၂၀၂၄ တွင် စားသုံးသူတိုင်ကြားမှုပေါင်း ၃၀၀ ကျော်ရှိသည့်အနက် ဆက်သွယ်ရေး၊ ငွေရေးကြေးရေးနှင့် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးနှင့် သက်ဆိုင်သည့် တိုင်ကြားမှုများ အများဆုံးဖြစ်နေ 

ရန်ကုန်၊ ဇန်နဝါရီ ၈
    ၂၀၂၄ ဇန်နဝါရီမှ ဒီဇင်ဘာ ၁၅ ရက်အထိ စားသုံးသူတိုင်ကြားမှုပေါင်း ၃၀၀ ကျော်ရှိသည့်အနက် ဆယ်သွယ်ရေး၊ ငွေရေး ကြေးရေးနှင့် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးနှင့် သက်ဆိုင်သည့် တိုင်ကြားမှုများ အများဆုံးဖြစ်နေကြောင်း မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင် ဥက္ကဋ္ဌစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ က ပြောကြားခဲ့သည်။
    မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅)ကို ဇန်နဝါရီ ၆ ရက်က စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၅၂) ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့သည်။
    ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာ ၁၅ ရက်အထိ စားသုံးသူတိုင်ကြားမှုစုစုပေါင်း ၃၃၂ မှု ရှိသည့်အနက် ကုန်စည်ဆိုင်ရာတိုင်ကြားမှု ၃၆ မှု၊ ဝန်ဆောင်မှုဆိုင်ရာတိုင်ကြားမှု ၂၉၆ မှုရှိပြီး ဝန်ဆောင်မှုဆိုင်ရာ တိုင်ကြားမှုများအနက် ဆယ်သွယ်ရေး၊ ငွေရေးကြေးရေးနှင့် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးနှင့် သက်ဆိုင်သည့် တိုင်ကြားမှုများ အများဆုံးဖြစ်သည်ကို တွေ့ရှိရကြောင်း ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောကြားခဲ့သည်။
    စားသုံးသူကာကွယ်ရေးအတွက် ၂၀၁၇ ခုနှစ်မှ စတင်ပြီး စားသုံးသူရေးရာ ဦးစီးဌာန (ရုံးချုပ်) အပါအဝင် ပြည်ထောင်စု နယ်မြေ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဦးစီး မှူးရုံးများ၊ ခရိုင်ဦးစီးမှူးရုံးများ၌ စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (Consumer Infor-mation and Complaint Center-CICC) ၄၈ ခုကို ဖွင့်လှစ်ထားရှိပြီး လူကိုယ်တိုင်ဖြစ်စေ၊ စာ၊ အီးမေးလ်၊ ဖုန်းဖြင့် တိုင်ကြားလာသည့် စားသုံးသူတိုင်ကြားမှုများအပေါ် လက်ခံဖြေ ရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
    ထို့ပြင် အလွယ်တကူခေါ်ဆိုတိုင် ကြားနိုင်ရန် Consumer Call Center(1535)  ကို ၂၀၂၁ ခုနှစ်မှ စတင်၍ နေပြည်တော်ရှိ စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ်တွင် ဖွင့်လှစ်ခဲ့ပြီး ယခုအခါ ရန်ကုန်မြို့နှင့် မန္တလေး မြို့တို့၌ လိုင်းခွဲနံပါတ်များ တိုးချဲ့ဖွင့်လှစ်ထား ရှိပြီးဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်မှ ၂၀၂၃ခုနှစ် အထိ တိုင်ကြားလာသောအမှုများကို ဖြေရှင်းထားသည့် နည်းလမ်းများအား ကိုးကားနိုင်ရန်နှင့် လေ့လာ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ 'စားသုံးသူတိုင်ကြားမှုအပေါ် ဖြေရှင်းဆောင်ရွက်ရာတွင် စံပြုဖွယ်ရာအမှုများ' စာအုပ်ကို နှစ်အလိုက် ပြုစုထုတ်ဝေလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောကြားခဲ့သည်။ နဒီ

Total Views ~ 106

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43013

© 2022 - 2025 News. All Rights Reserved.