မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

နေပြည်တော် ဇူလိုင် ၁၇
    မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေး ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင်လ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
    မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီသည် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်တိုးချဲ့ရပ်ကွက် မဟော်ဂနီလမ်း အမှတ် ၂/၂/၂၃၂ တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားပြီး ၂၀၂၄ ခုနှစ် ဇူလိုင် ၁၅ ရက်မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်း ဥပဒေပုဒ်မ(၉)နှင့်အညီ မှတ်ပုံတင်ခွင့် ပြုလိုက်ခြင်းဖြစ်ရာ မတူကွဲပြားခြင်းနှင့် ငြိမ်း ချမ်းရေးပါတီ၏ မှတ်ပုံတင်အမှတ်မှာ ၅၀ ဖြစ်ကြောင်း သိရသည်။ 
    ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ဇူလိုင်လ ၈ ရက် ထုတ်ပြန်ကြေညာချက်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ ပါတီဆက် လက်မှတ်ပုံတင်ပေးပါရန် ကချင်အမျိုးသား ကွန်ဂရက်ပါတီ၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ(၆)ပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ညီညွတ်ခြင်း မရှိ၍သော်လည်း ကောင်း၊ ဒီမိုကရေနှင့် လူ့အခွင့်အရေးပါတီ၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်အရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ(၅)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ညီညွတ်ခြင်းမရှိသောကြောင့် လည်းကောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် စုံညီအစည်းအဝေး အမှတ်စဉ်(၁၂/၂၀၂၄) ဆုံးဖြတ်ချက်အရ ယင်းပါတီများ၏ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထား ချက်ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ပုံစံ (ဆ)ဖြင့် ငြင်းပယ်လိုက်ကြောင်း ထုတ်ပြန်ထားသည်။ 

Total Views ~ 441

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43049

© 2022 - 2025 News. All Rights Reserved.