မြန်မာနိုင်ငံသားအဖြစ်မှ မိမိသဘောဆန္ဒအလျောက် စွန့်လွှတ်သူ ၃၀၀ နီးပါး နိုင်ငံကူးလက်မှတ်နှင့် Processing Litter မူရင်းများ အပ်နှံရန် သံရုံးထုတ်ပြန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၅
    မြန်မာနိုင်ငံသားအဖြစ်မှ စင်ကာပူနိုင်ငံသားအဖြစ်သို့ မိမိတို့၏ သဘောဆန္ဒအလျောက် ပြောင်းလဲခံယူခဲ့ပြီးသူ ၃၀၀ နီးပါးအတွက် အသိပေးကြေညာချက်ကို စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ဖေဖော်ဝါရီလ ၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားကြောင်းသိရသည်။
    အဆိုပါ အသိပေးကြေညာချက်တွင် မြန်မာနိုင်ငံသားအဖြစ်မှ စင်ကာပူနိုင်ငံသားအဖြစ်သို့ မိမိတို့၏ သဘောဆန္ဒအလျောက် ပြောင်းလဲခံယူခဲ့ပြီး မြန်မာနိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း (မှတ်ပုံတင်)များကို ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း မြန်မာသံရုံးတွင် လာရောက် အပ်နှံခဲ့ကြသူ ၂၇၈ ဦးအနေဖြင့် သံရုံးထောက်ခံစာကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်မတိုင်မီ မြန်မာသံရုံးဖွင့်ရက်များတွင် ကာယကံ ရှင်ကိုယ်တိုင် လာရောက် ထုတ်ယူနိုင်ပြီး နိုင်ငံကူးလက်မှတ်နှင့် Pro-cessing Litter မူရင်းများအပ်နှံရန် အသိပေး ကြေညာထားသည်။
    မြန်မာနိုင်ငံသားအဖြစ် စွန့်လွှတ်လိုသူများ လျှောက်ထားနိုင်ကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် ထုတ်ပြန်ကြေညာလိုက်ပြီး မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်မည့်သူများအနေဖြင့် စာရွက်စာတမ်း အထောက်အထားများနှင့် လျှောက်ထားနိုင်ကြောင်း သိရသည်။ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ လျှောက်ထားလိုသူများအနေဖြင့် အပ်နှံရမည့်စာရွက် စာတမ်းများမှာ မြန်မာနိုင်ငံကူးလက်မှတ်၊ မြန်မာနိုင်ငံသား စိစစ်ရေးကတ်ပြားမူရင်း (လျှောက်ထားဖူးခြင်းမရှိပါက ကိုင်ဆောင်ထားခြင်းမရှိကြောင်းတင်ပြစာ)၊ အိမ်ထောင်စုစာရင်း မိတ္တူ (အိမ်ထောင်စုစာရင်းမှာ ထည့်သွင်းထားခြင်း မရှိပါက မရှိကြောင်း တင်ပြစာ)၊ မိဘ၊ မောင်နှမများ၏ အိမ်ထောင်စုစာရင်းမိတ္တူနှင့် မွေးစာရင်းမိတ္တူ စသည့် စာရွက်စာတမ်းများဖြစ်သည်။ 
    ထို့အပြင် လျှောက်ထားရာမှာ နိုင်ငံသားစွန့်လွှတ်လိုကြောင်း လျှောက်လွှာ၊ ကိုယ်ရေးအကျဉ်းချုပ်၊ စင်ကာပူအစိုးရထံမှ မြန်မာနိုင်ငံသားအဖြစ်က စွန့်လွှတ်ကြောင်း အထောက်အထားတောင်းခံစာတို့ကို ပူးတွဲတင်ပြရမှာဖြစ်ပြီး စာရွက်စာတမ်းတွေကို ပြန်လည်အပ်နှံနိုင်ခြင်းမရှိသည့် လျှောက်ထားမှုများကို ထောက်ခံစာ ထုတ်ပေးမည် မဟုတ်ကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်၊၊      (ထူးမြတ်)

Total Views ~ 99

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43044

© 2022 - 2025 News. All Rights Reserved.