ရန်ကုန်-ပုသိမ်လမ်းပေါ်ရှိ အပင်နှစ်ဆယ်တံတား အရှည်ပေ ၂၂၀ တိုးချဲ့တည်ဆောက်နေပြီး မတ်လမကုန်မီ AC ကတ္တရာခင်းနိုင်ရေး စီစဉ်ထား

ရန်ကုန်၊ ဇန်နဝါရီ ၂
    ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် ရန်ကုန်-ပုသိမ်လမ်းပေါ်ရှိ အပင်နှစ်ဆယ် တံတားအရှည်ပေ ၂၂၀ တိုးချဲ့တည်ဆောက်နေပြီး မတ်လမကုန်မီ AC ကတ္တရာ ခင်းနိုင်ရေး စီစဉ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
    ဒီဇင်ဘာ ၂၈ ရက်က အဆိုပါ အပင်နှစ်ဆယ်တံတား အရှည်ပေ ၂၂၀ တိုးချဲ့ တည်ဆောက်ခြင်းလုပ်ငန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး  လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေး၊ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့် မီစွာဖြင့် အချိန်မီပြီးစီးစေရေး၊ သတ်မှတ် Design အတိုင်းဖြစ်စေရေးနှင့် တံတားတည်ဆောက် ခြင်းလုပ်ငန်းပြီးစီး ပါက ၂၀၂၅ ခုနှစ် မတ်လမကုန်မီ CA ကတ္တရာခင်းနိုင်ရေး စီစဉ်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
    ထို့ပြင် ရန်ကုန်-ပုသိမ်လမ်း မိုင်တိုင်အမှတ် (၂၁/၂)နှင့် (၂၁/၅)အကြား မယ်ဇလီတံတား ချဉ်းကပ်လမ်းတည်ဆောက်ခြင်း လုပ်ငန်းခွင်၊ ဗိုလ်မြတ်ထွန်းတံတား ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ရန်ကုန်-ပုသိမ်လမ်း အရှည် ၉၅ မိုင် ၆ ဖာလုံကို လမ်းအထူးအဖွဲ့ ၂၀၊ လမ်းအထူးအဖွဲ့ ၂၁၊ ပုသိမ်ခရိုင်၊ ကျုံပျော်ခရိုင်၊ မအူပင်ခရိုင် လမ်းဦးစီးဌာနတို့မှအဖွဲ့ငါးဖွဲ့ဖြင့် ထိန်းသိမ်း ပြုပြင်ခြင်းနှင့် မိုင်တိုင်အမှတ် (၁၀၅/၅) မှ (၁၀၈/၄)အတွင်း အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်နေမှု အခြေအနေများကို ဒုတိယဝန်ကြီးမှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အ သွေးကောင်းမွန်စေရေး၊ လမ်းလုပ်ငန်းများကို မိုးမကုန်မီ အမြန်ပြီးပြတ်စေရေး အလေးထား ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။ နဒီ

Total Views ~ 113

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43027

© 2022 - 2025 News. All Rights Reserved.