မြဝတီ-ရွှေကုက္ကိုနှင့် KK Park နယ်မြေအတွင်း တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုများအပေါ် နိုင်ငံတော်အစိုးရ၏ ပြတ်ပြတ်သားသား ဆောင်ရွက်ချက်များ

၂၀၂၅ ဖေဖော်ဝါရီ ၁၉
    "တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု (ကျားဖျန့်) ကို အကြောင်းပြု၍ နိုင်ငံတော်တွင်အခက်အခဲများဖြစ်ပေါ်ခဲ့ပြီး ထိထိရောက်ရောက် အရေးယူမှုများကို ဆောင်ရွက်ခဲ့ ကြောင်း၊ နိုင်ငံတကာ၌လည်း ၎င်းကိစ္စနှင့်ပတ်သက်၍ အာရုံစိုက်မှုရှိလာကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့်ပူးပေါင်း၍ ၎င်းဒုစရိုက်မှု နှိမ်နင်းရေးကို တက်ကြွကျယ်ပြန့်စွာ ဆောင်ရွက်နေကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်၊ သက်ဆိုင်ရာ နယ်မြေများအလိုက် တာဝန်ရှိသူ အဆင့်ဆင့်အနေဖြင့် မိမိတို့ဒေသများအတွင်း တရားမဝင်အွန် လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ၊ အခြားဒုစရိုက်လုပ်ငန်းများ မရှိစေရေးနှင့် မဖြစ်ပေါ်စေရေး ဖော်ထုတ်အရေးယူ ခြင်းများဖြင့် တင်းတင်းကျပ်ကျပ် ပြတ်ပြတ်သားသားဖြင့် ကိုင်တွယ်ဆောင်ရွက်သွားကြရန် မဖြစ်မနေ လိုအပ်ကြောင်း၊ ၎င်းအမှုများအပြင် မူးယစ်ဆေးဝါးကိစ္စများနှင့် အခြားဒုစရိုက်မှုများ၌ ပါဝင်ဆောင်ရွက်နေသူများအပြင် သက်ဆိုင်ရာ နယ်မြေအလိုက် တာဝန်ရှိသူများ ပတ်သက်နေမှုရှိပါက အားလုံးကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် အလေးထားလိုက်နာ ဆောင်ရွက်သွားရန်လို ကြောင်း "နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ဖေဖော်ဝါရီ ၃ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တရားဝင်ပြောဆိုခဲ့သည်။ 
    အထက်ပါ ပြောကြားချက်အရ  နိုင်ငံတော်အကြီးအကဲအနေဖြင့် တရားမဝင် အွန်လိုင်းလောင်း ကစားနှင့် ငွေကြေးလိမ်လည်မှု လုပ်ငန်းများအပေါ် မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို ထုတ်ဖော်ပြောကြား ခဲ့ခြင်းဖြစ်ပြီး ပြတ်ပြတ်သားသား အရေးယူနိုင်ရေး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု အသိပေးခဲ့ခြင်း ဖြစ်သည်။ အွန်လိုင်းလိမ်လည်မှု (ကျားဖျန့်) လုပ်ငန်းများသည် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များ အကန့်အသတ်ရှိသော လက်နက်ကိုင်အဖွဲ့ ပေါင်းစုံလှုပ်ရှားရာ နယ်မြေများတွင် အခွင့်ကောင်းယူကာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း နိုင်ငံတော် အစိုးရက တရားဝင် သတင်းထုတ် ပြန်ထားပြီးဖြစ်သည်။ ဇန်နဝါရီ ၂၀ ရက်က နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသော တရားမဝင် အွန်လိုင်းလောင်းကစားမှုများအား နှိမ်နင်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ရာတွင် ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုနှင့် KK Park နယ်မြေအတွင်း တရားမဝင် အွန်လိုင်းလောင်းကစား အပါအဝင် ဒုစရိုက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ရွှေကုက္ကိုနယ်မြေသည် ၂၀၁၆ ခုနှစ်ကတည်းကပင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးကိစ္စ ရပ်များ ဆောင်ရွက်နိုင်ရန် အကြောင်းပြ၍ စီမံကိန်းတစ်ရပ်အဖြစ် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် နောက်ပိုင်းတွင် မီဒီယာများမှ ဖော်ပြချက်များ၊ တရားမဝင် စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်နေသည်ဆိုသည့် သတင်းများကြောင့် စီမံကိန်းဆက်လက် တည်ဆောက်ခြင်းအား ရပ်ဆိုင်းခဲ့သည့် ဒေ သဖြစ်ကြောင်း အဆိုပါ နယ်မြေအတွင်း၌ လက်နက်ကိုင်အဖွဲ့ပေါင်းစုံ လှုပ်ရှားနေထိုင် လျက်ရှိခြင်း၊ တရားဥပဒေစိုးမိုးရေးအဖွဲ့များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အပြည့်အ၀ စိုးမိုးအုပ်ချုပ်ရန် အခက်အခဲနှင့် ကန့်သတ်ချက်များ ရှိခြင်းတို့ကြောင့် နယ်မြေဒေသမတည်ငြိမ်မှုများ ဖြစ်ပေါ်လျက်ရှိသကဲ့သို့ ဆက်စပ်နေရာများမှ ကိုယ်ကျိုးစီးပွားရှာသူများအနေဖြင့် အခွင့်ကောင်းရယူကာ အွန်လိုင်းလောင်း ကစား အပါအဝင် ဒုစရိုက်မှုများကို ကျူးလွန်နေခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။ 
    အဆိုပါ Online လိမ်လည်မှု၏ အခြေခံလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်ဓာတ်အားနှင့် အင်တာနက်လိုင်း အဆက်အသွယ်ကို မြန်မာနိုင်ငံအတွင်းမှ ရရှိခြင်းမဟုတ်ဘဲ တစ်ဖက်နိုင်ငံမှတစ်ဆင့်ရယူနေခြင်းဖြစ်ကြောင်းနှင့် အခြေခံအဆောက်အအုံများနှင့် ရင်းနှီးမြှုပ်နှံမှု အများစုသည်လည်း ပြည်ပ အဖွဲ့အစည်းများမှ လာရောက် ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ကြောင်းကို တွေ့ရှိရသည်။ အဆိုပါ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများ လုပ်ဆောင်နေကြသူ များသည် Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများကို ၂၀၁၅ ခုနှစ်ခန့်မှ စ၍ ဖိလစ်ပိုင်နိုင်ငံ ကမ္ဘောဒီးယားနိုင်ငံတို့တွင် လုပ်ကိုင်ခဲ့ကြပြီး ၂၀၁၉ ခုနှစ် နောက်ပိုင်း၌ မြန်မာနိုင်ငံသို့ ရောက်ရှိလုပ်ကိုင်ခဲ့ကြ ခြင်းဖြစ်သည်။ ထို့ကြောင့် လုပ်ငန်းလုပ် ဆောင်နေသူများအနေဖြင့်လည်း မြန်မာနိုင်ငံမှမဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်းပြီး မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက် နေထိုင်၍ ရင်းနှီးလုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသားများပင် ဖြစ်သည်။ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများ ပပျောက်ရန်အတွက် အိမ်နီးချင်းနိုင်ငံများ အနေဖြင့်လည်း အပြုသဘော ဆောင်သည့် ပူးပေါင်း ဆောင်ရွက်မှုများဖြင့် အတူတကွဝိုင်းဝန်း တိုက်ဖျက်ဆောင်ရွက် သွားရန် လိုအပ်မည်ဖြစ်ကြောင်း နိုင်ငံတကာကို အသိပေးထားခဲ့သည်။ 
    နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထား ဆောင်ရွက်လျက်ရှိပြီး အချို့သော နယ်စပ်ဒေသများ၏ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် အခွင့်ကောင်းယူ၍ ပြည်ပနိုင်ငံသားအချို့အနေဖြင့် EAO လက်နက်ကိုင်အဖွဲ့များ အပါအဝင် ဆက်စပ်နေရာများမှ ကိုယ်ကျိုးစီးပွားရှာသူများ၏ ပါဝင်ပတ်သက်မှုများဖြင့် ဥညူငညန လိမ်လည်မှုများ၊ Online လောင်း ကစားမှုများကို ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိသဖြင့် စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်း လုပ်ငန်းစဉ်ကို အလေးထားဆောင်ရွက်လျက်ရှိသည်။
    တရားမဝင် ဝင်ရောက်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်မှုများ ဆောင်ရွက်ခဲ့ရာ အများစုသည် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ ကိုယ်ကျိုးစီးပွားအတွက် အလုပ်လုပ်ကိုင်ရန် တရားမဝင်ဝင်ရောက်လာကြ သူများဖြစ်ကြောင်း တွေ့ရှိရသော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ၎င်းတို့ကို တရားမဝင် ဝင်ရောက်လာသူ များဖြစ်သော် လည်း လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည် ရင်းနှီးမှုတို့ကို ရှေးရှု၍ တရားဥပဒေနှင့်အညီ စစ်ဆေး၍ သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်လွှဲပြောင်း ပေးလျက်ရှိသည်။ 
    ထို့ကြောင့်၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၃ ရက်အထိ တရုတ်နိုင်ငံသို့ ၅၃၃၈၈ ဦး၊ ထိုင်း နိုင်ငံသို့ ၆၄၈ ဦး၊ ကိုရီးယားနိုင်ငံသို့ ၂၀ ၊ လာအိုနိုင်ငံသို့ ၂၂ ဦး၊ ဗီယက်နမ်နိုင်ငံသို့ ၁၁၄၉ ဦး၊ ဖိလစ်ပိုင်နိုင်ငံသို့ ၁၉ ဦး၊ မလေးရှားနိုင်ငံသို့ ၁၄၂ ဦး၊ ထိုင်ဝမ်သို့ ၂၁ ဦး၊ စင်ကာပူနိုင်ငံသို့ နှစ်ဦး၊ ပိုလန်နိုင်ငံသို့ တစ်ဦး၊ စပိန်နိုင်ငံသို့ တစ်ဦး၊ ရုရှားနိုင်ငံသို့ ၁၃ ဦး၊ အင်ဒိုနီးရှားနိုင်ငံသို့ ၃၈ ဦး၊ ယူဂန်ဒါ နိုင်ငံသို့ သုံးဦး၊ အီဂျစ်နိုင်ငံသို့နှစ်ဦး၊ ကမ္ဘောဒီးယားနိုင်ငံသို့ သုံးဦး၊ အိန္ဒိယနိုင်ငံသို့ ၉၆ ဦး၊ မော်ရိုကိုနိုင်ငံသို့ ၁၃ ဦး၊ အီသီယိုးပီး ယားနိုင်ငံသို့ ၂၉ ဦး၊ နီပေါနိုင်ငံသို့ ၂၆ ဦး၊ ပါကစ္စတန်နိုင်ငံသို့ သုံးဦး၊ မြောက်အိုင်ယာလန်နိုင်ငံသို့ နှစ်ဦး၊ ကာဇက်စတန်နိုင်ငံသို့ တစ်ဦး၊ ကင်ညာနိုင်ငံသို့ နှစ်ဦး၊ သီရိလင်္ကာ နိုင်ငံသို့ ၆၀၊ တောင်အာဖရိကနိုင်ငံသို့ တစ်ဦး၊ ဟောင်ကောင်သို့ တစ်ဦး၊ ဆီရီယာလီယွန်နိုင်ငံသို့ နှစ်ဦး၊ ဂါနာနိုင်ငံသို့ တစ်ဦး၊ ဘူရွန်ဒီနိုင်ငံသို့ တစ်ဦး၊ တာ့ခ်မင်နစ္စတန် နိုင်ငံသို့ တစ်ဦး စုစုပေါင်း ၅၅၇၁၁ ဦးအား ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့သည်။ ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်အထိ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အပါအဝင် အာရှ၊ ဥရောပ၊ တရုတ်နိုင်ငံနှင့် တောင်အာဖရိကဒေသရှိ နိုင်ငံပေါင်း ၃၈ နိုင်ငံမှ ၄၁၇၆ ဦး (အမျိုးသား ၃၄၁၅ ဦး၊ အမျိုးသမီး ၇၆၁ ဦး)ကို ကူညီစုံစမ်းရှာဖွေပေးရန် သံတမန် လမ်းကြောင်း၊ အင်တာပိုလ်ရဲဆက်သွယ်ရေး လမ်းကြောင်း နှင့် ရဲဆက်ဆံရေးလမ်းကြောင်းများမှတစ်ဆင့် အကြောင်းကြားသည့်စာများ လက်ခံရရှိခဲ့သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်အထိ အမျိုးသား ၉၅၈ ဦး၊ အမျိုး သမီး ၃၃၄ ဦး ပေါင်း ၁၂၉၂ ဦးကို ရှာဖွေ ဖော်ထုတ်နိုင်ခဲ့သဖြင့် ၁၂၈၄ ဦးကို သက်ဆိုင်ရာ နိုင်ငံများသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည် နှင်လွှဲပြောင်းခဲ့ပြီးဖြစ်ကာ ဗီယက်နမ်ငါးဦး၊ ပါကစ္စတန်တစ်ဦး၊ တရုတ် နှစ်ဦး၊ ပေါင်း ရှစ်ဦး လွှဲရန် ကျန်ရှိကြောင်း၊ ကျန်ရှိသူ ၂၈၈၄ ဦးနှင့်ပတ်သက်၍ စဉ်ဆက်မပြတ် စုံစမ်းရှာဖွေလျက်ရှိပြီး ထူးခြားမှုရှိပါက သက်ဆိုင်ရာသံရုံးနှင့် နိုင်ငံများသို့ အချိန်နှင့် တစ်ပြေးညီ သတင်းဖလှယ်ပေး လျက်ရှိသည်။ မြန်မာ-တရုတ် နှစ်နိုင်ငံပူး ပေါင်းပြီး မြန်မာနိုင်ငံ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ရှိ Online Scam Center  များ ကို တားဆီးနှိမ်နင်းမှု နှစ်ကြိမ်ဆောင်ရွက်ခဲ့သည်။ ပထမအကြိမ်ကို ၂၀၂၄ ခုနှစ် မတ် ၂၈ ရက်မှ ၃၁ ရက်အတွင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၃ ရက်မှ ၂၆ ရက်အတွင်း ဆောင်ရွက်ခဲ့သည်။ 
    ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကရင်ပြည်နယ် မြဝတီ-ရွှေကုက္ကိုနှင့် KK Park  နယ်မြေ အတွင်း Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများ ကျူးလွန်စေရန် ငွေကြေးမက်လုံးပေး စည်းရုံးမှုမျာဖြင့် အဓမ္မလူကုန်ကူးခြင်းခံထားရသည့် တရုတ်နိုင်ငံသား ၃၉ ဦး၊ ကာဇက်စတန် နိုင်ငံသားတစ်ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ငါးဦး၊ အီသီယိုးပီးယားနိုင်ငံသားတစ်ဦး၊ ပါကစ္စတန်နိုင်ငံသား တစ်ဦး၊ မလေးရှားနိုင်ငံသား တစ်ဦး၊ အိန္ဒိယနိုင်ငံသား ၁၃ ဦး စုစုပေါင်း ၆၁ ဦးတို့အား ဖော်ထုတ်ရ ရှိသဖြင့် လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားနေ ရာ၌ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိုင်းနိုင်ငံမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေး အပ်ခဲ့သည်။ စစ်ဆေးမေးမြန်းချက်များအရ ၎င်းတို့သည် ကွန်ပျူတာနှင့်ပတ်သက်သည့် လုပ်ငန်းများ၊ ဘာသာ ပြန်လုပ်ငန်းများအား လစာငွေ အများအပြားဖြင့် လုပ်ကိုင်ရမည်ဟု အွန်လိုင်းမှတစ်ဆင့် သွေး ဆောင်စည်းရုံးခံရပြီး မက်လုံးပေး လိမ်လည်ခြင်း ခံခဲ့ရကြောင်း၊ ထို့နောက် သက်ဆိုင်ရာ နိုင်ငံအ သီးသီးမှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့လည်းကောင်း၊ ၎င်းင်းမှတစ်ဆင့် မြန်မာ-ထိုင်း နယ်စပ်မြို့ဖြစ်သည့် မဲဆောက်မြို့သို့ ကနဦး ရောက်ရှိကြပြီး တရားမဝင် ကျားဖျန့်လုပ်ငန်းမှ ကိုယ်စားလှယ်များက ထိုင်း- မြန်မာ နယ်စပ်ရှိ သောင်ရင်းမြစ်အား တရားမဝင် ဖြတ်ကျော် ခေါ်ဆောင်ကာ မြဝတီ-ရွှေကု က္ကိုနှင့် KK Park နယ်မြေအတွင်းရှိ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများတွင် ပါဝင်လုပ်ဆောင်ရန် အတင်းအဓမ္မ စေခိုင်းခြင်းခံခဲ့ရခြင်း ဖြစ်ကြောင်း သိရ သည်။ 
    ဖော်ထုတ်ဖမ်းဆီးမှုများအရ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်း တရားမဝင် အွန်လိုင်းလောင်းကစားနှင့်  ငွေကြေးလိမ်လည်မှု(ကျားဖျန့်) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှင်းလင်းခဲ့ရာ ဖေဖော်ဝါရီ ၅ ရက်တွင် မိုင်းရယ်မြို့၏ အရှေ့တောင်ဘက် ဝန်းကျင်တွင် ကျားဖျန့်လုံခြုံရေးအဖွဲ့များနှင့် အပြန်အလှန် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်တွင် ကျားဖျန့်လုံခြုံရေးအဖွဲ့မှ အလောင်းနှစ်လောင်းနှင့်အတူ ကျားဖျန့် လုံခြုံရေးငါးဦး၊ လက်နက်မျိုးစုံ ခြောက်လက်၊ တရုတ်နိုင်ငံသား အမျိုးသားခုနစ်ဦး၊ အမျိုးသမီးတစ်ဦး၊ မြန်မာနိုင်ငံသား အမျိုးသားသုံးဦး၊ အမျိုးသမီး လေးဦးတို့အား ဖမ်းဆီးရမိခဲ့သည်။
ထို့အပြင် နောင်ဟန်ကျေးရွာအနီး၌ အဆောက်အအုံခုနစ်လုံးနှင့် ကျားဖျန့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုသည့် ဖုန်းမျိုးစုံ ၁၈၁ လုံး၊ Laptop မျိုးစုံ ၂၅ လုံး၊ Desktop မျိုးစုံ ၂၁ လုံး၊ Keyboard မျိုးစုံ ၂၈ ခု၊ Wifi စက်နှစ်လုံး၊ StarLink နှစ်စုံ၊ လုပ်ငန်းသုံး လျှပ်စစ်ဆက်စပ်ပစ္စည်းများ၊ သေနတ်တစ်လက်နှင့် ကျည်ငါးတောင့်တို့အား ထပ်မံဖမ်းဆီး ရရှိခဲ့သည်။ ဖေဖော်ဝါရီ ၆ ရက်တွင် အဆိုပါမိုင်းဟဒေသ၊ နောင်ဟန် ကျေးရွာတစ်ဝိုက်မှ တရုတ်နိုင်ငံသား အမျိုးသား ရှစ်ဦး၊ အမျိုးသမီးတစ်ဦး၊ ဗီယမ်နမ် နိုင်ငံသား အမျိုးသမီး ၁၈ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား နှစ်ဦး၊ အမျိုးသမီး ၂၅ ဦးတို့အား တရား မဝင်အွန်လိုင်း လိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ၇၂ လုံး၊ StarLink ငါးစုံ၊ ဖုန်းမျိုးစုံ ၇၉ လုံး၊ ငါးဂိမ်းစက် ငါးလုံး၊ မော်တော်ယာဉ်မျိုးစုံ သုံးစီး၊ ဆက်စပ်ပစ္စည်းများ နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
    မြဝတီမြို့- ရွှေကုက္ကိုနှင့် KK Park နယ်မြေများတွင် တရားမဝင် Online လောင်း ကစားမှုများ၊ Online လိမ်လည်မှုများ၊ ဒု စရိုက်မှုများကျူးခဲ့ကြသူများကို စစ်ဆေးဖော်ထုတ်လျက်ရှိရာ ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၁၅ ရက်အထိ ပြည်ပနိုင်ငံသား ၇၉၉ ဦးကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။ ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများအနက် ၆၁ ဦးကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ထိုင်းနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်း ပေးအပ်ခဲ့ပြီးဖြစ်သည်။ ၂၀၂၅ခုနှစ် ဖေဖော် ဝါရီ ၁၁ ရက်တွင် ပြည်ပနိုင်ငံသား ၆၉ ဦး ကိုလည်းကောင်း၊ ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြည်ပနိုင်ငံသား ၂၀၀ ကို လည်းကောင်း၊ ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြည်ပနိုင်ငံသား ၄၆၉ ဦးကိုလည်းကောင်း စုစုပေါင်း ၇၃၈ ဦးကို ထပ်မံဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေး အပ်နိုင်ရေးလိုအပ်သည့် ကိုယ်ရေးအချက် အလက်များနှင့် မှတ်တမ်းများကို စာရင်းကောက်ယူပြီးဖြစ်သည်။ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တစ်ဆင့် တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၇၉၉ ဦးသည် တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ မလေးရှား၊ အီသီယိုးပီးယား၊ ပါကစ္စတန်၊ ကာဂျစ်စတန်၊ ဗီယမ်နမ်၊ ယူဂန်ဒါ၊ ထိုင်းနိုင်ငံနှင့် တရုတ် (တိုင်ပေ)တို့မှ နိုင်ငံသားများဖြစ်ကြသည်။ 
    ဖေဖော်ဝါရီ ၁၆ ရက်တွင်လည်း မြဝတီမြို့-ရွှေကုက္ကိုနှင့် KK Park နယ်မြေများသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသား ၂၃၁ ဦးကို ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်း ပေးအပ်နိုင် ရေးလိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်း လုပ်ငန်းများ ကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် နေ့ချင်းပြီး ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၁၆ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်းဦးရေ ၁၀၃၀ ကို စစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်း တို့အနက်မှ ၆၁ ဦးကို ထိုင်းနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျန်ရှိ သည့် ပြည်ပနိုင်ငံသား ၉၆၉ ဦးကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းထားရှိသည်။
