ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ ခုလုံး ပါတီရုံးခန်းများ ရာနှုန်းပြည့် ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)၏ ဗဟိုသတင်းနှင့် ပြန်ကြားရေးမှ ထုတ်ပြန်ထားသည်။
ထို့အပြင် ကျားဖြူပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့မှ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်းနှင့်မြို့နယ် အလုပ်အမှုဆောင် ကော်မတီဝင်များနှင့် တွေ့ဆုံပွဲများ သုံးရက်တိုင်တိုင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၀ ရက်တွင် ဟင်္သာတမြို့၌ တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ ဟင်္သာတ၊ လေးမျက်နှာ၊ မြန်အောင်၊ အင်္ဂပူ၊ ဇလွန်၊ ဓနုဖြူ၊ ကြံခင်း စသည့် မြို့နယ်များမှ ပါတီအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြပြီး ဖေဖော်ဝါရီ ၂၁ ရက်တွင် ပုသိမ်မြို့၌ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ရာ ဝါးခယ်မ၊ ပုသိမ်၊ ကန်ကြီးထောင့်၊ ငပုတော၊ မြောင်းမြ၊ အိမ်မဲ၊ ကျောင်းကုန်း၊ သာပေါင်း၊ လပွတ္တာ စသည့် မြို့နယ်များမှ ပါတီအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီ ၂၂ ရက်တွင် ကျိုက်လတ်မြို့၌ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ရာ ကျိုက်လတ်၊ မော်လမြိုင်ကျွန်း၊ မအူပင်၊ ဖျာပုံ၊ ဒေးဒရဲ စသည့် မြို့နယ်များမှ ပါတီအလုပ် အမှုဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရပြီး အဆိုပါ သုံးရက်တာ တွေ့ဆုံမှုများ တွင် တိုင်းနှင့်မြို့နယ် အလုပ်အ မှုဆောင် ကော်မတီကို ပါတီအပေါ် စိတ်ဝင်စားပြီး တက်ကြွစွာ အချိန်ပေးပါဝင်လှုပ်ရှားနိုင်သည့် အရည်အချင်းရှိသူများဖြင့် အစားထိုးပြောင်း လဲပြင်ဆင် တိုးချဲ့ဖွဲ့စည်းသွားရေး၊ မကြာမီ ကျင်းပတော့မည့် ရွေးကောက်ပွဲအဆင့်ဆင့်တွင် ပါတီကိုယ်စားပြုပြီး ပါဝင်ယှဉ်ပြိုင်ကြမည့် အရည်အချင်း ပြည့်မီ သည့်လွှတ်တော် ကိုယ်စားလှယ်လောင်းများစာရင်းကို ကြိုတင် ရွေးချယ်လျာထားကြရေး၊ ရပ်ကွက်ကျေးရွာ စည်းရုံးရေးမှူးများကို အုပ်စုတိုင်းတွင် ခန့်အပ်ပြီး ပါတီဝင်စုဆောင်းခြင်း လုပ်ငန်းများကို စတင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် စသည့် ပါတီကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ဗဟို သတင်းနှင့်ပြန်ကြားရေးမှ သတင်းထုတ်ပြန်ခဲ့သည်။ ညီသစ်