ရန်ကုန်၊ ဇွန် ၁၈
သန်လျင်တံတားအမှတ် (၃)ဖွင့်ပွဲ အခမ်းအနားအား ၁၀၇ မမ ရှော့ခ်တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မည့် Dark Shadow အဖွဲ့ဝင်လေးဦးအား လက်နက်ခဲယမ်းများ နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။
ဖမ်းဆီးရမိထားသည့် ချိုကြီး(ခ)ဟိန်းထက်အောင်၏ ထွက်ဆိုချက်အရ ဇွန် လ ၁၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖောက်ခွဲရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် Dark Shadow အဖွဲ့ဝင်များဖြစ်သည့် မျိုးသိန်းထွန်းအား FGC-9 သေနတ်တစ်လက်၊ ကျည်အိမ် တစ်ခုတို့နှင့်အတူ မင်္ဂလာတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက် တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်း အိမ်ရာပျိုးခြံလိုင်း အခန်းအမှတ်(၁၃)တွင် လည်းကောင်း၊ ဇော်ကြီး(ခ)ကိုထက်အား လက်လုပ်မိုင်းတစ်လုံး၊ တရုတ်လက်ပစ်ဗုံး တစ်လုံး၊ ရီမုတစ်ခုတို့နှင့်အတူ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် ပိတောက်လမ်း အမှတ် (၆)ရပ်ကွက် ကျန်စစ်သားအိမ်ရာ နီလာအဆောင်၊ အခန်းအမှတ်(B-7) တွင်လည်းကောင်း၊ ရဲဇော်ထွန်း(ခ)ဖီးနစ်အား ပွိုင့်-၃၈ ကျည် ၂၉ တောင့်၊ လက်လုပ်မိုင်း ငါးလုံး၊ လက်လုပ်ရှို့ပစ်ဗုံးတစ်လုံး၊ Keypad ဖုန်းလေးလုံး၊ ဓာတ်ခဲကိုးလုံး၊ ပုလဲဓာတ်မြေသြ ဇာတစ်ထုပ်တို့နှင့်အတူ မင်္ဂလာတောင် ညွန့် မြို့နယ်၊ ဥယျာဉ်ရပ်ကွက်၊ တိရစ္ဆာန်ဥယျာဉ် ဝန်ထမ်းအိမ်ရာ၊ သီဟလိုင်း၊ အခန်းအမှတ် (၄)တွင် လည်းကောင်း၊ ရှိန်းမြင့်မိုရ်အောင် (ခ)ကိုရှိန်းအား လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ကျန်စစ်သားအိမ်ရာ၊ တိုက်(၄၅)၊ အခန်း(၁၀၃)တွင်လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။
ဖမ်းဆီးရမိထားသူများ၏ ထွက်ဆိုချက်အရ ချိုကြီး(ခ)ဟိန်းထက်အောင်၊ ရဲဇော်ထွန်း(ခ)ဖီးနစ်၊ ဇော်ကြီး(ခ)ကိုထက်နှင့် ရှိန်းမြင့်မိုရ်အောင်(ခ)ကိုရှိန်းတို့သည် ၂၀၂၁ ခုနှစ် သြဂုတ်လတွင် လူမှုကွန်ရက်၌ ရင်းနှီးခဲ့သူ ရန်ကုန် UG အဖွဲ့ဝင် ဖမ်းဆီးရန်ကျန်သော ဖြူနှင်းအေး(ခ)မီးအိမ်ရှင်၏ စည်းရုံးမှုဖြင့် KNLA တပ်မဟာ(၆) လှုပ်ရှားနယ်မြေ လေးကေ့ကော်မြို့သစ်အနီး၌ ဖောက်ခွဲရေးသင်တန်း တစ်လတက်ရောက်ခဲ့ကြောင်း၊ ဖောက်ခွဲရေးသင်တန်း တက်ရောက်စဉ် NUG မှ ဦးရည်မွန် ဦးဆောင်ပြု လုပ်သည့် Online Meeting တွင် ပါဝင်တက်ရောက်ခဲ့ကာ ဦးရည်မွန်က ဖောက်ခွဲရေးသင်တန်း ဆင်းပြီးပါက ရန်ကုန်မြို့အတွင်းသို့ လျှို့ဝှက်စွာ ပြန်လည်ဝင်ရောက်၍ လုပ်ငန်းများဆောင်ရွက် ရန်စေခိုင်းခဲ့ပြီး လိုအပ်သည့် လက်နက်/ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများအား ချိတ်ဆက်ပို့ဆောင်ပေးမည်ဟု ပြောကြားခဲ့သည်ကို ဖော်ထုတ်သိရှိရကြောင်း ထုတ်ပြန် သည်။
