ရုံးခန်း ငှားရမ်းရန် အခက်အခဲတချို့  ရှိနေ၍ ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီရုံးတစ်ခုသာ ဖွင့်လှစ်ထားနိုင်သေး

ရန်ကုန်၊ မတ် ၁၉
    ပါတီဝင်အင်အား အပြည့်ဖြစ်နေသော်လည်း ရုံးခန်းငှားရမ်းရန် အခက်အခဲ တချို့ရှိနေ၍ ငြိမ်းချမ်းရေးအကျိုးဆောင် ပါတီရုံးတစ်ခုသာ ဖွင့်လှစ်ထားနိုင်သေး ကြောင်းသိရသည်။
    ရန်ကုန်တိုင်းဒေသကြီး အခြေစိုက်ဖြစ်သည့် ငြိမ်းချမ်းရေးအကျိုးဆောင် ပါတီအနေဖြင့် ပါတီဝင် အင်အားအပြည့် ဖြစ်နေသော်လည်း ရုံးခန်းငှားရမ်းရ အခက်အခဲတချို့ရှိနေ၍ ပါတီရုံးတစ်ခုသာ ဖွင့်လှစ်ထားနိုင်သေးကြောင်း သိရသည်။
    "အခုဖွင့်ထားတာက မရမ်းကုန်းမြို့နယ်မှာပါ။ ရုံးချုပ်ပဲရှိ‌သေးတယ်။ ကျန်တဲ့ မြို့နယ်တွေအတွက်တော့ လျာထားတုန်းရှိ သေးတယ်။ သတ်မှတ်ချက်အရ မြို့နယ်ငါး ရုံးဖွင့်ရမှာပါ။ အခုက အခန်းငှားဖို့ ရှာနေတုန်းပါ။ အခက်အခဲကတော့ ရှိတယ်လို့တော့ မဟုတ်ပါဘူး။ ဒီအချိန်ကလည်း သိ တဲ့အတိုင်း ပါတီဆိုရင်  မငှားချင်ကြတဲ့သူတွေ ရှိကြတယ်။ တချို့ကျတော့လည်း အခန်းငှားဖို့ စုံစမ်းတော့ ဘာလုပ်ဖို့လဲဆိုတာမျိုး မေးကြတာတွေရှိတယ်"ဟု ငြိမ်းချမ်းရေး အကျိုးဆောင်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
    သို့သော်လည်း ပါတီရုံးခန်း ဖွင့်လှစ်နိုင်ရန် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ကြောင်း၊ ငွေအင်အားလည်း အခက်အခဲမရှိသည့်အတွက်လည်း လာမည့် သုံးလအတွင်း ရုံးခန်းများ ဖွင့်လှစ်သွားနိုင်ရေး တွန်းတွန်းတိုက်တိုက် ကြိုးစားသွားမည်ဟု ၎င်းကပြောသည်။
    ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၉) နှင့်အညီ ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ရွေးကောက် ပွဲကော်မရှင်က ၂၀၂၄ ခုနှစ် ဧပြီ ၂၅ ရက် ရက်စွဲဖြင့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ယင်းပါတီ၏ မှတ်ပုံတင် အမှတ်မှာ (၄၉) ဖြစ်သည်။  ညီသစ်

Total Views ~ 62

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42837

© 2022 - 2025 News. All Rights Reserved.