Breaking

ကမာရွတ်မြို့နယ် ဟံသာဝတီလမ်းတွင် ပစ္စည်းတင်ဆောင်လာသည့် Box ကားတစ်စီး မီးလောင်ကျွမ်းမှုဖြစ်ပွား

ရန်ကုန် ၊ ဇန်နဝါရီ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ် ဟံသာဝတီလမ်းပေါ် တွင် ပစ္စည်းတင်ဆောင်လာသည့် Box ကားတစ်စီး မီး လောင်ကျွမ်းမှု ယနေ့ (ဇန်နဝါရီ ၂၇ ) မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည်။



ကမာရွတ်မြို့နယ်၊ကြည့်မြင်တိုင် အရိုးအကြော ဆေးရုံကြီးအနီးတွင် ယနေ့ မွန်းလွဲ ၁၂ နာရီ ၄၈ မိနစ်ခန့်က Box ကား တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၁၂ နာရီ ၅၄ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။



မီးလောင်မှုကြောင့် အဆိုပါ Box ကားတစ်စီးလုံးပျက်စီးသွားခဲ့ပြီး ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ခြင်း ဖြစ်သည်။



Total Views ~ 457

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43039

© 2022 - 2025 News. All Rights Reserved.