ဘယ်မှာလဲ NUG ရဲ့ Legitimacy

၂၀၂၄ ဇန်နဝါရီ ၅

Legitimacy တရား၀င်ဖြစ်ခြင်းဆိုသည့် စကားရပ်သည် နိုင်ငံရေးအသိုင်းအ၀ိုင်းတွင် အတော် သုံးသည့် အသုံးအနှုန်းတစ်ခု ဖြစ်ပါလိမ့်မည်။ ဥပဒေနှင့် ညီညွတ်သည့် ကိစ္စရပ်များကို ညွှန်းဆိုခြင်း ဟုလည်း နားလည်မိပါသည်။ Legitimacy နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံအတော်များများက ေ၀ဖန်နေကြတာ လည်းတွေ့ရပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဦး၀င်းမြင့်ကို နိုင်ငံတော်၏သမ္မတအဖြစ် ခန့်အပ်ထားပြီး ဒုတိယသမ္မတ လရွီးလက ယာယီသမ္မတ အဖြစ် ဆောင်ရွက်နေသည့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) သည် န၀တ အစိုးရလက်ထက်မှာ ပေါ်ပေါက်ခဲ့သည့် ဒေါက်တာစိန်၀င်း ၀န်ကြီးချုပ်အဖြစ် ဦးဆောင်ဖွဲ့စည်းခဲ့သည့် NCGUB အစိုးရ ထက်ပိုပြီး Legitimacy ဖြစ်သည်ဟု အနောက်အုပ်စု နိုင်ငံများက ပြောဆိုနေကြသည်ကို ကြားသိရပါသည်။ ထို့ကြောင့် နစကအနေဖြင့် NUG နှင့် တွေ့ဆုံဆွေးနွေး သင့်သည်ဟူ၍ ထိုအုပ္စုက ဇောင်းပေးပြောဆိုနေကြ သည်ကိုလည်း ကြားသိရပါသည်။ Legitimacy နှင့်ပတ်သက်ပြီး ပိုသည်၊ မပိုသည်ဆိုပြီး ပြောနေကြတာကတော့ အတော်အံ့သြဖို့ ကောင်းပါသည်။ သူတို့အလိုကျလျှင် Legitimacy ၊ သူတို့အလိုမ ကျလျှင် illegitimacy ဆိုပြီး တစ်ကမ်ဘာလုံး ပတ်မွှေနေတာလည်း တွေ့ရမှာဖြစ်ပါ သည်။

 မြန်မာနိုင်ငံတွင် စနစ္တစ္ခုပြောင်းတိုင်း ပြည် ပြေးအစိုးရများ ပေါ်ပေါက်ခဲ့တာတွေ့ရမှာ ဖြစ်ပါသည်။ ၁၉၆၂ ခုနှစ် မတ္လ ၂ ရက်မှာ ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်သည့် တပ္မတော်က ၀န်ကြီးချုပ် ဦးနုဦးဆောင် သည့် ပြည်ထောင်စုပါတီ(ပထစ) အစိုးရထံမွ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီး တော်လှန်ရေးကောင်စီဖွဲ့ စည်းခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံကို ပါလီမန္ဒီမိုကရေစီ စနစ်မှသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဦးဆောင်သည့် တစ်ပါတီစနစ်အဖြစ် ပြောင်းလဲခဲ့ပါသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးရချိန်ကစပြီး ပါလီမန္ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ရာ ဦးနုသည်သာ လျှင် ၀န်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့တာ တွေ့ရမှာဖြစ်ပါသည်။ သူ၀န်ကြီးချုပ်ဘ၀က တစ်နှစ်ခွင့်ယူပြီး ဖဆပလ ပြန်လည် မွမ်းမံရေးတာ၀န်ထမ်းဆောင်စဉ် ခေတ္တ ၀န်ကြီးချုပ်အဖြစ် ဦးဗဆွေကိုတာ၀န်တစ်နှစ်လွှဲပေးခြင်းနှင့် ဖဆပလ နှစ်ခြမ်းကွဲပြီး တိုင်းပြည်အုပ်ချုပ်မှုယိုယွင်းလာ သည့်အတွက် ၁၉၅၈ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်အထိ ဗိုလ်ချုပ်ကြီးနေ၀င်းအား အိမ်စောင့်အစိုးရတာ၀န် လွှဲ ပေးချိန်မှလွဲ၍ သူသာလျှင်၀န်ကြီးချုပ်တာ၀န် ယူခဲ့ခြင်း ဖြစ်ပါသည်။

