KNU ၊PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့ စီးပွားရေးတိုက်ပွဲ ဖော်ဆောင်နေမှုကြား အနေအစားမတတ်လျှင် အရေပြားစပ်မည်ကို ပြည်သူများ စိုးရိမ်နေ

နေပြည်တော်၊ မတ်လ ၅
    ကရင်ပြည်နယ်အတွင်း လက်နက်ကိုင်များ စီးပွားရေးအရ စစ်ပွဲများဖန်တီးလျက်ရှိရာ မြေပြင်စစ်ပွဲဆိုခြင်းထက် ဝေဟင်စစ်ပွဲ အသွင်ပြောင်းလဲလာကြောင်း ကရင်ပြည်နယ်အတွင်း နေထိုင်ကြသည့် သတင်းအရင်းအမြစ်များ၏ ပြောကြားချက်အရ သိရသည်။ 
    ယခုအခါ ကရင်ပြည်နယ် ကော့ကရိတ်ဒေသအတွင်း KNU ၊ PDF အကြမ်းဖက်အဖွဲ့များက တိုက်ပွဲများ ဖော်ဆောင်နေသည်ကို တပ်မတော်က နည်းပညာမြင့်ဒရုန်း စစ်ရေးတစ်ရပ်ဖြင့် တန်ပြန်ထိုး စစ်ဆင်နေကြောင်း  ကော့ကရိတ်မြို့မှ ဒေသခံတစ်ဦးက ပြောသည်။ 
    "တိုက်ပွဲတွေက ပုံမှန်ရှိနေတယ်။ တစ်ခါတလေ ခပ်ပါးပါး၊ တစ်ခါတလေကျ ပြင်းပြင်းထန်ထန်ရှိတယ်။ တိုက်ပွဲကြီးကြီးမားမား ဖြစ်တာတွေက အာရှလမ်းသစ်ဘက်တောနော် ရေတံခွန်ဘက်မှာ ဖြစ်တယ်။ တပ်မတော်ဘက်က စစ်ကြောင်းထိုးရင် နောက်ဆုတ်သွားလိုက်။ ဟိုဘက်က အင်အားဖြည့် ပြန်ထိုးလိုက်နဲ့ အဲဒီလိုဖြစ်နေတာက နှစ်ချီနေပြီ။ တိုက်ပွဲတွေက ၂၇ ရက်နေ့ လောက်က စဖြစ်တာ။ ထူးခြားတာကတော့ တပ်မတော်ဘက်က လေကြောင်းလျှော့သွားတယ်။ သိသိသာသာ ဒီနှစ်က နှစ်ဖက်တိုက်ကြတာ ဒရုန်းတွေနဲ့ တိုက်ကြတာ။ KNU၊ PDF အဖွဲ့တွေဘက်ကလည်း Drop ဗုံးတွေ ပိုသုံးတာရှိသလို တပ်မတော်ဘက်ကလည်း ပိုသုံးလာတယ်။ ပုံစံပြောင်းသွားတာ နှစ်ဖက်လုံးက ဒရုန်းတွေနဲ့ပစ်တာ။ တပ်မတော်ဘက်က စခန်းကုန်းတွေကို မနှစ်က Drop  ဗုံးလာ ချဖို့ဆိုရင် လေး၊ ငါး၊ ၁၀ လုံးတောင် အသည်းအသန်။ ဒီနှစ်ဆိုရင် သူတို့ အားအားယားယားကို လမ်းဆုံမှာ ထိုင်ချတာ။ တစ်နေ့ချရင် အလုံး ၃၀၊ ၃၅ လုံး၊ ၄၀ လောက်ချတယ်။ တပ်မတော်ဘက်ကလည်း တော်တော်ကို နည်း ပညာကောင်းတယ်။ ဒရုန်း ဘယ်ကတက်လာသလဲ။ ဖမ်းယူပြီး ချက်ချင်း ရောက်လာတာ။ နည်းပညာ အရမ်းကောင်းလာတာ။ တပ်မတော်ဘက်က လေယာဉ်တောင် အလာနည်းသွားတယ်။ ဒီနှစ်က လုံးဝကို ဒရုန်းတွေနဲ့ပဲ။ နှစ်ဖက်လုံးက 120 Kg တွေနဲ့။ ၈၁ ဗုံးသီးလောက်ရှိတယ်။ တပ်မတော်ဘက်က ရော ဒရုန်းတွေပျံ၊ KNU? PDF အဖွဲ့က ဒရုန်းတွေကလည်း ပျံဆိုတော့ ဒရုန်းချင်း တိုက်မိပြီး ပျက်ကျတာ တောင်ရှိတယ်။ ဝေဟင် တိုက်ပွဲဖြစ်နေတာ"ဟု ၎င်းကပြောသည်။ 
