ရန်ကုန်၊ နိုဝင်ဘာ ၂၀
လာမည့် ၂၀၂၅ နှစ်ဆန်းပိုင်းမှစ၍ မှတ်ပုံတင်မော်တော်ယာဉ်များအားလုံး ယာဉ်စစ်ဆေးပြီးမှသာ ယာဉ်မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ အသိပေးကြေညာထားသည်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြား မှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်များအနက် Road Safety အရေးကြီးသည့် အများပြည်သူ သယ်ယူပို့ ဆောင်ရေး ခရီးသည်တင်ယာဉ်များ၊ ယာဉ်မှန်/မမှန်စစ်ဆေးခြင်း၊ ပြောင်းလဲခြင်းများအတွက် ယာဉ်စစ်ဆေးခြင်း၊ နယ်ဝင်ယာဉ်များကို စစ်ဆေးခြင်းတို့နှင့် အကျုံးဝင်သည့် ယာဉ်များ၊ Taxi အငှားယာဉ်များ၊ School Bus ယာဉ်များနှင့် နှစ်တန်နှင့်အထက်အငှားယာဉ်များအား ယာဉ်စစ်ဆေး၍ သက်တမ်းတိုး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ယခုအခါ ယာဉ်များကြံ့ခိုင်မှု ကောင်းမွန်စေရေးနှင့် အများပြည်သူဆိုင်ရာ လမ်းများပေါ်တွင် အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် မှတ်ပုံတင်မော်တော်ယာဉ်များအားလုံးကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ယာဉ်သက်တမ်းတိုးခြင်း အပါအဝင် ယာဉ်မှတ်ပုံတင်လုပ်ငန်းများအတွက် ယာဉ်စစ်ဆေးပြီးမှသာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦး စီးဌာနမှ အသိပေးကြေညာထားသည်။ နဒီ