 အာဏာသိမ်းယူပြီး ခေတ္တထိန်းသိမ်းခြင်းခံ ထားရသည့်ဦးနုသည် ပြန်လည်လွတ်မြောက်လာပြီးနောက် ၁၉၆၉ ခုနှစ်မှာ ဗုဒ္ဓဂယာဘုရားဖူးသွားရန်အ ကြောင်းပြချက်ဖြင့် ပြည်ပသို့ ထွက်ခွာသွားခဲ့ပြီး ထိုင်း နိုင်ငံ ဘန်ကောက်မြို့မှာ ပါလီမန္ဒီမိုကရေစီပါတီထူထောင်ပြီး ပြည်ပြေးအစိုးရအဖွဲ့ ဖွဲ့စည်းခဲ့ပါသည်။ ထို့နောက် သူ့၏ ပြည်ပြေးအစိုးရအဖွဲ့ လက်အောက်ခံတပ် အဖြစ် ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်ဟူ၍ ဖွဲ့စည်းကာ သူ၀န်ကြီးချုပ်ဖြစ်စဉ်အခါက တပ္မတော်ကိုတိုက်ခိုက်ရန် ညွှန်ကြားခဲ့သည့် ဗကပ၊ KNU တို့နှင့် ပူးပေါင်းပြီးတပ်မတော်ကို ပြန်လည်တိုက်ခိုက်ခဲ့သည်ကိုတွေ့ရမှာ ဖြစ်ပါသည်။ ဦးနု၏ ပြည်ပြေးပြည်ချစ်တပ်မတော်ကို လက်နက်တပ်ဆင်ပေးခဲ့တာက ဦးလောရုံ၏ အကူအညီဖြင့် အမေရိကန် CIA က ထောက်ပံ့ပေးခဲ့ ခြင်းပဲဖြစ်ပါသည်။ မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်သောင်းကျန်းသူများ ကိုင်တွယ်နိုင်ခြင်းမရှိသေးသည့် 40mm M79 လောင်ချာကို ဦးနု၏ ပြည်ချစ်တပ်မတော်က စတင်ကိုင်တွယ်နိုင်ခဲ့ပါသည်။ နောက်ပိုင်းမှာ ဦးနုအနေဖြင့် လက်နက်ကိုင်လမ်း စဉ်ကို စွန့်လွှတ်သည့်အခါ ထိုလက်နက်များ KNU ထံသို့ ရောက်ရှိသွားခဲ့ပါသည်။

 ၁၉၈၈ ခုနှစ် အရေးအခင်းကာလမှာ မဆလ အစိုးရက တပ္မတော်ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံတော်တာ၀န် လွှဲပြောင်းပေးအပ်ပြီးနောက်မှာ အရေးအခင်းပြီးစီးသွားခဲ့ပါသည်။ ပြည်တွင်းမှာ တည်ငြိမ်အေး ချမ်းသွားသော်လည်း လက်နက်ကိုင်သောင်းကျန်းသူ ဒေသများမှာ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF ) ဆိုသည့် လက်နက်ကိုင် တပ်ဖွဲ့ တစ်ဖွဲ့ပေါ်ပေါက်လာခဲ့ပြန်ပါသည်။ ၁၉၈၈ ခုနှစ် အရေးအခင်းကာလ မြို့ပေါ်မှာလှုပ်ရှားခဲ့ကြပြီး တပ္မတော်အစိုးရ တက်လာသည့်အခါမှာ တောခိုသွားသည့် ဒေသအသီးသီးက ကျောင်းသားများနှင့် လူငယ္မ်ားကို အခြေခံဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။

