ရေကြီးရေလျှံခဲ့သည့် မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင်-မယ်ဟောင်ချောင်း သဲနုန်းတူးဖော်မှု ဖေဖော်ဝါရီလတွင် စတင်မည်

ရန်ကုန်၊ ဇန်နဝါရီ ၂၂
    ၂၀၂၄  စက်တင်ဘာအတွင်း မယ်ဆိုင်-မယ်ဟောင်ချောင်းတွင် ရေကြီးရေလျှံမှု ကြီးမားစွာ ဖြစ်ပွားခဲ့သည့်ကိစ္စမျိုး နောက်ထပ် မဖြစ်ပွားစေရေးအတွက် အမြန်ဆုံးဖြေရှင်း ဆောင်ရွက်ရန်နှင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ သဲရသည်။နုန်းတူးဖော်ရေးလုပ်ငန်းကို ဆောင်ရွက်ရန် နှစ်နိုင်ငံ တာဝန်ရှိသူများအကြား သဘောတူညီခဲ့ကြောင်း သိရသည်။

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ်က Chiang Rai Hertiage Hotel ၌ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် တတိယအကြိမ် မြန်မာ-ထိုင်း မယ်ဆိုင်-မယ်ဟောင် ချောင်းရေ ခွဲဝေအသုံးချရေးနှင့် မြစ်ကြောင်း ထိန်းသိမ်းရေးဆိုင်ရာ ဆပ်ကော်မတီ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အထက်ပါကိစ္စရပ်ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
    မြန်မာကောင်စစ်ဝန်ချုပ်ရုံး ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်း သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နှင့် ၁၇ရက်ထိ ချင်းရိုင်ခရိုင် ချင်းရိုင်မြို့ Chiang Rai Hertiage Hotel ၌ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံပြုလုပ်သည့် တတိယအကြိမ် မြန်မာ-ထိုင်း မယ်ဆိုင်-မယ်ဟောင် ချောင်းရေခွဲဝေ အသုံးချရေးနှင့် မြစ်ကြောင်း ထိန်းသိမ်းရေးဆိုင်ရာ ဆပ်ကော်မတီအစည်းအဝေးသို့ ရှမ်းပြည်နယ်အစိုး ရအဖွဲ့ အတွင်း ရေးမှူး ဦးဆောင်သော မြန်မာကိုယ် စားလှယ်အဖွဲ့နှင့်အတူ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
    အစည်အဝေးတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား နယ်နိမိတ်အဖြစ် စီးဆင်းနေသော မယ်ဆိုင်ချောင်းနှင့် မယ်ဟောင်ချောင်းအတွင်း သဲနုန်းတူးဖော်ခြင်းကိစ္စရပ် ဖြေရှင်းဆောင်ရွက်ရေးကိစ္စ၊ နယ်နိမိတ်မျဉ်းပေါ်တွင် ကျူးကျော်ဆောက်လုပ်ထားသော အဆောက်အအုံများနှင့် ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ရေးကိစ္စနှင့် မယ်ဆိုင်-မယ်ဟောင် ချောင်းရေ ခွဲဝေအသုံးချရေးကိစ္စတို့ကို ဆွေးနွေးရန် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။  ( ထူးမြတ်)

Total Views ~ 107

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43013

© 2022 - 2025 News. All Rights Reserved.