ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ၌ မန္တလေးတိုင်းကိုယ်စားပြု ထုတ်ကုန်များအပြင် ဒေသတစ်ခုထွက်ကုန်တစ်ခုအနေဖြင့်လည်း ပါဝင်ယှဉ်ပြိုင်မည်

ရန်ကုန်၊ ဇန်နဝါရီ ၂၉ 
    ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် နေပြည်တော် တပေါင်းကွင်း၌ ကျင်းပမည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ၌ မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု MSME ထုတ်ကုန်များအပြင် ဒေသတစ်ခုထွက်ကုန်တစ်ခုအနေဖြင့်လည်း ပါဝင်ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း သိရသည်။
    တိုင်းဒေသကြီး ကိုယ်စားပြု MSME ထုတ်ကုန်များအပြင် ဒေသတစ်ခု ထွက်ကုန်တစ်ခုအနေဖြင့်လည်း ပါဝင်ယှဉ် ပြိုင်သွားမည်ဖြစ်၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနေကြောင်း ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက်က ကျင်းပသည့်  မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော် မတီ(၁/၂၀၂၅) အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က ပြောကြားခဲ့သည်။
    နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်စွမ်းအား မြှင့်တင်ရေးနှင့် စိုက်ပျိုးမွေးမြူရေး အခြေခံရင်းနှီးမြှုပ်နှံမှုများသည် အရေးကြီးသည့် အခန်းကဏ္ဍဖြစ်ပြီး ပြည်တွင်း၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရင်းနှီးမြှုပ်နှံလာနိုင်ရေးကို အားပေးဆောင်ရွက်နေသကဲ့သို့ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရေးကို နိုင်ငံတော်၏ မူဝါဒများနှင့်အညီ ရင်းနှီးမြှုပ်နှံမှု အခန်းကဏ္ဍများကို မြှင့်တင်ဖြည့်ဆည်းဆောင်ရွက်ပေးနေကြောင်း၊  တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
    ထို့အပြင် ပြည်ပသွင်းကုန်အစား ထိုးနိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးချဲ့ခြင်း၊ လုပ်ငန်းများနှင့် ဆက်စပ်ထုတ်လုပ်မှု ကွင်းဆက်တစ်ခုလုံး တိုးချဲ့ဆောင်ရွက်သွားရေးတို့ကို ကြိုးစား ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က ယင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။  နဒီ

Total Views ~ 114

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43027

© 2022 - 2025 News. All Rights Reserved.