    KNU ၊ PDF ပူးပေါင်းအဖွဲ့များအနေဖြင့် တိုက်ပွဲများ ဖော်ဆောင်လာမှုကြောင့် မြန်မာ့တပ်မတော်အနေဖြင့် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခြင်းဖြစ်ပြီး ယမန်နှစ်ကထက် တိုက်ပွဲအရှိန် မမြင့်နိုင်ကြောင်း ကရင်ပြည်နယ်ဒေသခံတစ်ဦးက ပြောသည်။ 
    "မီဒီယာတွေပေါ်မှာ ရေပန်းစားနေတဲ့ စက်တပ်လေထီးတွေတော့ ဒီဘက်မှာ မတွေ့သေးဘူး။ ဒီဘက်မှာက တောတောင် ထူထပ်တော့ မသုံးဘူးထင်တယ်။ တိုက်ပွဲ ကြီးကြီးမားမားကတော့ တောနော် ရေတံခွန်နားဆိုတော့ အာရှလမ်းသစ်ဘက်ပေါ့။ အခုလည်း ကလေးတွေစာမေးပွဲဖြေ ကျောင်းတွေ ပိတ်တာဆိုတော့ စစ်ရှိန်အမြင့်ဆုံးကတော့ ကဆုန်၊ နယုန် မိုးကျခါနီးလောက် အကြီးအ ကျယ်ချတာ ရှိတယ်။ နောက်နှစ်လလောက်နေလို့ တိုက်ပွဲကြီးကြီးမားမား မဖြစ်ရင် မိုးပြန်ကျပြီဆိုတော့ ဒီနှစ်ကတော့ မနှစ်က လောက် စစ်ရှိန်မြင့်စရာ အကြောင်းမရှိဘူး။ မနှစ်က ကော့ကရိတ်တိုက်ပွဲတွေက ၁၂ လ ပိုင်း ၁ ရက်နေ့ဖြစ်တာ။ စီးပွားရေးတိုက်ပွဲ တွေပါပဲ။ ကြာက အနေအစား မတတ်ရင် အရေပြား စပ်မယ့်သူတွေပဲ ခံရတာ။ လက်နက်ကိုင်တွေမှာ စီးပွားရေးအတွက် အချိတ်အဆက်တွေရှိပြီးသား"ဟု ၎င်းင်းကပြောသည်။ 
    KNU ၊ PDF ပူးပေါင်းအဖွဲ့များ၏  ဒရုန်းများ ကင်းထောက်ပျံသန်းနေမှုကို တပ်မတော်၏ နည်းပညာမြင့် တန်ပြန် ဒရုန်းများနှင့် တိုက်ခိုက်လျက်ရှိပြီး မြေပြင်စစ်ကြောင်း များနှင့်လည်း ပိတ်ဆို့ တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်နေကြောင်း ဒေသသတင်း ရင်းမြစ်များထံမှ သိရသည်။ 
    ကရင်ပြည်နယ် ကော့ကရိတ်မြို့ နယ်တွင် မြန်မာ့တပ်မတော်နှင့် KNU ပူးပေါင်းတပ်ဖွဲ့များကြား ပြီးခဲ့သည့် ဖေဖော်ဝါရီလလယ်ပိုင်းမှစ၍ လက်ရှိအချိန်အထိ တိုက်ပွဲဖြစ်ပွားမှု ပိုမိုပြင်းထန်လာနေ တာဖြစ်ကြောင်း သိရသည်။ ကွန်းဈာန်

Total Views ~ 90

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43004

© 2022 - 2025 News. All Rights Reserved.