 ၁၉၉၀ ပြည့်နှစ်မှာ န၀တအစိုးရက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးခဲ့ရာ NLD ပါတီက မဲနိုင်ပါသည်။ သို့သော် လွှတ်တော်ခေါ်ပေးဖို့၊ အစိုးရဖွဲ့စည်းပေးဖို့ စည်းမျဉ်းစည်းကမ်း များနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိသည့်အတွက် အခက်အခဲဖြစ် ခဲ့ရပေသည်။ မဲနိုင်ထားသည့် ရလဒ်ကိုကိုင်တွယ်ကာ ကိုယ်တိုင်လွှတ်တော်ခေါ်ပြီး အစိုးရဖွဲ့ရန် ကြိုးစားခဲ့ကြ သည့်အတွက် တပ္မတော်အစိုးရနှင့် ထိပ်တိုက်တွေ့ပြီး ဖမ်းဆီးအရေးယူမှုများ ဖြစ်ပွားခဲ့ကြပါသည်။ ဒေါ်အောင်ဆန်းစု ကြည်၏ အစ်ကို၀မ်းကွဲ အမျိုးသားဒီမိုကရေစီပါတီမှ ဒေါက်တာစိန်၀င်းနှင့် NLD မွ ရွေးချယ်ခံ ကိုယ္စား လှယ်တချို့ ပြည်ပသို့ထွက်ပြေးလွတ်မြောက် သွားကြပါသည်။ ထို့နောက် ရွေးကောက်ပွဲရလဒ်ကို အခြေခံပြီး ပြည်ပြေးအစိုးရ NCGUB ဖွဲ့စည်းလှုပ်ရှားခဲ့ကြ ပြန်ပါသည်။ ကိုယ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းနိုင် ခြင်းမရှိဘဲ ABSDF အပါ၀င် ငြိမ်းချမ်းရေးရယူထားခြင်း မရွိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် မဟာမိတ္သဖြယ္သာ ဆက်ဆံဆောင်ရွက်နိုင်သည်ကိုတွေ့ရှိရပါသည်။

 ၂၀၂၁ ခုနှစ်တွင် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြေညာခဲ့ပြီး တပ္မတော်က နိုင်ငံတော်တာ၀န်ကို ရယူခဲ့ရပြန်ပါသည်။ ထိုအရေးပေါ်အခြေအနေနှင့်ပတ်သက်၍ အငြင်းအခုံရှိသော်လည်း အခြေအနေအမှန်ကို ကိုယ်တိုင် ကျူးလွန်ခဲ့ကြသည့်သူများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို တာ၀န္ခံ ကျင်းပပေးသည့် ဆင့်ကဲ ဆင့်ကဲ ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့၀င်များ အသိဆုံးဖြစ်ပါသည်။ တည်ဆဲအစိုးရ၏ ပါတီက ဦးဆောင်ပြီး သူဖွဲ့စည်းပေးခဲ့သည့် ကော်မရှင် နှင့်ပူးပေါင်းကာ မဲမသမာမှုပြုလုပ်ခြင်းသည် အင်မတန် မွ ကိုင်တွယ်ရခက်ခဲလိမ့် မည်ဆိုတာ လူတိုင်းနားလည်ကြ ပါလိမ့်မည်။ အခြေအနေအမှန်ကို ဒေါ်အောင်ဆန်းစု ကြည်၊ ဦး၀င်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်တို့ အပါအ ၀င် ပါတီခေါင်းဆောင်များ အသိဆုံးဖြစ်ကြပါလိမ့်မည်။ 

