ဘဏ္ဍာရေးနှစ် ကုန်ဆုံးခါနီးပြီဖြစ်၍ အိမ်ရာစီမံကိန်း လုပ်ငန်းများ အချိန်မီ ပြီးစီးစေရေး  အင်တိုက်အားတိုက် ဆောင်ရွက်ရန် ဆောက်လုပ်ရေးဒုဝန်ကြီး မှာကြား

ရန်ကုန်၊ မတ် ၅
    ဘဏ္ဍာရေးနှစ် ကုန်ဆုံးခါနီးပြီဖြစ်၍ အိမ်ရာစီမံကိန်းလုပ်ငန်းများ အချိန်မီ ပြီးစီးစေရေးအတွက် အင်တိုက်အားတိုက်ဆောင် ရွက်ရန်လိုကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက မှာကြားခဲ့သည်။
    ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ရိုးမရိပ်သာအိမ်ရာ ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ သုခဒဂုံပြည် သူ့အငှားအိမ်ရာတို့ကို မတ်လ ၃ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ဒုဝန်ကြီးက အထက်ပါအတိုင်း မှာကြားခဲ့သည်။
    လက်ရှိအချိန်တွင် ရိုးမရိပ်သာ အိမ်ရာ အဆောက်အအုံ ၃၅ လုံး ပြင်ဆင်ဆောင်ရွက်လျက်ရှိနေပြီး ယင်းအခြေအနေများကို ဒုဝန်ကြီး ကြည့်ရှုစစ်ဆေးပြီးနောက် အိမ်ရာဝင်းလုံခြုံရေး ဆောင်ရွက်ထားရန်၊ သတ်မှတ်ရက်အမီ ပြီးစီးစေရေး၊ နေထိုင်သူပြည်သူများ၏ လိုအပ်ချက်များကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ပေးရန်နှင့် Cover Market အချိန်မီ ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်သွားရန် မှာကြားခဲ့ သည်။
    ထို့နောက်  မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် သုခဒဂုံ ပြည်သူ့အငှားအိမ်ရာစီမံကိန်း လုပ်ငန်းခွင်အတွင်းရှိ အိမ်ရာစီမံကိန်း ရှင်းလင်းဆောင်၌ စီမံကိန်းတာ ဝန်ရှိသူများနှင့် တွေ့ဆုံ၍ အဆောက်အအုံအား အရည်အသွေးပြည့်မီသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများကိုသာ အသုံးပြုရန်၊ လက်ရာလက်သားကောင်းမွန်စွာ ဆောင်ရွက်ရန်နှင့် ဘဏ္ဍာရေးနှစ် ကုန်ဆုံးခါနီးပြီဖြစ်၍ အိမ်ရာစီမံကိန်းလုပ်ငန်းများ အချိန်မီ ပြီးစီးစေရေးအတွက် အင်တိုက်အားတိုက်ဆောင်ရွက်ရန်  ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက မှာကြားခဲ့သည်။     နဒီ

Total Views ~ 83

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42993

© 2022 - 2025 News. All Rights Reserved.