ရန်ကုန်-နေပြည်တော်-မန္တလေးခရီးစဉ်များတွင် ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များဖြင့် ပြေးဆွဲမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
    ယခုလကုန်မှစ၍ ရန်ကုန်-နေပြည်တော်-မန္တလေးခရီးစဉ်များတွင် ခေတ်မီ DEMU ရထားတွဲဆိုင်း သစ်များဖြင့်  ပြေးဆွဲသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ သိရသည်။
    "လကုန် စပြေးမယ်လို့တော့ သိရတယ်။ ကျွန်တော်တို့ဆီကိုတော့ ညွှန်ကြား ချက်မရသေးဘူး။ စထွက်မယ်ဆိုရင် ဘယ်နေ့ဘယ်ရက်ကစပြီး ပြေဆွဲမယ်၊ လက်မှတ်ခနှုန်းထားက ဘယ်လောက်ဆိုတာကို ညွှန်ကြားချက်ရတာနဲ့ ထုတ်ပြန်ပေးနိုင်ပါပြီ"ဟု မြန်မာ့မီးရထား ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။
    အဆိုပါ ခေတ်မီ DEMU ရထားတွဲဆိုင်းဖြင့် နေပြည်တော်မှ ရန်ကုန်အထိ စတင်စမ်းသပ်ပြေးဆွဲသည့် ခရီးစဉ်အဖြစ် ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်ခဲ့ရာ နံနက် ၈ နာရီတွင် နေပြည်တော်ဘူ တာကြီးမှစတင် ထွက်ခွာခဲ့ပြီး ရန်ကုန်ဘူတာသို့ မွန်းလွဲ ၁ နာရီ မိနစ် ၅၀ တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။ ယင်းစတင် စမ်းသပ်ပြေးမှုအရ  နေပြည်တော်မှ ရန်ကုန်သို့ ဘူတာစဉ်ရပ် တန့်ချိန်များအပါအဝင် ခရီးသွားချိန် ၅ နာရီ မိနစ် ၅၀ ကြာမြင့်ကြောင်း သိရသည်။
    ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမြန်မာ့မီးရထားအနေဖြင့် အများပြည်သူလူထုရထားဖြင့် ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် အဓိကရထားလမ်းပိုင်းများဖြစ်သည့် ရန်ကုန်-မန္တလေးလမ်းပိုင်း၊ ရန်ကုန်-ပြည်လမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းများနှင့် ရန် ကုန် မြို့ပတ်နှင့် ဆင်ခြေဖုံးလမ်းပိုင်းများတွင် သာမက အခြားလမ်းပိုင်းများဖြစ်သော ပုသိမ်-ဟင်္သာတ-ကြံခင်းလမ်းပိုင်း၊ ပျဉ်းမနား-တောင်တွင်းကြီးလမ်းပိုင်း၊ ရန်ကုန်-ပြည်-ပုဂံလမ်းပိုင်း၊ မြစ်ကြီးနား-မိုးကောင်းလမ်းပိုင်း၊ လက်ပံတန်း-သာရဝေါလမ်းပိုင်းနှင့် သာစည်-ရွှေညောင်လမ်းပိုင်း စသည့် လမ်းပိုင်းများတွင် လူစီးရထား ခရီးစဉ်များကို စီစဉ်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ နဒီ

Total Views ~ 151

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43013

© 2022 - 2025 News. All Rights Reserved.