နေဝန်းနီနှင့်အတူ အောင်ပွဲကို ဆာလောင်နေသော ပြည်သူများ

၂၀၂၄ ဩဂုတ် ၁၀


လမ်းမပေါ် မိုင်းထောင်ရခြင်းကို ဂုဏ်ယူနေသူများ
    ၅/အချင်းချင်း ပြန်ပြောရမည်က ရှက်စရာဟု ဆိုချင်ပါသည်။ အသိနုန့်နဲ့ပြီး သူများပါးစပ်ဖျားတွင် လမ်းဆုံးနေသော လူငယ်တစ်ယောက်၏ ဉာဏ်ရည်မပြည့်မှုဟု ဆိုရမလား၊ တလွဲဆံပင်ကောင်းသည့် အကြောင်းဟု ပြောရမလားပင် မသိတော့ပေ။ ၅/တစ် ယောက်ရေးထားသည့် အကြောင်းအရာလေးကို မိတ်ဆွေတို့ ချင့်ချိန်စဉ်းစားနိုင်ရန် ဖောက်သည်ချလိုပါသည်။ ကြိုက်သည်၊ မကြိုက် သည်ကတော့ မိတ်ဆွေတို့၏ အတွေ့အကြုံ စိတ်ဓာတ်ခံယူချက်ပေါ်တွင် မူတည်မည်ဟု ဆိုရမည် ဖြစ်သည်။ ၅/တစ်ယောက်က ''တော်လှန်နေတဲ့ တိုင်းမို့ပါ၊ ခေတ်ကောင်းရင် ၅/ထဲ အလည်လာခဲ့ပါ၊ အခုတော့ မြင်တဲ့အတိုင်းပါ။ ကားလမ်းဘေးမှာ မိုင်းလုံးတွေချည်းပဲ"ဟု ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော်ဆိုသည့်အတိုင်း ၅/တို့၏ လုပ်ရပ်ကို ကြွားလုံးထုတ်ထားလေသည်။ ထိုအကြောင်းအရာလေးကို တင်ထားပြီးမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နေထိုင်ကြသည့် စစ်ဘေးရှောင်ကြသူများ၊ တစ်နည်းအားဖြင့် ၅/များ နေရပ်ကို စွန့်ခွာသွားကြသူများ အများအပြားတွေ့ရလေသည်။ ၅/များ နေရပ်စွန့်ခွာသူ များပြားကြောင်းကို ဝက်လက်ကို သတိရသူ၊ ရေဦးမြို့လေးကိုလွမ်းသူ၊ ဘုတလင်မြို့ကို ပြန်ချင်သူ၊ ရွှေဘိုကို မပြန်ရသည်မှာကြာနေသူ၊ တန့်ဆည်အခြေအနေကို သိချင်သူ၊ အရာတော်ကို မပြန်ဖြစ်သည်မှာ ကြာသည့်သူ၊ ကန့်ဘလူကို မိုးရာသီပြန်ချင်သည့်သူ စသဖြင့် ၅/အညာသူအညာသားများ အညာလွမ်းချင်းများကို မြင်နေကြားနေရလေသည်။ ထိုကဲ့သို့ လွမ်းသူများအကြားတွင် လမ်းမပေါ် မိုင်းဗုံးထောင်သည်ကို မကျေနပ်သည့်သူများလည်း အများအပြား တွေ့ရလေသည်။ ''လမ်းတွေကို ဘာလို့ မိုင်းထောင်တာလဲဗျ၊ ပြည်သူ့အတွက်လား၊ တပ်က လေကြောင်းကလာတော့ မိုင်းက ပြည်သူ့အတွက်ပေါ့"ဆိုသည့် မေးခွန်းများလည်း တွေ့ရလေသည်။
    ထိုအကြောင်းအရာကိုတင်သော သူသည် ရွှေဘို၊ ကန့်ဘလူနယ်ဘက်က ဖြစ်ဟန်ရှိပြီး လမ်းမကြီးဘေး နှစ်ဖက်ကို တော်လှန်ရေးအတွက် အမည်တပ်ကာ မိုင်းဗုံးထောင်ခြင်းကိုလည်း ဂုဏ်ယူနေဟန် ရှိ၏။ ထိုရွှေဘို နယ်သားတို့ ဂုဏ်ယူနေခြင်းကို ၅/ယင်းမာပင် နယ်သားက အမြင်ကပ်ဟန်ရှိ၏။ ယင်းမာပင်သားက "တို့ယင်းမာပင်လမ်းဆို ဘေးမှာပဲ မိုင်းထောင်တာမဟုတ်ဘူး၊ လမ်းအလယ်မှာ ကွဲထားတာတွေ၊ အများကြီးပဲ၊ လမ်းအလယ်မှာကို ထောင်ကြတာ"ဟု ရွှေဘိုသားများထက် သာ ကြောင်း ဂုဏ်ယူဝင့်ကြွားစွာဖြင့် မှတ်ချက်ပြုထားလေသည်။ လုပ်ကြပေါ့၊ တော်လှန်ရေးဟု ခေါင်း စဉ်တပ်လျှင် ဘုန်းကြီးရဟန်းသတ်သည်ကိုပင် ဂုဏ်ယူနေသူများ၊ လမ်းလယ်ကောင် မိုင်းထောင်တာ များ ဘာအရေးလဲလို့ ဟူ၍ စိတ်ထဲက ၅/ကျွန်တော်က မှတ်ချက်ပြုမိပါတော့သည်။


အိမ်မွေးခွေးကိုပင် ဒလန်သတ်မှတ်တဲ့ ချင်းက CDF
    သည်ရက်ပိုင်း ချင်းပြည်နယ် ဟားခါးမြို့တွင် ရှိသည့် CDF လက်နက်ကိုင်အဖွဲ့၏ ထုတ်ပြန်ချက်တစ်စောင်ကိုကြည့်ပြီး တော်တော်ကို ရွှေဉာဏ်တော်စူးရောက်သည့် တော်လှန်ရေးသမားများဟု မှတ်ချက်ချမိပါသည်။ CDF က ဟားခါးမြို့တွင် အိမ်မွေးခွေးမမွေးကြရန် အသိပေးထားသည်ဆိုသည့် သတင်းပင်ဖြစ်သည်။ ချင်း CDF က 'အိမ်မွေးခွေးက ပြည်သူတွေကို အထိတ်တလန့်ဖြစ်စေယုံမက တော်လှန်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အနှောင့်အယှက်ဖြစ်စေတာကြောင့် သြဂုတ် ၁ ရက် နောက်ဆုံးထားပြီး မိမိမွေးမြူထားတဲ့ ခွေးများကိုရောင်းတာ၊ ဒါမှမဟုတ် သတ်ဖြတ်တာ တစ်ခုခုလုပ်ဖို့ အသိပေးထားပါတယ်။ ခွေးတွေ ညဘက်ဟောင်ခြင်းအားဖြင့် တပ်မတော်ဘက်က လက်နက်ကြီးထုတာတွေ၊ သေနတ်ပစ်ဖောက်တာတွေ လုပ်ဆောင်နိုင်တယ်။ အဲဒီ လိုမျိုးလုပ်လာရင် ခင်ဗျားရဲ့ခွေးကြောင့် အိမ်နီးနားချင်းနဲ့ ရပ်ကွက်ကလူတွေ ဒုက္ခရောက်သွားနိုင်တယ်။ ဒါ့အပြင် ခင်ဗျား ရဲ့ခွေးကြောင့် တော်လှန်ရေး ရဲဘော်များလည်း ဒုက္ခကြုံတွေ့နိုင်တယ်။ ဒါတွေအကုန်လုံး ခွေးမွေးသူ တွေအနေနဲ့ တာဝန်ယူနိုင်မှာ မဟုတ်တာကြောင့် မိမိရဲ့ခွေးတွေကို ဖျောက်ဖျက်ကြဖို့ အသိပေးလိုပါတယ်"ချင်း လက်နက်ကိုင် CDF က ဆိုထားလေသည်။ ထိုသတင်း ကိုဖတ်ကြရသည့် မိတ်ဆွေများ အနေဖြင့်တော့ မည်သို့ခံစားရသည်မသိ။ ကျွန်တော်ဖြင့် စိတ်ထဲတွင် ကလိကလိ ဖြစ်မိသွားသည်က အမှန်ပင်ဖြစ်သည်။ အရိုးရှင်းဆုံးစဉ်း စားကြည့်ပါ မိတ်ဆွေများခင်ဗျား...အိမ်မွေးခွေး မွေးကြသည်ဆိုရာတွင် အလှမွေးခွေးမွေးသူများနှင့် မိမိခြံဝင်း၊ အိမ်ဝင်း လုံခြုံရန်မွေးမြူကြသည် မဟုတ်ပေဘူးလား။ ခွေးတစ်ကောင်မွေးထားလျှင် အနည်းဆုံးတော့ မိမိ၏နေအိမ် ခြံဝင်းအတွင်းတော့ သူစိမ်းတစ်ရံ အလွယ်တကူ မဝင်ထွက်နိုင်သကဲ့သို့ အနီးအနားပင် မကပ်ရဲကြပေ။ သို့မို့ကြောင့် နေအိမ်ခြံဝင်းလုံခြုံရန် မွေးမြူကြလေသည်။ထိုသို့ နေအိမ်ခြံဝင်းလုံခြုံရန်အတွက် အိမ်မွေးခွေးမွေး မြူခြင်းကိုပင် တော်လှန်ရေးအတွက် ဖျက်လို့ဖျက်ဆီးဖြစ်သည်ဟု ဆိုသေးသည်။
    ထိုပြောဆိုချက်နှင့်ပတ်သက်၍ "ကမ္ဘာမှာ စစ်ပွဲတွေအများကြီးဖြစ်ခဲ့တယ်၊ သမိုင်းမှာ တစ်ခါမှ မကြားဘူးတဲ့ ထုတ်ပြန်ချက်ပဲ။ တခြားတော်လှန်ရေးလုပ်နေတဲ့ သူတွေ မင်းတို့လို ခွေးတွေသတ်ပေးပါလို့ မကြားဖူးဘူး။ လက်နက်ကိုင်လိုက်တာနဲ့ လုပ်ချင်ရာလုပ်ကြတာပဲ"ဟု ပေါက်ကွဲသံစဉ်များဖြင့် မှတ်ချက်ပြုသူကိုလည်း တွေ့ရ သည်။ ခွေးဆိုသည်မှာ ပိုင်ရှင်က လိုလိုလားလား ချစ်မြတ်နိုးစွာဖြင့် မွေးမြူကြပြီး ခွေးသည်လည်း သခင်ကို လွန်စွာသစ္စာရှိသော သတ္တဝါဖြစ်သည်။ ခွေးမွေးခြင်းတွင် အပြန်အလှန် ချစ်ခြင်းမေတ္တာအပြင် အပြန်အလှန်စောင့် ရှောက်မှု၊ သခင်အပေါ်သိတတ်မှုအပြင် နေအိမ်ခြံဝင်း လုံခြုံရေး စသည့်အချက်များ ပါဝင်နေရာ ယခု ခွေးမွေးသူများကို ခွေးမမွေးရန်နှင့် မွေးသည့်ခွေးများကို သတ်ဖြတ်ရန် ပြောနေခြင်းသည် ထိုနေအိမ်ခြံဝင်းအတွင်းရှိ ပစ္စည်းများကို ခိုးကြောင်ခိုးဝှက်မယူဘဲ ပေါ်တင်ယူချင်သောကြောင့် ဉာဏ်ဆင်ခြင်းဖြစ်သည်ဟု သုံးသပ်သူများ လည်း ရှိနေကြပြီဖြစ်သည်။ ထိုသို့ ထင်မြင်နေခြင်းသည်လည်း မမှားနိုင်ကြောင်း စဉ်းစားမိပါသည်ဟု ဆိုပါရစေ။
    ပြည်ပမီဒီယာ၌ လက်သည်မပေါ်သည့် တံတားမိုင်းခွဲမှု သြဂုတ် ၂ ရက်က မွန်ပြည်နယ် သထုံခရိုင် သထုံမြို့နယ် မိုးကောင်းရွာနှင့် ကမာစိုင်ရွာကြားတွင်ရှိသည့် ရန်ကုန်-မော်လမြိုင်လမ်းမပေါ်က တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရသည်။ တော်လှန်ရေးဟု အမည်တပ်၍ သောင်းကြမ်းမှုမှန်သမျှ ပြုလုပ်လာသည့် ကာလတစ်လျှောက် ရထားသံလမ်းမိုင်းခွဲ၊ လမ်းတံတားများ မိုင်းခွဲချိုးဖျက် အများပြည်သူ သွားလာနေသည့် လမ်းမများကို မိုင်းဗုံးထောင်ခြင်းများကို မည်သူများ၊ မည်သည့်အဖွဲ့အစည်းများက ပြုလုပ်ကြသည်ကို မည်သူမျှမပြောဘဲ လူတိုင်းသိကြပါသည်။ ထိုလမ်းပိုင်း မိုင်းခွဲဖျက်ဆီးခံရခြင်း နှင့်ပတ်သက်၍ ပြည်ပရောက်မီဒီယာများက မည်ကဲ့သို့ တင်ဆက်ကြသည်ထင်သနည်း။
    ဓမိုင်တိုင်အမှတ် ၁၃၃/၆ နှင့် ၁၃၃/၇ကြား ရှိတံတားအမှတ် ၃/၁၃၄ မှာ မိုင်းပေါက်ကွဲမှုကြောင့် ပြိုကျပျက်စီးပြီး မော်တော်ယာဉ်များ သွားမရတော့သဖြင့် ရန်ကုန်-မော်လမြိုင် လမ်းအသုံးပြုသွားလာသည့် ခရီးသည်တင်ယာဉ်လိုင်းအချို့ ခရီးစဉ်ခေတ္တ ရပ်နားလိုက်ရသည်။ အဆိုပါ တံတားအား မည်သည့်တပ်ဖွဲ့က ဖျက်ဆီးခဲ့ကြောင်း မသိရှိရသေးသော်လည်း စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်စာ မျက်နှာအချို့ကမူ KNU နှင့် PDF များ၏ မိုင်းခွဲတိုက်ခိုက်ခြင်းကြောင့် ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း ဆိုထားသည်ဟု လက်နက်ကိုင်သောင်းကျန်းသူများက မပြုလုပ်သယောင် ရေးထားလေသည်။ ထိုလက်နက်ကိုင်သောင်းကျန်းသူများက မိုင်းမခွဲဘဲ တပ်မတော်က ဝါဒဖြန့်သည့်သဘော ရေးထားကြလေသည်။ မုသာဝါဒကို ထမင်းစားရေသောက် ပြောဆိုနေသည့် သူတို့၏အဇ္ဈတ္တကို လွန်စွာရွံစရာကောင်း သည်ဟု မြင်လာရသည်။ ခိုးလျှင်ခိုးသည်၊ လုပ်လျှင်လုပ်သည်ဆိုသည့် ယောက်ျားဆန်သည့် သတ္တိဆိုသည့် အဓိပ္ပာယ်ကို သူပုန်လက်နက်ကိုင်များနှင့် သူပုန်မီဒီယာများတွင် မရှိကြပါလားဟု အတွေးပေါ်မိသည်။ ပြန်စဉ်းစားလျှင်လည်း သူပုန်လက်နက်ကိုင်ဆိုသည်မှာလည်း ပြည်သူ့အတွက် ဟုသာ ကြွေးကြော်ပြီး ပြည်သူကို ဆက်ကြေးကောက် မြို့ဖျက်၊ ရွာဖျက်၊ လမ်းတံတားဖျက်ဆီးခြင်းများကိုပင် တော်လှန်ရေးဟု အမည်တပ်ပြီး သူတော်ကောင်းယောာင် ဆောင်နေကြသည်ကို သိရှိနေကြပြီ ဖြစ်သည်။ သူပုန်နှင့် လက်နက်ကိုင်ဆိုသည်မှာလည်း တည်ဆောက်ခြင်းကို မည်သည့်အခါက လုပ်ခဲ့ဖူးသနည်း။ ဖျက်ဆီးခြင်းသည်သာ သူတို့လုပ်တတ်သမျှထဲက အကောင်းဆုံးဆောင်ရွက်ချက်ပင် မဟုတ်လား။ ထိုဆောင်ရွက်ချက်ကိုပင် ပြည်ဖျက်မီဒီယာများက မင်းသားခေါင်းစွပ်ကာ ဘီလူးရုပ် ဖုံးကွယ်ပေးထားကြလေသည်။

အစွန်းမရောက်ခဲ့ကြသူများ
    လားရှိုးမြို့ခံများနှင့်ပတ်သက်၍ သေသေချာ ချာပြောနိုင်သည်က လားရှိုးဒေသခံအများစုသည် အစွန်းမရောက်ခဲ့ကြသူများဟု ဆိုနိုင်သည်။ လားရှိုးဒေသခံ တစ်ဦးရေးသည့်စာလေးကို ပြန်လည်ဝေမျှ လိုပါသည်။ ပြည်ပရောက်မီဒီယာများက လားရှိုးအရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)ကျသွားပြီ ကြေညာလိုက်၊ ပြည်တွင်း မီဒီယာတွေက သတင်းအမှားပါဆိုပြီး ပြန်ချေပကြ၊ လားရှိုးနဲ့သက်ဆိုင်ရာ Group တွေမှာ အနီကောင်တွေက Sold Out တင်ကြတယ်၊ အစိမ်းတွေက ရေခဲဆိုပြီးရေးကြတယ်။ ပြည်တွင်းပြည်ပတွေ၊ အစိမ်းတွေအနီတွေ မသိကြတာက လားရှိုးမြို့ခံတွေဟာ ရှော့ခ်တိုက်ဒုံးတွေ၊ စနိုက်ပါတွေနဲ့ကြောက်ပြီး ခြေဦးတည့်ရာမြို့တွေဆီ အိုးအိမ်ဥစ္စာပစ္စည်း စွန့်ခွာထွက်ပြေးကြရတယ်။ စစ်ရှောင်တွေရဲ့ ကျန်တဲ့ပစ္စည်းကို အလစ်ခိုးဖို့စောင့်နေတဲ့ တော ကြောင်သူခိုးအဖွဲ့ကလည်း ရှိနေတယ်။ လူမှုကူညီရေးတွေ၊ ဘာသာသာသနာမခွဲခြား အကုန်ထိခိုက်တာတွေ ဖြစ်ရတယ်။ ရှမ်းမြောက် ပြည်သူတွေက စစ်ကိုမခေါ်ခဲ့ပါဘူး၊ အစွန်းလည်းမရောက်ခဲ့ပါဘူး။ တော်လှန်ရေးအသွင် ဆောင်နေတဲ့ ကျူးကျော်စစ်ပွဲထဲမှာ ငါတို့မြို့သူမြို့သားတွေက လက်နက်ကြီးနဲ့ တည်ပစ်ခံရတဲ့ပထမဆုံးမြို့ပဲ။ ငါတို့ မြို့လေးကိုပဲ ငါတို့ပြန်လိုချင်တယ်"ဆိုသည့် အဓိပ္ပာယ်ရသည့် စာတစ်စောင်ကို သူ့ခံစားချက်အတိုင်း ပွင့်ပွင့်လင်းလင်း