မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်များအသင်း၏  ကုန်သွယ်မှုအခက်အခဲများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ တင်ပြ၍ ကူညီဆောင်ရွက်ပေးသွားမည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၈
    မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်များအသင်း၏ သင်းဖွဲ့စည်းမျဉ်းမူကြမ်းကို အတည်ပြု၍ အသင်းသားများအတွက် ကုန်သွယ်မှုအခက်အခဲများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများကို တင်ပြ၍ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
    အသင်းသားစုံညီ အထူးအစည်းအဝေးကို ဒီဇင်ဘာ ၁၆ ရက်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်များအသင်း အသင်းသားစုံညီ အထူးအစည်းအ ဝေးတွင် ဥက္ကဋ္ဌ ဦးဝင်းထိန်က အောက်ပါအတိုင်း ပြောကြားခဲ့သည်။
    "အသင်းက ၁၉၉၂ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အခု လက်ရှိမှာ အကြောင်းအမျိုးမျိုးကြောင့် ရပ်နားထားတာ အခုမှပြန်လည်ပြီးတော့ အသင်းသားစုံညီ အထူးအစည်းအဝေးကို ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။ အထူးအစည်း အဝေးနဲ့အတူ သင်းဖွဲ့စည်းမျဉ်းကိုလည်း စနစ်တကျ ပြုလုပ်ဆောင်ရွက်ခဲ့တယ်။ အသင်းဖွဲ့စည်းပုံမူကြမ်းကိုလည်း အတည်ပြုနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အသင်းအနေနဲ့ ရှေ့ဆက်ပြီးတော့ ကောင်းမွန်စွာ အကောင်းဆုံး လုပ်ဆောင်သွားဖို့ ရှိပါတယ်။ အသင်းအနေနဲ့ကတော့ ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းရှင်အများစုကို အသင်းသားတွေ လိုအပ်တဲ့ အခက်အခဲတွေ၊ ကုန်သွယ်မှုအတွက် အခက်အခဲတွေကို ကျွန်တော်တို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို တင်ပြပြီးတော့ အကောင်းဆုံးဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့ သည်။ 
    အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုဥက္ကဋ္ဌ အသင်းသားရေးရာကော်မတီဥက္ကဋ္ဌ ဦးဆန်းလင်းက အမှာစကား ပြောကြားပြီး  မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းထိန်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ယင်းနောက် အလုပ်အမှုဆောင်အဖွဲ့၏ ၂၀၁၉ ခုနှစ်မှ ၂၀၂၄ အောက်တိုဘာလကုန်အထိ လုပ်ငန်းဆောင်ရွက်မှု လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် ငွေစာရင်းရှင်းတမ်းကို ဖတ်ကြားအတည်ပြုခဲ့သည်။
    ဆက်လက်၍ မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်များ အသင်း၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း၂၀၂၄ မူကြမ်းကို ရှင်းလင်းတင်ပြခဲ့ပြီး အသင်းသားများ၏ ကြိုတင်ပေးပို့လာသော မေးခွန်းများကို ပြန်လည်ဖြေရှင်းတင်ပြခဲ့ကြောင်း သိရသည်။ သက်မှူး

Total Views ~ 116

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43037

© 2022 - 2025 News. All Rights Reserved.