 ပါတီတစ္ခုမွ ဥက္ကဋ္ဌကိုယ်တိုင် ကိုယ်စားလှယ်အဖြစ် ပါ၀င်ယှဉ်ပြိုင်ခဲ့ပါသည်။ သူ့မိသားစုများ၊ဆွေမျိုး မ်ားက သူတို့နေထိုင်ရာ မဲဆန္ဒနယ်မှာ မဲပေးခဲ့ကြသော်လည်း ပြိုင်ဘက် NLD ပါတီကမဲနိုင်ခဲ့ပြီး မဲအရေအ တွက်ကြေညာရာမှာ ထိုပါတီ ဥက္ကဋ္ဌ တစ်မဲမှမရဘဲ ရှုံး သည်ဆိုသည်မှာ ဖြစ်သင့်ပါရဲ့လား။ ဖြစ်နိုင်ပါ့မလား။ ထို့အပြင် အထက်မြန်မာပြည် မဲဆန္ဒနယ်တစ်ခုမှာ ပါတီဥက္ကဋ္ဌတစ်ဦးက ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဇာတိဒေသဖြစ် သည့်အတွက် မိတ်ဆွေများမှ သူ့အားမဲပေးရန် မဲရုံအတွင်း၀င်ရောက်မဲပေးခဲ့သော်လည်း မဲပေးရမည့် မဲစာရွက်မှာ သူ့အမည်နှင့် သူ့ပါတီမပါသည့်ဖြစ်စဉ်လည်းရှိ ခဲ့ပါသည်။ နောက်ပိုင်းပြန်လည်စိစစ်ရာမှာ ရွေးကောက် ပြဲကော်မရှင်က မဲစာရွက်ရိုက်စာမှာ ပထမ တစ်အုပ်တွင် ထည့်သွင်းရိုက်နှိပ်ခဲ့ပြီး ကျန်စာအုပ်များတွင် ချန်လှပ်ရိုက်နှိပ်ခဲ့ခြင်း ပေါ်ပေါက်ခဲ့သည်ကို တွေ့ရှိခဲ့ရပါသည်။ 

 ၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကျန်ပါ တီမ်ား၏ တောင်းဆိုမှုအရ တပ္မတော်ကာကွယ်ရေးဦး စီးချုပ်က တာ၀န်ရှိသည့် NLD အစိုးရကို ရွေးကောက်ပွဲ မတိုင်မီကပင် သတိပေးခဲ့ပြီး ရွေးကောက်ပွဲမှာ မသမာမှုများ ထင်ရှားနေသည့်အတွက် ရွေးကောက်ပွဲအပြီးမှာလည်း ထပ္မံသတိပေးခဲ့တာတွေ့ရပါသည်။ ရွေးကောက်ပွဲကော်မရှင်နှင့် အာဏာရပါတီက ရွေးချယ်ခံကိုယ်စား လွယ္စာ ရင်းကို ဇွတ်အတင်းအတည်ပြုပြီး လွှတ်တော်ခေါ်ကာ အစိုးရဖွဲ့ရန်ကြိုးစားခဲ့သည့်အတွက် အရေးပေါ်အခြေအနေ ကြေညာခဲ့ရခြင်းဖြစ်ပါသည်။ ထိုအခြေအနေများ ဖြစ်ပေါ်ပြီးနောက် တပ္မတော်ကာ ကွယ်ရေးဦးစီးချုပ် ဥက္ကဋ္ဌအဖြစ် တာ၀န်ယူဖွဲ့စည်းခဲ့သည့် နစကက နိုင်ငံတော်အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာ၀န်ယူ ထိန်းသိမ်းခဲ့ခြင်းဖြစ်ပါသည်။ 

