နေပြည်တော်၊ မတ်လ ၅
မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် ရွေးကောက်ပွဲ လမ်းကြောင်းနှင့်အတူ NCA လမ်းကြောင်းအရပါ ပြန်လည်အသက်သွင်း လုပ်ဆောင်ရမည် ဖြစ်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကပြောသည်။
"ရွေးကောက်ပွဲ လမ်းကြောင်းအရရော၊ NCA လမ်းကြောင်းအရရော လုပ်နေသင့်မဲ့ စားပွဲဝိုင်းတစ်ခုခုတော့ ဖန်တီးလာရမယ်တယ်။ NCA ကိုလည်း အသက်ဝင်အောင်လို့ ပြန်ပြီးတော့လုပ်ရမယ်။ အခုသွားနေတဲ့ ပုံစံမျိုးက အပြတ်ရှင်းရေးမူနဲ့ သွားနေကြတာ။ ဒါပေဆိုတာ နားလည်မှုရှိကြတယ်။ ဒါပေမဲ့ လက်တွေ့အနေအထားမှာ စားပွဲဝိုင်းကို ရောက်ဖို့က ခက်ခဲနေတယ်။ ရောက်လို့ရှိရင်လည်း လိုသလောက် ခရီးမရောက်ဘူးပေါ့။ အဲဒါကြောင့် ဘယ်လိုပုံစံမျိုး ပြောင်းလဲပြီး ဆွေးနွေးရမှာလဲဆိုတာက အားလုံးရဲ့ဆန္ဒနဲ့ပဲ မူတည်သွားတဲ့ သဘောဖြစ်တယ်။ အမြင်တွေကတော့ ကွာဟမှုတွေ အများကြီးရှိနိုင်တယ်။ အစိုးရဘက်ကလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့ အပေါ်မှာ ယုံကြည်မှု မရှိတော့ဘူးဆိုတဲ့ အမြင်မျိုးတွေလည်းရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေက လည်း လက်နက်နဲ့အဆုံးအဖြတ်ပေးဖို့ ကြိုးပမ်းနေတဲ့ ပုံစံမျိုးတွေ ဖြစ်နေတယ်။ ကျွန်မတို့ကတော့ NCA အတိုင်းပဲ လျှောက်လှမ်းနေမယ်။ ဒီလိုသွားနေတဲ့နေရာမှာလည်း နိုင်ငံရေး အဆုံးအဖြတ်ရအောင် ဆွေးနွေးချက်က လိုနေသေးတယ်။ နိုင်ငံရေး အဆုံးအဖြတ်ရအောင် ဆွေးနွေးတဲ့ အခင်းအကျင်းက မရှိနိုင်သေးဘူး။ နှစ်ဖက်လုံးက ကိုယ့်ရဲ့ယုံကြည်ချက်နဲ့ကိုယ် ကိုယ့်ရဲ့ခံယူချက်နဲ့ သွားနေကြတာ ဖြစ်တယ်။ ဒါဆိုရင် ငြိမ်းချမ်းဖို့အတွက်က အင်မတန်ခဲယဉ်းတယ်။ အသေအပျောက်တွေ ဆက်ရှိနေ မယ်။ မဖြစ်သင့်တာတွေ ဆက်ဖြစ်နေမယ်။ အဲဒါကြောင့် တိုင်းရင်းသားတွေရဲ့ လိုအင် ဆန္ဒကိုလည်း အစိုးရက သိထားပြီးပြီဖြစ်တယ်။ တိုင်းရင်းသားတွေကလည်း အစိုးရက လိုတဲ့အထိ မပေးနိုင်ဘူး ဆိုတာကို သိထားပြီးပြီဖြစ်တယ်ဆိုရင် ကြားမှာရအောင် ညှိရမှာပေါ့။ စနစ်တစ်ခုခုကို လျှောက်ဖို့လိုတယ်။ လွှတ်တော်ထဲ ရောက်သွားတဲ့ အခါမှာလည်း ဘယ်လို အနေအထားမျိုး ဖြစ်လာမှာလဲဆိုတာ အတိအကျ ပြောဖို့က ဒီနေ့ဒီအချိန်မှာ မသေချာသေးဘူး။ အဲဒါကြောင့် တစ်ဖက်ဖက်က ကိုယ့်ရဲ့အမြင်၊ ကိုယ့်ရဲ့ဆန္ဒ လိုလားမှုတွေကို ကိုယ်လိုရာ၊ သူလိုရာညှိမှသာလျှင် တိုင်းပြည်အတွက် ကောင်းတဲ့လမ်း ကို ရလာလိမ့်မယ်လို့ ပြောချင်ပါတယ်"ဟု ၎င်းကပြောသည်။
