တော်လှန်ရေးအမည်တပ် ခွက်ခေါက် ကောင်းအောင် လုပ်နေကြသူများ

၂၀၂၄ ဧပြီ ၁၂

မေတ္တာထားကြသည်
    နိုင်ငံခြားရောက်နေသည့် ကလေးမလေးအကြောင်း ပြောရဦးမည်ဖြစ်သည်။ အချို့ကိစ္စများသည် ယူတတ်သူအတွက် သင်ခန်းစာဖြစ်ပြီး မယူတတ်သူအတွက် ဒေါသထွက်စရာဖြစ်တတ်ပါသည်။ ထိုကလေးမလေး အကြောင်းမပြောခင် လူမှုကွန်ရက်ကို တလွဲအသုံးချသူများအကြောင်း နည်းနည်း ပြောချင်ပါသည်။ "ကျွန်မက အသက် (၅၉) နှစ်ရှိပါပြီ"၊ "ကျွန်မက စင်ဂယ်မားသားပါ"စသဖြင့် မိမိကိုယ်ကိုယ်ကြော်ငြာနေသည့် အမျိုးသမီးပေါင်းများစွာကို လူမှုကွန်ရက်တွင် မမြင်ချင်အဆုံး ဖြစ်နေလေသည်။ သူတို့သူတို့၏ လုပ်ကိုင်ဆောင်ရွက်နေမှုများကို ကြည့်ပြီး တစ်ခုစဉ်းစားမိသည်။ အိမ်မှာရှိသည့် ဝတ်ကောင်းစားလှများကို ဝတ်ဆင်ကာ ရုပ်သံရိုက်၍ လူမှုကွန်ရက်တွင် တင်နေကြသည်။ ထိုအရာများကို ကြည့်မိ၊ မြင်မိတွေ့မိပြီး ဗုဒ္ဓ၏ အရဟံ ဂုဏ်တော်ကို အထပ်ထပ်ပွားများ ရွတ်ဆိုမိပါသည်။ "မကောင်းမှုကို စိတ်ကွယ်ရာအရပ်တွင်ပင် ပြုလုပ်တော်မမူသော"ဆိုသည့် ဂုဏ်တော်ပင်ဖြစ်သည်။ အထက်တွင်ပြောခဲ့သည့် ကလေးမလေးအကြောင်း ဆက်ကြဦးစို့။ စင်ကာပူတွင် အလုပ်လုပ်နေသည့် ကလေးမတစ်ယောက်အကြောင်း ဖြစ်သည်။ လက်ခုပ်သံချူသည်ဟုဆိုဆို၊ ကျော်ကြားမှု နောက်လိုက်သည်ဟုပြောပြော ထိုကလေးမလေးသည် မြန်မာငွေ ကျပ်သိန်းခြောက်ရာခန့် ဒဏ်ငွေဆောင်လိုက်ရသည်။ သူလုပ်ခဲ့သည့်အလုပ်က ကြောင်လေးတစ်ကောင်ကို လေထဲတွင် မွှေ့ရမ်းခဲ့သည့်အမှုပင်ဖြစ်သည်။ ကြောင်တစ်ကောင်ကို လေထဲတွင်ဝှေ့ယမ်းမှုနှင့် အမျိုးသမီးတန်မဲ့ သစ်ပင်ပေါ်တက်မှု နှစ်ခုအတွက် စင်ကာပူအစိုးရက မြန်မာငွေ ကျပ်သိန်းခြောက်ရာခန့် ဒဏ်ငွေဆောင်ရန် အမိန့်ချလိုက်လေသည်။ သူများလက်ခုပ်သံတွင် မယစ်မူးစေရန်နှင့် လက်ခုပ် တီးတိုင်း အားပေးခြင်းမဟုတ်ကြောင်း သင်ခန်းစာယူနိုင်ပါစေဟု ဆိုချင်ပါသည်။


တော်တော်များနေပြီ
    သူငယ်ချင်းက ဖုန်းဆက်၍ပြောသည့်အကြောင်းလေး ဝေမျှချင်ပါသည်။ သူဖုန်းဆက်မှသိရသည့် အကြောင်းဖြစ်သည်။ Youtube မှ ငွေရှာသည့် ကောင်လေးအကြောင်းဖြစ်သည်။ သူက မြန်မာ့ယဉ် ကျေးမှုနှင့်ပတ်သက်၍ လူများစွာကို အကူအညီတောင်းသည့် Movie များရိုက်တင်စဉ်က 'သြော်... ဒီကောင်လေး မြန်မာ့စိတ်ရင်းကို ပေါ်အောင်လုပ်နိုင်သား'ဟု ချီးမွမ်းမိဖူးသည်။ ဥပမာ ထိုကောင်လေးက 'ဒီနေ့ထမင်းလိုက် တောင်းစားမယ်'ဟုဆိုလျှင် သူလိုက်တောင်းစားသည့် သူတိုင်းက ရှိထမင်း ရှိဟင်းဖြင့် ခူးခပ်ကျွေးကြသည်။ သူများစားသောက်နေသည့်အထဲက နည်းနည်းတောင်း စားမည်ဟု ပြောပြီး လိုက်တောင်းစားစဉ်ကလည်း သူတောင်းစားသည့်သူများက မညည်းမညူကျွေးကြမွေးကြပါသည်။ သူက ထိုကဲ့သို့အကြောင်းအရာများဖြင့် လူသိများထင်ရှား သူဖြစ်လေသည်။ ထိုကဲ့သို့ အကြောင်းအရာများဖြင့် လူသိများလာသူက တစ်ဆင့်တက်ကာ မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသည်များကို တင်ပြလာလေတော့သည်။ ဝီစကီနှင့် အချိုရည်များကို စုံတွဲတိုင်းကို လိုက်တိုက်၏။ ထိုနေရာတွင် ထူးဆန်းသည်က အမျိုးသားများသည် သူတို့၏ ချစ်သူရှေ့တွင် ဝီစကီကို မရွေးချယ်ဘဲ အချိုရည်ကိုသာ ရွေးချယ်ကြလေသည်။ အမျိုး သမီးများကသာ အချိုရည်ထက်ဝီစကီကို ပေါ်တင်ယူ ကြလေသည်။ ထိုမှတစ်ဆင့် ဝီစကီနှင့် အချိုရည်ပေးဝေသည့် Movie အပြင် သူက တစ်ဆင့်တက်ကာ အမျိုးသမီးများကို ရွေးချယ်ကာ ကွန်ဒုံးများဆောင်ထားဆိုသည့် Movie တင်ဆက်လာ၏။ သူမေးမြန်းပုံက 'အစ်မမှာ ချစ်သူရှိလား'ဟုဆိုလျှင် အမေးခံရသူက 'ချစ်သူရှိတယ်'ပြန်ပြောလျှင် 'ဒါလေးဆောင်ထား'ဟုဆိုကာ ကွန်ဒုံးများပေးလေသည်။ သည်ကောင် ဒါတော့ နည်းနည်းများပြီဟု မှတ်ချက်ပြုမိ၏။ သို့နှင့် သူ၏ Movie များ မကြည့်ဖြစ်သည်မှာ အတော်ပင်ကြာပြီဟု ဆိုနိုင်ပါသည်။ သူငယ်ချင်းက ဖုန်းဆက်၍ပြောသည်က "ကျွန်တော်နှင့် လိင်ဆက်ဆံချင်သလား"ဟုဆိုကာ သူများသမီးပျိုများကို လိုက်၍မေးသည့် Movie ဖိုင်ရိုက်ကာ တင်တော့သည်။ သည်တစ်ခါတော့ နည်းနည်းများသည်မဟုတ် အတော်ပင်များသည်ဟု စိတ်ထဲတွင်ဖြစ်သွားသည်။ သည်နိုင်ငံသည် ဥရောပမဟုတ်၊ အနောက်နိုင်ငံမ ဟုတ်။ အမေးခံရသည့် ကလေးမလေးများ၏ ဂုဏ်သိက္ခာပင်မထောက်ဘဲ ထို Movie ကို တင်ပြန်၏။ သူက လူစိတ်ဝင်စားစေရန် သူ၏ Movie ကို လူကြည့်များစေရန် လုပ်နေသော်လည်း တစ်ဖက်လူ၏ ဂုဏ်သိက္ခာဆိုသည်ကို ထည့်မတွက် လူကြိုက်များစေရန် လုပ်နေလေသည်။ သူငယ်ချင်းဖုန်းဆက်၍ ထို Movie ကိုကြည့်ပြီးချိန် သည်လုပ်ရပ်က မိကောင်းဖခင်သားသမီးများ၏ လုပ်ရပ်မဟုတ်ဟု တွေးမိ သည်။ သူလည်းတော်တော် အဆဲခံရသည်ထင်၏။ ထို Movie တင်ပြီး မကြာခင် Movie ကိုဖျက်သွားလေသည်။ မြန်မာနိုင်ငံနှင့်ပတ်သက်လျှင် မြန်မာ့ယဉ်ကျေးမှု မြန်မာ့ထုံးတမ်းအစဉ်အလာများ များစွာတင်ဆက်စရာ ရှိကြပါသည်။ သူများနိုင်ငံကို အထင်ကြီးစိတ်ဖြင့် ယဉ်ကျေးမှု ပုံတူကူးမချသင့်ကြောင်း ပြောလိုပါသည်။ သူကထပ်မေး သေး၏။ 'ညီမလေးက လိင်ဆက်ဆံရင် ဘယ်နှမိနစ်မှ အဆင်ပြေလဲ' ဆိုသည့် မေးခွန်းဖြစ်သည်။ ယခင်အပတ် ကပြောသကဲ့သို့ ဒေါသသံသင့်သည့်စာများ မရေးသား လိုသော်လည်း ထိုအရာများကို မြင်တွေ့ချိန် ဒေါသထွက်မိပါ၏။ မြန်မာ့အမျိုးကောင်း သမီးများ၏ ယဉ်ကျေးမှုကို မြှင့်တင်သည့် အကြောင်းအရာများစွာကို တင်ဆက်နိုင်ကြပါစေ။ နည်းနည်းများသည်မဟုတ်၊ တော်တော်များ၍ စာရေးကာအသိပေးလိုပါသည်။ တာဝန်ရှိလူကြီးမင်းများလည်း မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသည်များ တွေ့ရှိပါက မညှာကြပါနှင့် တောင်းဆိုပါရစေ။


