KNU / KNDO / KKO / PDF ပူးပေါင်းအဖွဲ့များ၏ မတော်မတရား စီးပွားရေးလောဘကြောင့် ပြည်သူများ အလွန်အမင်း စိတ်ပျက်နေ

နေပြည်တော်၊ ဇန်နဝါရီ ၈
    ကော့ကရိတ် ဒေသတွင် KNU / KNDO / KKO / PDF ပူးပေါင်းအဖွဲ့များ တပ်ဖြန့်ထားခြင်းကြောင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်ထိတ်လန့်နေကြကြောင်း ဒေသခံများက ပြောသည်။
    ဒေသခံများသည် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်မှုကြောင့် အခြားသော အရပ်ဒေသများသို့ ပြောင်းရွှေ့မှုများရှိလာကြောင်း ကော့ကရိတ်ဒေသခံ သတင်းအရင်းအမြစ် တစ်ဦးက ပြောသည်။ 
    "ကျွန်တော်တို့ အနားမှာခုတောတွင်း လက်နက်ကိုင်အဖွဲ့က တပ်ဖြန့်ထားတယ်။ ခုတစ်ပတ်အတွင်းလောက် တိုက်ပွဲဖြစ်နိုင်တယ်။ သထုံဘက်က တက်လာတဲ့အဖွဲ့တွေနဲ့ ပေါင်းထားတယ်ဆိုရင် လူအင်အား ၁၅၀၀ ကျော်ဝန်းကျင် ရှိတယ်။ ပြီးတော့ သူတို့က ဒီနွေကို ကော့ကရိတ်က တပ်မ (၁၂)ကို တိုက်ဖို့ ပြင်နေတယ်။ ဆိုတော့ တိုက်ပွဲက ကြီးနိုင်တယ်။ ကော့ကရိတ်ကတော့ စရှောင်တာတွေရှိနေပြီ။ KNU / KNDO / KKO / PDF ဦးဆောင်သူတွေများတယ်"ဟု ၎င်းကပြောသည်။
    KNU / KNDO / KKO / PDF ပူးပေါင်းအဖွဲ့များအနေဖြင့် စီးပွားရေးအရ စစ်ရေးပြင်ဆင်မှု ပြုလုပ်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ 
    "သူတို့က ကော့ကရိတ်တပ်နယ်က တပ်တွေအားလုံးကို ဖြန့်တိုက်မှာ။ ကော့ကရိတ်နဲ့ မြဝတီကို လိုချင်တာ။ ကုန်သွယ်ရေးကို သူတို့ရချင်တာ။ ခုက အရမ်းစိတ်ပျက်ဖို့ ကောင်းတယ်"ဟု ၎င်းင်းကပြော သည်။
    ကရင်ပြည်နယ်အတွင်း KNU / KNDO / KKO / PDF အဖွဲ့များအနေဖြင့် စီးပွားရေးအရ ကုန်သွယ်မှုကဏ္ဍကို အရယူချင်လျက်ရှိပြီး ကုန်ကားများကို မတန်တဆ ဆက်ကြေးကောက်၍ လက်နက်အင်အား စုဆောင်းခြင်း ဖြစ်ကြောင်း၊ ထိုသို့ စစ်ရေးချဲ့ ထွင်မှုများကြောင့်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မကြာခဏ တိုက်ပွဲဖြစ်လေ့ရှိကြောင်း သိရသည်။ ကွန်းဈာန်

Total Views ~ 105

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43013

© 2022 - 2025 News. All Rights Reserved.