည်ထုတ် ဝေသင့်သည်ဟု တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ စာပေသည် လူ့အဖွဲ့အစည်း၏ အကြံအစည်၊ အပြုအမူ၊ အနေအထိုင်၊ ဓလေ့ထုံးစံ၊ ဘာသာတရား၊ ယဉ်ကျေးမှု အနုပညာအပေါင်းတို့၏ အစပြုရာ၊ လူမျိုး၏ ယဉ်ကျေးမှုမဏ္ဍိုင်၊ စာအုပ်မျိုးစုံ သည် လူသားတို့၏ ခေတ်ကြေးမုံများဖြစ်၍ စာအုပ်စာပေသည် လူသားတို့အတွက် မိတ် ဆွေကောင်းဖြစ်ပြီး စာပေလေ့လာသည်နှင့်အမျှ လူမျိုးလည်း တင့်တယ်ဝင့်ကြွားလာမည်ဟု ပြောသည်။ စာပေ၏ အကျိုးအာနိသင်သည် သက်ရောက်မှုများစွာရှိပြီး လူထုအား အကောင်းဘက်သို့ ပို့နိုင်သကဲ့သို့ အဆိုးဘက်သို့လည်း ပို့နိုင်ကာ စိတ်ဓာတ်သန့်ရှင်းစင်ကြယ်ရန် ဖန်တီးပေးနိုင်သကဲ့သို့ ညစ်နွမ်းရန်လည်း ဖန်တီးပေးနိုင်ပြီး စိတ်ဓာတ်တက်ကြွ ပျော်ရွှင်ရန် စွမ်းဆောင်နိုင်သကဲ့သို့ စိတ်ပျက်အားလျော့ရန်လည်း စွမ်းဆောင် နိုင်သည်ဟု ပြောသည်။ နိုင်ငံနှင့်ပြည်သူများ၏ ကောင်းကျိုးအတွက် အားထုတ်ရေးဖွဲ့ ထုတ်ဝေခဲ့ကြသည့် စာဆိုတော်ကြီးများ၏ စာကောင်းပေမွန် လက်ရာ များကို နိုင်ငံတော်အဆင့် အမျိုးသားစာပေဆုအဖြစ် ရွေးချယ်၍ နှစ်စဉ် စာဆိုတော်နေ့တိုင်းတွင် ချီးမြှောက်ဂုဏ်ပြုလျက်ရှိခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထူးမြတ်