နေပြည်တော်၊ ဒီဇင်ဘာ ၁၈
နေပြည်တော်၌ ကျင်းပလျက်ရှိသည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်၏ ဝန်ကြီးဌာနအဆင့်အားကစားပြိုင်ပွဲတွင် ဒီဇင်ဘာ ၁၆ ရက်အထိ ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ဆုတံဆိပ်အများဆုံး ရရှိထားကြောင်း သိရသည်။
ကာကွယ်ရေးဝန်ကြီးဌာနအသင်းသည် ရွှေတံဆိပ် ၁၃ ခု၊ ငွေတံဆိပ်ကိုးခု၊ ကြေးတံဆိပ် ကိုးခု(စုစုပေါင်း ဆုတံဆိပ် ၃၁ ခု)ဖြင့် ဆုတံဆိပ်အများဆုံးရရှိကာ ထိပ်ဆုံးတွင်ရပ်တည်လျက်ရှိပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ရွှေတံဆိပ် ၁၀ခု၊ ငွေတံဆိပ် ခုနစ်ခု၊ ကြေးတံဆိပ် ခုနစ်ခု (စုစု ပေါင်း ဆုတံဆိပ် ၂၇ခု)ဖြင့် ဒုတိယအများဆုံး ရရှိထားကြောင်း သိရသည်။
ထို့ပြင် ပြည်ထဲရေးဝန်ကြီးဌာနမှ ရွှေတံဆိပ်ကိုးခု၊ ငွေတံဆိပ်ရှစ်ခု၊ ကြေးတံဆိပ် ၁၀ ခု (စုစုပေါင်း ၂၇ ခု)ဖြင့် တတိယ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ရွှေတံဆိပ် ခုနစ်ခု၊ ငွေတံဆိပ် ၁၁ ခု၊ ကြေးတံဆိပ် ခုနစ်ခု(စုစုပေါင်း ၂၅ ခု)ဖြင့် စတုတ္ထရရှိထားကြောင်း သိရသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာနတို့မှ ဆုတံဆိပ်ငါးခုစီ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆုတံဆိပ် ခြောက်ခု၊ အလုပ်သမားဝန်ကြီးဌာနမှ ဆုတံဆိပ်သုံးခု၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဆုတံဆိပ် နှစ်ခုစီ အသီးသီးရရှိထားကြသည်။
ထို့ပြင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့မှ ဆုတံဆိပ်တစ်ခုစီ ရရှိထားကြောင်း သိရသည်။ ထူးမြတ်