ရေးသားထားလေသည်။ လားရှိုးဒေသခံ အများစု၏ ခံစားချက်တွင် တပ်မတော် အနိုင်ရရှိမှ သူတို့ဘ၀ လုံခြုံစိတ်ချမှုရှိမည်ဟု ယုံကြည်ကြသည်။ သူတို့၏ဆန္ဒအမှန်က တပ်မတော်၏ အုပ်ချုပ်မှုအောက်တွင် အေးချမ်းစွာ နေထိုင်လိုကြပြီး လက်ရှိစစ်ပွဲကို အမြန်ဆုံး အဆုံးသတ်ကာ အေးချမ်းစေချင်နေကြလေသည်။


နေဝန်းနီနှင့်အတူ
    မုံရွာကသူငယ်ချင်းက ဖုန်းဆက်လာသည်။ လားရှိုးတွင် တပ်မတော်နှင့် မြောက်ပိုင်းသုံးဖွဲ့ မျောက်သုံးကောင်နှင့် တိုက်ပွဲများအပေါ် သူ့ထင်မြင်ချက် ကိုယ့်ထင်မြင်ချက်များကို ဖလှယ်လို၍ ဖုန်းဆက်လာခြင်းဖြစ်သည်။ သူဖုန်းဆက်သည်ကို အနှစ်ချုပ်ပြောရလျှင် လားရှိုးတိုက်ပွဲနှင့်ပတ်သက်၍ တပ်မတော်က အစွမ်းကုန် တိုက်ခိုက်နေခြင်းအတွက် 'ငါတို့က ဘယ်အခန်းကဏ္ဍက ဝင်ကူလို့ရမလဲ' ဆိုသည့် မေးခွန်းမေးလာလေသည်။သူငယ်ချင်းက မုံရွာမှဖြစ်ပြီး စီးပွားရေးအတန်အသင့် အဆင်ပြေသူ လည်းဖြစ်သည်။ သူဆိုလိုချင်သည်က ရှေ့တန်းတွင် တိုက်ပွဲဝင်နေသည့် တပ်မတော်သားများအတွက် စိတ်ခွန်အားဖြစ်စေ၊ အကူအညီအထောက်အပံ့ဖြစ်စေ စွမ်းနိုင်သမျှကူညီလိုသည်ဟုဆိုသည်။ သည်စစ် ပွဲနှင့်ပတ်သက်၍ တပ်မတော်အကြီးအကဲများက အကောင်းဆုံး တုံ့ပြန်နိုင်မည်ကိုယုံကြည်ပြီး နေဝန်းနီတို့၏ အောင်ပွဲကို စောင့်မျှော်နေသည်ဟုဆိုသည်။ "ငါတို့က နိုင်ငံရေးနဲ့ပတ်သက်ပြီး ဘယ်တုန်းကမှ အသံမထွက်ခဲ့ဘူး၊ ဒီစစ်ပွဲနဲ့ပတ်သက်ရင် နေဝန်းနီတို့ရဲ့ ရှေ့တန်းမှာရှိနေတဲ့ တပ်မတော်သားများကို အားပေးနေတဲ့ ငါတို့လိုလူတွေ အများကြီးရှိတယ်ဆိုတာကို ရှေ့တန်းကတပ် မတော်သားတွေကို အဓိကသိစေချင်တယ်"ဟု နေဝန်းနီတို့၏ အောင်ပွဲကို စောင့်မျှော်နေသည့် သူငယ်ချင်းက အမှာစကား ပါးလေသည်။ သူငယ်ချင်း၏ စကားနှင့်ပင် "နေဝန်းနီသားတို့ တရားသောစစ်အောင်ရမည်"ဟုသာ။
( ရွှေထီး )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 262

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43007

© 2022 - 2025 News. All Rights Reserved.