ရန်ကုန်၊ မတ် ၁၉
၂၀၂၅ခုနှစ် မဟာသင်္ကြန်ပွဲတော်အတွက် ကာလရှည်အနုပညာလုပ်ငန်းများရပ်နားထားသည့် အနုပညာရှင်များအနေဖြင့် သင်္ကြန်တေးသီချင်းသစ်များ ဖန်တီးသီဆိုလာကြပြီး သင်္ကြန်ဖျော်ဖြေရေးအတွက် ကြိုတင်ငှားရမ်းမှု များပြားလာကြောင်း သိရသည်။ ကိုဗစ်ကပ်ရောဂါနှင့် အကြမ်း ဖက်သူတို့၏ ခြိမ်းခြောက်မှုကြောင့် အနုပညာရှင်များအတွက် အနုပညာလုပ်ငန်းများ လေးနှစ်ခန့် နှောင့်နှေးခဲ့ရပြီး ယခုအခါ အနုပညာ နယ်ပယ်အသီးသီးမှ အနုပညာလုပ်ငန်းများ ပြန်လည် စတင်လာကြပြီဖြစ်သည်။
အများပြည်သူအနေဖြင့် ၂၀၂၅ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကာလ ပိုမိုစည်ကားရေးကို မျှော်မှန်းထားပြီး အနုပညာရှင်များကလည်း သင်္ကြန်ရာသီပေါ် တေးသီချင်းသစ်များ သီဆိုထုတ်လုပ်ဖြန့်ချိခြင်း၊ သင်္ကြန်ပွဲတော်ကာလဖျော်ဖြေရေး ငှားရမ်းလက်ခံမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း နွေပန်းချီ အမည်ရ သင်္ကြန်တေးသီချင်းသစ် သီဆိုထားသူ အဆိုတော်မေဂျွန်က ပြောသည်။
]]အခု နောက်ပိုင်းအနုပညာရှင် အားလုံးက အလုပ်တွေပြန်လုပ်လာကြတယ်။ပြီးတော့ ဒီနှစ်သင်္ကြန်ကိုလည်း အရင်နှစ်တွေ ထက်ပိုပြီးတော့ စည်ကားမယ်လို့ အားလုံးက ထင်ကြေးပေးကြတယ်။ သင်္ကြန်ကာလအတွင်း ဖျော်ဖြေမှုအတွက် စီးပွားရေးအခြေအနေကိုကြည့်ပြီး အနုပညာရှင်တွေ ဘက်ကလည်း ကိုယ်သတ်မှတ်တဲ့ ဈေးနှုန်းမဟုတ်ဘဲ လုပ်ငန်းရှင်ရော၊ အနုပညာရှင်ရော မနစ်နာတဲ့ဈေးလေးတွေ ညှိနှိုင်းပြီးယူကြပါ တယ်ဟု အဆိုတော်မေဂျွန်က ပြောသည်။
ယခုနှစ် သင်္ကြန်ပွဲတော်ကာလ အတွက် သင်္ကြန်နှင့်သက်ဆိုင်သော ပစ္စည်းဈေးကွက်များလည်း အရောင်းအဝယ်ဖြစ်လာကြောင်း သင်္ကြန်ရာသီအတွက် ပစ္စည်းများရောင်းချသော ကိုဇော်နိုင်က ပြောသည်။ ]]ခုဆိုရင် မနှစ်ကမရောင်းရလို့ ကျန်နေတဲ့ လေထိုးရေကူးကန်လေးတွေ တစ် သိန်းအောက်ဈေးနဲ့ ရောင်းပေးတာအကုန် ရောင်းလိုက်ရသလို အသစ်ဝင်ထားတဲ့ပစ္စည်း တွေလည်း ရောင်းရတယ်။ နောက်ပြီးကလေး တွေကနေ လူငယ်တွေအထိ ဆော့လို့ရတဲ့ ရေသေနတ် အသစ်တွေလည်း တော်တော် အဝယ်လိုက်တယ်။ သင်္ကြန်ရဲ့ အငွေ့အသက် အမှန်တွေ ပြန်ရလာတယ်လို့ ပြောလို့ရမယ်။ ဒီနှစ်သင်္ကြန်ကတော့ ပြည်သူတွေ ပိုပျော်ကြ မယ်ထင်တယ်ဟု ကိုဇော်နိုင်ကပြောသည်။
မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာ သင်္ကြန်ပွဲတော်ကို ယူနက်စကို၏ လူသားမျိုး နွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းတွင် ပါဝင်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ရာ မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန် ပွဲတော်နှင့်ပတ်သက်သည့် အဆိုပြုစာတွဲကို ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ကော်မတီသို့ ၂၀၂၃ ခုနှစ် မတ် ၂၄ ရက် တ်င် ပေးပို့တင်သွင်းခဲ့သည်။ မြန်မာနိုင်ငံမှ တင်သ-ွင်းထားသည့် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် အဆိုပြုစာတွဲကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် ပါဝင်နိုင်ရေးနှင့်ပတ်သက်၍ ပါရာဂွေး နိုင်ငံ အာဆွန်စီယွန်မြို့၌ ၂၀၂၄ ဒီဇင်ဘာ ၂ ရက်မှ ၇ ရက်အထိ ကျင်းပသည့် (၁၉) ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ညီလာခံတွင် တရားဝင်ဆုံးဖြတ်ခဲ့ရာ ဒီဇင်ဘာ ၅ ရက်တွင် မြန်မာ့သင်္ကြန်မှာ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပထမဆုံး တရားဝင်ပါဝင်နိုင်ခဲ့ခြင်းဖြစ် သည်။ ထူးမြတ်