ယခုထက် ပိုမိုကောင်းမွန်သည့် မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို သွားရန် နိုင်ငံရေးပါတီများချည်းသာ အပြောင်းအလဲကို လုပ်ဆောင်ရန် အခက်အခဲရှိနိုင်ကြောင်း ဒေါ်စောမြရာဇာလင်းက သုံးသပ်ပြောဆိုသည်။
"အခုတော့ နိုင်ငံတော်အစိုးရက ရွေးကောက်ပွဲလုပ်မယ်။ အဲဒီရွေးကောက်ပွဲဟာဆိုရင် နိုင်ငံအတွက် အပြောင်းအလဲတစ်ခုခုကို ပုံဖော်တဲ့ပုံစံမျိုး ကြိုးပမ်းနေတယ်လို့ မြင်တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ မတိုင်ခင်မှာဆိုရင် တိုင်းရင်းသားဒေသတွေမှာ ဘယ်လောက်အထိ သဘောတူညီချက်တွေ လုပ်ထား လို့ ရနိုင်မှာလဲဆိုတာမျိုးကို ကြိုတင်စဉ်းစားခြင်းအားဖြင့် ပိုပြီးတော့မှ အကျိုးရှိနိုင်တယ်လို့ ယုံကြည်တယ်။ ပြီးရင်နိုင်ငံရေးပါတီ သက်သက်နဲ့ မြန်မာနိုင်ငံရဲ့ ပြောင်းလဲရေးကို လုပ်ဖို့အတွက် အင်မတန်မှ ခက်ခဲနိုင်တယ်။ NCA လက်မှတ်မထိုးခင်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ဖက်ဒရယ်ဆိုတဲ့စကားကို စပြောခဲ့ကြတာ။ အဲဒီအချိန် မြန်မာတစ်နိုင်ငံလုံးမှာ ဖက်ဒရယ်ဆိုတာ နားမှာ ကြားတောင်မကြားချင်တဲ့အသံပဲ။ ဒါပေမဲ့ အဲဒီလို မကြားချင်ကြတဲ့အသံကို ကြားချင်လာအောင် အများကြီး ကြိုးပမ်းခဲ့ရတယ်။ အဲဒါကြောင့်မို့ ဖက်ဒရယ်ဆိုတဲ့ စကားလုံးက မြန်မာနိုင်ငံမှာ တကယ်ကို တွင်ကျယ်လာတာ ဖြစ်တယ်။ အဲဒါကြောင့်မို့ မြန်မာနိုင်ငံ ငြိမ်းချမ်းမယ်ဆိုရင် နိုင်ငံရေးပါတီ သက်သက်နဲ့ လွှတ်တော်ထဲမှာ ဆုံးဖြတ်ရုံနဲ့က မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးကို လိုသလောက် အကောင်အထည်မဖော်နိုင်ဘူးလို့ သုံးသပ်တယ်။ အဲဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ရနိုင်သမျှ အဖြေထုတ်ဖု့ိ လိုအပ်တယ်။ ရနိုင်သမျှ စဉ်းစားချက်တွေလုပ်ဖို့ လိုအပ တယ်။ နိုင်ငံရေးပါတီတွေက ဒီမိုကရေနဲ့ ဖက်ဒရယ်ပြည်ထောင်စုလို့ မပြောရင်လည်း သူတို့က ရွေးကောက်ပွဲ ဝင်ဖို့ပဲ လုပ်နေကြတာပဲလေ။ သူတို့ရဲ့ မျှော်လင့်ချက်ပဲလေ။ လွှတ်တော်ရောက်ရေး၊ လွှတ်တော်မှာ အဆုံးအဖြတ်ပေးနိုင်ရေးပေါ့။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ရွေးကောက်ပွဲမတိုင်ခင်မှာ ရနိုင်သမျှသော စဉ်း စားဆုံးဖြတ်ချက်တွေနဲ့ ဆွေးနွေးနိုင်ခဲ့သည်ရှိသော် ပိုပြီးတော့မှ ကောင်းနိုင် တယ်လို့ သုံးသပ်တယ်" ဟု ၎င်းက ပြောသည်။
တချို့သော တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် NCA ကို ပျက်ပြယ်ပြီဟူသော ပြောဆိုမှုများရှိနေသလို NCA လမ်းကြောင်းအတိုင်း တစိုက်စိုက်မတ်မတ် လျှောက်လှမ်းနေသည့် အဖွဲ့အစည်းများစွာလည်းရှိကြောင်း ဒေါ်စောမြရာဇာလင်းက ထပ်မံပြောဆိုသည်။
"အစိုးရတစ်ရပ် ဖြစ်လာတယ်ဆိုရင် တက်လာတဲ့ အစိုးရမှာ တာဝန်ရှိတယ်။ အဲဒါကတော့ NCA ရဲ့ စဉ်းစားဆုံးဖြတ်ချက် တွေမှာရှိတယ်။ တက်လာတဲ့ အစိုးရက အဲဒါကို လက်ဆင့်ကမ်းရမှာပဲ။ NCA ကိုတောင်မှ တချို့သော လက်နက်ကိုင်အဖွဲ့အစည်းတွေက ဒါက တရားမဝင်တော့ဘူးဆိုပြီး ပြောနေကြတဲ့ အခန်းကဏ္ဍကလည်း ရှိနေသေးတယ်။ NCA ပျက်တယ်လို့ လက်မခံဘူးဆိုတဲ့ အဖွဲ့အစည်းတွေကလည်း ရှိနေသေးတယ်။ ဆိုလိုချင်တာကတော့ ဒီတိုင်းပြည်ကို ငြိမ်းချမ်းအောင် လုပ်မယ်ဆိုရင် တွေ့ဆုံညှိနှိုင်းဆွေးနွေးတာက အဓိကကျတယ်။ NCA ထိုးတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ကလည်း ရွေးကောက်ပွဲတစ်ရပ် ပေါ်ပေါက်လာဖို့ဆိုတာကို ညှိနှိုင်းရမှာပေါ့။ ဥပမာ ရခိုင်မှာဆိုရင် နိုင်ငံရေးပါတီ တွေက ခြေချလို့မရဘူး။ တချို့နေရာတွေမှာ အဲဒါ ဘယ်လိုလုပ် ဆွေးနွေးလို့ရမှာလဲဆိုတဲ့ စဉ်းစားချက် တွေကလည်း ရှိတယ်။ ဒေသလိုက်ကို စဉ်းစားရမယ့် အနေအထားတွေက မတူဘူး။ အများကြီး ကွာဟမှုတွေ ရှိနိုင်တယ်"ဟု ၎င်းကဆိုသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုး ပြီးချိန်ကတည်းက စာချုပ်ပါ ကတိကဝတ်များကို လေးစားပြီး တိုင်းပြည်နှင့်လူမျိုးအကျိုးအတွက် ရပ်တည်ခဲ့ကြသည့် EAO များကို တွေ့ရှိရသလို အခွင့်အခါကိုစောင့်၍ အခြေအနေ ပေးလျှင်ပေးသလို ကတိကဝတ်များကို ချိုးဖောက်ကာ ကိုယ်ကျိုးရှာ နိုင်ငံရေး အမြတ်ထုတ်နေသည့် EAO များလည်း ပေါ်ပေါက်ခဲ့ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း (၉)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပြောကြားသည့် မိန့်ခွန်း၌ ထည့်သွင်းပြောကြားထားသည်။
"တပ်မတော်အနေနဲ့ NCA စာ ချုပ်ဖြစ်ပေါ်လာပြီး သုံးနှစ်အကြာမှာပဲ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အမှန်တကယ်လိုလားတဲ့စိတ်နဲ့ တစ်ဖက်သတ်အပစ်အခတ် ရပ်စဲတာတွေကို အကြိမ်ပေါင်းများစွာ ထုတ်ပြန်ကြေညာပြီး လိုက်လျောဆောင်ရွက်ပေးခဲ့တာကို အားလုံးသိရှိပြီးဖြစ်ပါတယ်။ ငြိမ်းချမ်းရေး လမ်းစဉ်ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးမှုများလုပ် ဆောင်ကြဖို့လည်း ဖိတ်ခေါ်မှုများကို ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခများဟာ နိုင်ငံရေးအမြင်မတူမှု