ခေါင်းစဉ်မရိုးစေရ
    CDM များအတွက် ရန်ပုံငွေဆိုကာ အဆိုတော်တစ်ယောက်က သီချင်းဆိုပွဲလုပ်ကာ ဖန်ရှာပြန်၏။ CDM များအတွက်ဟုဆိုသဖြင့် ကျွန်တော့်၏မိတ်ဆွေထဲက CDM လုပ်သွားသူတစ်ယောက်ကို မေးမြန်း ဖြစ်သည်။ "ခင်ဗျားတို့ CDM တွေ အတော်ထောနေပြီလား"ဟူ၍ ဖြစ်သည်။ ဟိုကလည်း CDM ထောက်ပံ့ မည်၊ သည်ကလည်း CDM ထောက်ပံ့မည်ဆိုသဖြင့် အတော်ထောနေပြီထင်၍ မေးမိခြင်းဖြစ်သည်။ သူပြောသည့်စကားက "ငါဖြင့် သုံးနှစ်သာကျော်သွားတယ် တစ်ကျပ်မှမရဖူးပါဘူးဟယ်"ဆိုကာ ပြန်ပြောလေသည်။ သူဆက်၍ပြောသည်က "ငါ့ယောကျ်ားကောင်းလို့သာ ငါဟိုဟာမဖြစ်တာ CDM တွေ ထိုင်းလောက်ထွက်ပြေးပြီး ဟိုဟာဖြစ်သွားတဲ့သူ တွေအများကြီး"ဟုဆိုလေသည်။ ဟိုဟာဖြစ်သွား သည် ဆိုသည့်စကား ဆက်မမေးဖြစ်ဘဲ "ဘာတွေများဖြစ်သွားကြလဲ"ဟုစဉ်းစားခန်း ထုတ်မိသည်။ ထိုအကြောင်းနှင့် ပတ်သက်ပြီး သူငယ်ချင်းဖြစ်သူက "ခေါင်းစဉ်မထပ် အောင်ဖန်နေကြတာဟ" ဟုပြောမှ တော်တော် ကြွယ်ကြပါလားဟု အတွေးပေါက်မိသည်။


