ရန်ကုန်တိုင်းအခြေစိုက် ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ ဆိပ်ကြီးခနောင်တို မြို့နယ်ရုံး ဖွင့်လှစ်၊ သင်္ကြန်မတိုင်မီ မြို့နယ်ရုံး ခုနစ်ခု အပြီးဖွင့်လှစ်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
    ရန်ကုန်တိုင်း‌ဒေသကြီး အခြေစိုက် ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ (UADP) ၏ မြို့နယ် ဆိပ်ကြီးခနောင်တို မြို့နယ်ရုံးကို ဖေဖော်ဝါရီ ၂၃ ရက်က ဖွင့်လှစ်ခဲ့ပြီး သင်္ကြန်မတိုင်မီ မြို့နယ်ရုံး ခုနစ်ခုကို  အပြီး ဖွင့်လှစ်မည်ဖြစ်ကြောင်း ယင်းပါတီမှ သိရသည်။
    လက်ရှိတွင် သာကေတမြို့နယ်တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားပြီး ပါတီမြို့ နယ်ရုံးများအဖြစ် ဒလ၊ တွံ‌တေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ တိုက်ကြီး၊ ဆိပ်ကြီးခနောင်တိုနှင့် သာကေတမြို့နယ်များတွင် လာမည့် သင်္ကြန်မတိုင်မီအပြီး ဖွင့်လှစ်ရန် လျာထားကြောင်း ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဦးက ပြောသည်။
    "ဒီနေ့ (ဖေဖော်ဝါရီ ၂၃ရက်)ဆိပ် ကြီးခနောင်တို မြို့နယ်ရုံးဖွင့်မယ်။ အင်အား ၂၀၀ ကျော်နဲ့ ဖွင့်လိုက်တာ။ မြို့နယ်ရုံးတွေဖွင့်ဖို့ ပြင်ဆင်နေတယ်။ ပြီးတော့ ထပ်တိုးလာတဲ့ ပါတီဝင်တွေ ရှိတယ်။ အဲဒီပါတီဝင် အင်အားတွေလည်း စုပြီးတော့ ကော်မရှင်ကို တင်ဖို့ ပြင်ဆင်နေတယ်။ အဲဒီအတွက်လည်း မြို့နယ်ကော်မရှင်ကို တရားဝင် စာတင်ထားပြီးပါပြီ"ဟု ဒေါက်တာခင်မောင်ဦးက ပြောသည်။
    ဆိပ်ကြီးခနောင်မြို့နယ်ရုံး ဖွင့်လှစ်ပြီးစီးသွား၍ ဦးစားပေးအနေဖြင့် ဒလနှင့် တိုက်ကြီးမြို့ နယ်များတွင် ပါတီရုံးများကို  ထပ်မံ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယင်းပါတီမှ သိရသည်။
    "အမှန်ကတော့ ၄၄ မြို့နယ်လုံး ကို ပါတီရုံးတွေဖွင့်ဖို့ ဆန္ဒရှိနေပါတယ်။ ပြီးတော့ ပါတီမှာက ပါတီဝင်အင်အား သောင်းချီရှိနေတယ်။ ဖွင့်နိုင်တဲ့ အင်အားရှိနေသလို လူတွေကလည်း ပါတီသစ်‌ကို နွေးနွေးထွေး ထွေး ကြိုဆိုနေကြတာ တွေ့ရတယ်။ အချိန်တိုအတွင်းမှာမို့ ကော်မရှင်ရဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ အရေအတွက်ကိုပဲ အရင်ဖွင့်ဖို့ စီစဉ်လိုက်တာပါ"ဟု UADPပါတီ ဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဦးက ဆက်ပြောသည်။
ထို့အပြင် ဆိပ်ကြီးခနောင်တို မြို့နယ်ရုံးဖွင့်ပွဲ အခမ်းအနားနှင့် ပါတီဝင်အင်အား တစ်ထောင် အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနားလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
    ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိသော ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (UADP) ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂ ရက်မှ စ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက် အမှတ် (၈/၂၀၂၄ ) ဖြင့် ကြေညာခဲ့သည်။ ယင်း၏ မှတ်ပုံတင်အမှတ်မှာ (၅၅ ) ဖြစ်သည်။ ညီသစ်

Total Views ~ 109

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43007

© 2022 - 2025 News. All Rights Reserved.