ချိုကြီး (ခ) ဟိန်းထက်အောင်၊ ရဲဇော်ထွန်း(ခ)ဖီးနစ်၊ ဇော်ကြီး (ခ) ကိုထက် နှင့် ရှိန်းမြင့်မိုရ်အောင် (ခ) ကိုရှိန်းတို့သည် ၂၀၂၁ ခုနှစ် အောက်တိုဘာတွင် ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ဖမ်းဆီးရန်ကျန်သော ချမ်းငြိမ်းသူ(ခ)ပန်ဒါလေးခေါင်း ဆောင်သည့် Dark Shadow အဖွဲ့သို့ ဝင် ရောက်ခဲ့ကြောင်း၊ ၎င်းင်းနောက် ရန်ကုန်မြို့အ တွင်းရှိ လှိုင်သာယာမြို့နယ် မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ဒဂုံ (ဆိပ်ကမ်း)မြို့နယ်တို့တွင် လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး လိုအပ်သည့် လက်နက်/ခဲယမ်း များ၊ ဖောက်ခွဲရေး ပစ္စည်းများနှင့် ငွေကြေးများအား ဦးရည်မွန်က ဖမ်းဆီးရန်ကျန်သော ချမ်းငြိမ်းသူ (ခ)ပန်ဒါလေးမှတစ်ဆင့် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိထားသူများ၏ ထွက် ဆိုချက်အရ ဦးရည်မွန်၏စေခိုင်းမှုဖြင့် Dark Shadow အဖွဲ့မှ ရန်ကုန်မြို့အတွင်း၌ ဖောက်ခွဲမှုနှစ်ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ ရဲဇော်ထွန်း(ခ)ဖီးနစ်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလခန့်တွင် မင်္ဂလာတောင်ညွန့်မြို့ နယ်၊ လျှပ်စစ်ရုံးရှေ့၌ လက်လုပ်မိုင်းနှစ်လုံး သွားရောက် ဖောက်ခွဲခဲ့ကြောင်းနှင့် ဇော်ကြီး (ခ)ကိုထက်နှင့် ရှိန်းမြင့်မိုရ်အောင်(ခ)ကိုရှိန်း တို့နှစ်ဦးသည် ၂၀၂၄ ခုနှစ် ဧပြီလ(ဒုတိယ ပတ်)တွင် လှိုင်သာယာမြို့နယ် (၅)လမ်း ထိပ်ရဲကင်းစခန်းအား လက်ပစ်ဗုံးနှစ်လုံး ဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း သတင်းထုတ်ပြန် သည်။
၂၀၂၄ ခုနှစ် ဇွန်လ ၈ ရက် နံ နက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သန်လျင်တံတား အမှတ်(၃)ဖွင့်ပွဲ အခမ်းအနား ကျင်းပစဉ် ၁၀၇ မမရှော့ခ် တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် ချိုကြီး(ခ)ဟိန်းထက်အောင် အပါအဝင် တရားခံကျား ရှစ်ဦး၊ မတစ်ဦး၊ ပေါင်း ကိုးဦးတို့အား ၁၀၇ မမရှော့ခ်တိုက်ဒုံး သုံးလုံး၊ ဖျူ့သုံးခု၊ လက်ပစ်ဗုံး နှစ်လုံး၊ ဘက္ထရီအိုးနှစ်လုံး၊ ဝိုင်ယာကြိုးခွေ လေးခွေ၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဇွန် ၁၀ ရက်တွင် ဖမ်းဆီးရမိထားပြီးဖြစ်သည်။ ဖမ်းဆီးရမိထားသူများအား ဥပဒေအရထိရောက် စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။