Breaking

PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက ရဟန်းသံဃာနှစ်ပါးအား ဒလန်ဟုစွပ်စွဲသတ်ဖြတ်

ရန်ကုန်၊ ဧပြီ ၄
    PDF အမည်ခံအကြမ်းဖက်အဖွဲ့များက ရဟန်းသံဃာနှစ်ပါးအားအကြောင်း အမျိုးမျိုးပြကာ ဒလန်ဟုစွပ်စွဲသတ်ဖြတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
    အဆိုပါ အကြမ်းဖက်သတ်ဖြတ် မှုဖြစ်စဉ်များမှာ မတ်လ ၂၈ ရက်နံနက် ၈ နာရီခန့်တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မြိုက်ကျေးရွာရှိ ဘုန်းကြီးကျောင်း၌ သီတင်းသုံးနေသည့် ကျောင်း ထိုင်ဆရာတော် ဘဒ္ဒန္တဥက္ကဋ္ဌ သက်တော် (၄၇) နှစ်၊ ဝါတော် (၂၅) ဝါအား PDF အမည်ခံအကြမ်းဖက် သမားများက ဒလန်ဟုစွပ်စွဲကာ ဓားဖြင့်ရက်စက်စွာ ထိုးခုတ်သတ်ဖြတ်ခဲ့ခြင်းကြောင့် ခန္ဓာကိုယ်အပေါ် ပိုင်း ပြတ်ရှထိုးသွင်းဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
    ထို့အပြင် မတ်လ ၂၉ ရက်မွန်း လွဲ ၂ နာရီခန့်တွင် နတ်မောက်မြို့နယ်၊ မြင်းတဲကြီးကျေးရွာ အနီးရှိ မှန်ခြေရင်းတောင် တောရကျောင်း၌ တစ်ပါးတည်း သီတင်းသုံးနေထိုင်သည့် ဆရာတော် ဘဒ္ဒန္တ ပညာစာရ သက်တော် (၅၅) နှစ်၊ ဝါတော်(၁၀)ဝါအား PDF အမည်ခံ အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မြင်းတဲကြီး ကျေးရွာအနီးလမ်းပေါ်၌ တပ်မတော်ယူနီဖောင်းအင်္ကျီနှင့် ရဲတပ်ဖွဲ့ ယူနီဖောင်း ဘောင်းဘီတို့အားဝတ်ဆင်စေကာ ဦးခေါင်းအား သေနတ်ဖြင့် ရက်စက်စွာပစ်ခတ်သတ် ဖြတ်ခဲ့သဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
    အကြမ်းဖက်သမားများအနေဖြင့် အပြစ်မဲ့ ပြည်သူများကိုသာမက ကိုးကွယ်ယုံကြည်ရာဖြစ်သော ရဟန်းသံဃာများကိုပင် အကြောင်းအမျိုးမျိုးပြ စွပ်စွဲ၍သတ်ဖြတ်ခြင်းများကို ကျူးလွန်လျက်ရှိရာ သံဃာတော်များအား အကြောင်းမဲ့သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံးဖော် ထုတ်ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ စုံစမ်းဖော် ထုတ်လျက်ရှိကြောင်း သိရသည်။

Total Views ~ 451

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43038

© 2022 - 2025 News. All Rights Reserved.