များကနေ ပေါ်ပေါက်လာ ခြင်းဖြစ်တာကြောင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရ ဖြေရှင်းကြဖို့ ဖိတ်ခေါ်မှုများ ပြု လုပ်လျက်ရှိပါတယ်။ အားလုံးက နိုင်ငံ့အကျိုးအတွက် တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းမှာ ပါဝင်လျှောက်လှမ်းကြဖို့ ပြောကြားလို ပါတယ်"ဟု မိန့်ခွန်းတွင် ထည့်သွင်း ပြော ကြားထားသည်။
၂၀၂၁ ခုနှစ်တွင် မမျှော်လင့်ဘဲ ဖြစ်ပေါ်ခဲ့ရသည့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ်တွင် တချို့သော EAO များအနေဖြင့် NCA တွင် လက်မှတ်ရေးထိုးထားရှိခဲ့သည့် ကတိကဝတ်များကို ဖောက်ဖျက်ကာ NUG ? CRPH အမည်ခံ အကြမ်းဖက်အဖွဲ့များကို တစ်ဖက်လှည့်နည်းနှင့် ထောက်ခံ အားပေးခဲ့သည်။ အဆိုပါ အကြမ်းဖက်အဖွဲ့များ၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အ ဖွဲ့များကိုလည်း ထောက်ပံ့မှုမျိုးစုံပေး၍ အားပေး အားမြှောက် ပြုလုပ်ခဲ့ကြသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့သည့် MNDAA ? TNLA ? AA အကြမ်းဖက် သောင်း ကျန်းသူပူးပေါင်းအဖွဲ့များ၏ လုပ်ဆောင်ချက်များက ပြည်သူများ၏ လူမှုစီးပွားအခြေအနေများကို ပိုမို ဆိုးရွားစေခဲ့သည်။ KNPP? KNDF ? PNLO ? KIA နှင့် KNU လက်နက်ကိုင်သောင်းကျန်းသူများက နယ်မြေဒေသအသီးသီးတွင် အဖျက်အမှောင့် လုပ်ရပ်များစွာကို ဆောင်ရွက်ခဲ့ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့တာဝန်ကို စတင်ယူခဲ့ချိန်ကတည်းက ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ ပြီး ငြိမ်းချမ်းရေးနှင့် ပတ်သက်လျှင်လည်း NCA လမ်းကြောင်းအတိုင်း သွားမည်ဖြစ်ပြီး NCA သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှအလေးထား ဆောင်ရွက်သွားမည်ကို အတိအလင်း ပြောကြားထားသည်။
အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရွေးကောက်ပွဲတွင် ပါတီစုံပါဝင်နိုင်ရေး ကို အလေးထားဆောင်ရွက်နေပြီး နယ်မြေဒေသအလိုက် ရွေးကောက်ပွဲကျင်းပနိုင်သည့် လုံခြုံရေး အခြေအနေရောက်အောင် ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း ရွေးကောက်ပွဲ ကာလများတွင် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို တွက်ဆ၍ လုံခြုံရေးကောင်းမွန်အောင် တိုးမြှင့် ဆောင်ရွက် သွားမည် ဖြစ်သလို သက်ဆိုင်ရာ EAO များကလည်း ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းထားသည်။ ကွန်းဈာန်