ရင်နာစရာ ဇာတ်လမ်းတစ်ပုဒ်
    မိတ်ဆွေဆရာသမားပြောပြသည့် ကိုယ်တွေ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ ကျွန်တော်တို့ အညာဘက်က အဖြစ်အပျက်တစ်ခုဖြစ်သည်။ ဇာတ်လမ်းက အမျိုးသမီးတစ်ယောက် ရုပ်ရည်ရူပကာ လှပ၏။ သူတို့၏ရပ်ရွာတွင် စားနိုင်သောက်နိုင်သည့်အထဲကဖြစ်သည်။ စားနိုင်သောက်နိုင်သည့်အပြင် လယ်ယာလုပ်ငန်းခွင်အတွက် သူရင်းငှားများပါ ငှားနိုင်သည့်အထဲကဖြစ်သည်။ အညာတွင် မငြိမ်း မချမ်းဖြစ်လာသောအခါ သူမတို့မိသားစုသည်လည်း အေးချမ်းစွာမနေနိုင်တော့ပေ။ ဟိုလူ့ကြောက်ရ၊ သည်လူ့ကြောက်ရနှင့် မငြိမ်းချမ်းသည့်အရပ်တွင်မနေ လိုဟုဆိုကာ နေရပ်စွန့်ခွာပြီး မြို့ကြီးပြကြီးသို့ ပြောင်း ရွှေ့လေတော့သည်။ ထိုသို့ ပြောင်းရွှေ့စဉ် လမ်းခရီး၌ PDF စစ်ဆေးရေးဂိတ်နှင့် တွေ့လေသည်။ တွေ့သောအခါ ထို PDF ထဲကတစ်ယောက်သည် သူမတို့အိမ်မှ သူရင်းငှားဖြစ်နေလေသည်။ ဂန်းကြီး တကားကားနှင့် သူတို့အိမ်ကအလုပ်သမားသည် သူများထက် သူ့ကိုပို၍ စစ်ဆေးလေတော့သည်။ ပါလာသည့်ဖုန်းကိုပင် သေချာ စစ်ဆေးသည်ဟုဆိုသည်။ သူကမ "သြော် ငါတို့ခိုင်းဖတ်က သူတို့ လက်ထဲ သေနတ်လေးရှိတာနဲ့ ငါ့ကို မတူမတန်တွေလုပ်နေတယ်"ဟူ၍ ရင်နာနာနှင့် ပြောပြသည့် ဇာတ်လမ်းလေးတစ်ပုဒ် ကြားသိရမိသည်။ ထိုအကြောင်း အရာကိုကြားမိချိန် "သြော်"ဟု တစ်ခွန်းသာ မှတ်ချက်ပြု မိပါသည်။

တော်လှန်ရေးအမည်တပ်ကာ ခွက်ခေါက်ကောင်းအောင် လုပ်နေကြသူများ
    သည်ရက်ပိုင်းထဲတွင် အနယ်နယ်အရပ်ရပ်က ဖုန်းဆက်လာသူ အတော်များကြသည်။ နေပြည်တော် ဘယ်လိုဖြစ်နေလဲဟုဆိုကာ ဆက်လာကြခြင်းဖြစ်သည်။ထိုဖုန်းဆက်လာသူတိုင်းကို နေပြည်တော်ဘယ်လိုဖြစ်နေလဲ ကျွန်တော်ဘယ်လိုသိမလဲဟူ၍ ပြန်ပြောမိ၏။ သို့နှင့် သတင်းစကား မျိုးစုံကို ရှာဖွေကြည့်မိသည်။ ဦးစွာတွေ့မိသည့်အကြောင်း ပြောလိုပါသည်။ ဗိုလ်တီကောင် ခေါ် ဗိုလ်နဂါး၏ ဖောက်သည်ရေးထားသည့်အကြောင်း အရာဖြစ်လေသည်။ "နေပြည်တော်က ပစ်တဲ့ဒုံး ဟိုမထိ ဒီမထိတာ၊ ပစ်တဲ့သူမတိုင်ခင်လေး အဖမ်းခံလိုက်ရတယ်၊ ထိုးကျွေးခြင်းမင်္ဂလာနှင့် ခွက်ခေါက်ခြင်းပညာသည်တွေက ကိုဂျင်မီကေ့စ်ထဲက ငါမသိသင့်ဘူးနော်၊ ပစ်ကာပစ် ၏မထိ"ဟု ရေးထားလေသည်။ သူရေးထားသည့်အကြောင်းအရာအောက်က မှတ်ချက်များကိုဖတ်၍ ကြည့်မိမှ တော်လှန်ရေးသာ ခေါင်းစဉ်တပ်ပြီး ကိုယ်ကျိုးစီးပွား ရေးလုပ်နေကြောင်း အောက်ဖဲများ အပြန်အလှန်လှန်နေ ကြလေသည်။ ကိုယ်ကျိုးစီးပွားအတွက် လုပ်နေသူအချင်းချင်း အပြန်အလှန်ပြောနေသည့် စကားများထဲက ထိုင်းနယ်စပ်တွင်ရောက်နေသည့် ကျွန်တော်၏ မိတ်ဆွေစကား သတိရမိသည်။ သူက "ပြည်ပမီဒီယာတွေမှာ နိုင်နေပြီပြောနေကြတာ၊ ဒီမှာ သေမလိုရှင်မလိုဒဏ်ရာရနေတဲ့ PDF တွေအများကြီးဗျာ"ဟု သည်ရက်ပိုင်းတွင် ပြောလေသည်။ ထိုစကားအရ ခွက်ခေါက်ကောင်းအောင် အော်နေ ကြပါလားဟု စဉ်းစားမိပါသည်။ ( ရွှေထီး )

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၁၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 267

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42968

© 2022 - 2025 News. All Rights Reserved.