    အိမ်နီးချင်းနိုင်ငံ အချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့-ရွှေကုက္ကိုနှင့် KK Park  နယ် မြေများတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစ ရိုက်မှုများ ကျူးခဲ့ကြသူများကို  စစ်ဆေးဖော်ထုတ် လျက်ရှိရာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၁၆ ရက်အထိ ပြည်ပနိုင်ငံသား ၁၀၃၀ တို့ကို ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး  အဆိုပါ ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေး အပ်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁၇ ရက်တွင် မြန်မာနိုင်ငံ၌ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ဥပဒေနှင့် အညီ အမြန်ဆုံး အရေးယူ ပြည်နှင်လွှဲ ပြောင်းမှု ကြီးကြပ်ရေး ဗဟိုကော်မတီ အတွင်းရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင် ကျော်ကျော်နှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ တရုတ်ပြည်သူ့ လုံခြုံရေးဆိုင်ရာ ဝန်ကြီး ဌာန လက်ထောက်ဝန်ကြီး H. E. Mr. Liu Zhong Yi နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ အမျိုးသားကာကွယ် ရေးဝန်ကြီးဌာနမှ အထွေထွေ အတွင်းရေးမှူး General Daisa Insomlas နှင့် တာဝန်ရှိသူများ မြဝတီမြို့သို့ ရောက်ရှိနေကြသည်။ သုံးနိုင်ငံ ပူးပေါင်းအဖွဲ့သည် မြဝတီမြို့-ရွှေကုက္ကိုနှင့် KK Park နယ်မြေများသို့ တရားမဝင် လမ်းကြောင်းများမှ တစ်ဆင့်ဝင်ရောက်နေကြသည့် ပြည်ပနိုင် ငံသားများကို စစ်ဆေး ဖော်ထုတ်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားမှု အခြေအနေများ၊ ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ၊ စာရင်းကောက်ယူနေမှု အခြေအနေများကို လေ့လာကြပြီး မြဝတီမြို့၌ ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးလွှဲပြောင်းပေး အပ်နိုင်ရေး ဆွေးနွေးညှိနှိုင်း အစည်းအဝေးကို ဆောင်ရွက်လျက်ရှိသည်။ 
    နိုင်ငံတော် အစိုးရအနေဖြင့် တရားမဝင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်း များအား စုံစမ်းဖော်ထုတ်စစ်ဆေး၍ ထိရောက်စွာ အရေးယူ ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများ တွင်လည်း တရားမဝင်အွန်လိုင်း လောင်းကစားနှင့် ငွေကြေးလိမ်လည်မှု လုပ်ငန်းများအား တားဆီးကာကွယ် တိုက်ဖျက်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စုံစမ်းဖော် ထုတ်အရေးယူမှုများကို ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် အစိုးရမှ အသိပေး ထုတ်ပြန်ထားသည်။ ထူးမြတ်

Total Views ~ 158

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43019

© 2022 - 2025 News. All Rights Reserved.