အွန်လိုင်းလိမ်လည်မှု ဆက်စပ်ပါဝင်သူ ဖိလစ်ပိုင်နှင့် လာအိုနိုင်ငံသားများ ထပ်မံလွှဲပြောင်း၊ ပြည်ပနိုင်ငံသား စုစုပေါင်း ၅၂၀၀ လွှဲပြောင်းပြီးဖြစ်

ရန်ကုန်၊ မတ် ၂၆
    ၂၀၂၅ခုနှစ် မတ်လ ၂၄ ရက်တွင် အွန်လိုင်းလိမ်လည်မှု ဆက်စပ်ပါဝင်သူ ဖိလစ်ပိုင်နှင့် လာအိုနိုင်ငံသားများကို ထပ်မံလွှဲပြောင်းထားပြီး ယခုအခါ ပြည်ပနိုင်ငံသား ၅၂၀၀ လွှဲပြောင်းပြီးဖြစ်ကြောင်း နိုင်ငံတော်အစိုးရ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
    ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ မတ်လ ၂၄ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံ သားစုစုပေါင်း ၈၄၃၂ ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၅၂၀၀ ကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၃၂၃၂ ဦးကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။
    နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam)နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေသူများ၊ ပါဝင်ပတ်သက်သူများ အားလုံးကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများ၊ အထူးသဖြင့် မြန်မာ-တရုတ်-ထိုင်းသုံး နိုင်ငံအကြား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation) ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။
    မတ်လ ၂၄ ရက်တွင် မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်နေထိုင်ပြီး  ကရင်ပြည်နယ် မြဝတီမြို့-မယ်ထော်သလေး နယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံသား ၃၀ နှင့် လာအိုနိုင်ငံသား ၂၃ ဦးတို့ကို လူသား ချင်း စာနာထောက်ထားမှုကြောင့် မြန်မာ-ထိုင်း အမှတ်(၂)ချစ် ကြည်ရေးတံတားမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ် နည်းများနှင့်အညီ  ပြည်နှင်လွှဲ ပြောင်းပေးခဲ့ပြီး ပြည်ပနိုင်ငံသား ၂၃၀ ကို ထပ်မံစစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။ လွှဲပြောင်းပေးရာတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံရုံး (ရန်ကုန်)မှ Third Secretary Mr.Peter John V. Dela Fuente နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ လာအိုသံရုံးမှ Third Secretary Mr.Heuangchalern Phommasone နှင့် တာဝန်ရှိသူများ ထိုင်းနိုင်ငံတာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
    နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ် သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံးပြည်နှင် လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 160

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42837

© 2022 - 2025 News. All Rights Reserved.