 ထိုအခြေအနေကို NLD နှင့် အပေါင်းပါနိုင်ငံရေးသမားများက သိပါလျက်နှင့် တပ္မတော်က အတင်းအကျပ် အာဏာသိမ်းခ့ဲခြင်းဖြစ်သည်ဟု ပုံဖော်ခဲ့ခြင်းဖြစ်ပါသည်။ ပြည်တွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြန်လည်ကျင်းပပေးမည့် ရွေးကောက်ပွဲမှာ ပါ၀င်ယှဉ်ပြိုင် ရမည့်အစား မတရား သဖြင့်ရယူထားသည့် မဲရလဒ္ကိုအကြောင်းပြုပြီးပြည်ပမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆိုပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ ပြည်တွင်းမှာ NLD က ဆူပူအုံကြွအောင်လှုံ့ဆော်ခဲ့ပြီး အစိုးရက တည်ငြိမ်အောင်ထိန်းသိမ်းခဲ့ရာ လူငယ္မ်ားကို လက်နက်ကိုင်တော်လှန်ဖို့မြှောက်ပင့်ပေးခဲ့ရာမှ လူငယ္မ်ား လက်နက် ကိုင်လမ်းစဉ်နောက် လိုက်သွားခြင်းဖြစ်သည်ကိုလည်း တွေ့ရမှာဖြစ်ပါသည်။

 ပြည်ပထွက်ပြီး တည်ဆဲအစိုးရကို တော်လှန်ခဲ့ ကြသည့် ဦးနု၏ ပြည်ပြေး ပါလီမန်အစိုးရ၊ ဒေါက်တာစိန် ၀င်း၏ NCGUB အစိုးရနှင့် NLD မွ ထိပ်သီးခေါင်းဆောင်များမဟုတ်ဘဲ ကိုယ္စား လှယ်အနည်းငယ်ဖြင့် ဦးဆောင်ဖွဲ့စည်းထားသည့် NUG အစိုးရတို့ မည်သည်က ပိုပြီး Legitimacy ဖြစ်မည်ထင်ပါသလဲ။ 

 ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းခံရသည့် ဦးနုအစိုးရသည် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ မဲနိုင်ပြီးဖွဲ့စည်းခဲ့သည့် Dejure အစိုးရဖြစ်ပါသည်။ တပ္မတော်က နိုင်ငံတော်အာဏာ သိမ်းပိုက်ပြီး Defacto အစိုးရအဖြစ် ကမ်ဘာကလက်ခံခဲ့သည့် နောက် စနစ္တစ္ခုကို ပြောင်းလဲချီတက်နေချိန်မှာ ပြည်ပသို့သွားရောက်ဖွဲ့စည်းပြီး ပြန်လည်တိုက်ခိုက်ခဲ့သည်ကို Dejure အဖြစ် သတ်မှတ်၍ မရတော့ပါ။ ၁၉၈၈ ခုနှစ်နောက် ပိုင်း နိုင်ငံတော်အာဏာကို ဆိုရှယ်လစ်အစိုးရထံကလွှဲပြောင်းရယူခဲ့သည့် တပ္မတော်အစိုးရသည် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေထက် ကျော်လွန်နေသော်လည်း ခေတ်အခြေအနေအရ Defacto အစိုးရအဖြစ် တည်ရှိခဲ့ပါသည်။ သူ့ခေတ်မှာ မဲရလဒ္ကိုအကြောင်း ပြုပြီး ပြည်ပ ထွက်ခွာဖွဲ့စည်းခဲ့သည့် NCGUB သည် နိုင်ငံ၏ တည်ဆဲဥပဒေများအရ ဖွဲ့စည်းခဲ့ခြင်းမဟုတ် သည့်အ တွက် Legitimacy မဖြစ်ခဲ့ပါ။ သို့သော် ပြည်သူ့ ဆန္ဒမဲရရှိခဲ့သည့်အတွက် အငြင်းပွားစရာဖြစ်ခဲ့ရပြီး အနောက်အုပ်စုက သူတို့လူအဖြစ် လက်သိပ်ထိုးကူညီမှုများ အတန်သင့်ရှိခဲ့သော်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံရေးအပြောင်းအလဲ ကာလမွာ မသိမသာ ပျောက်ကွယ်သွားခဲ့ရ သည်ကို တွေ့ရှိရပါ သည်။

 လက်ရှိ NUG အစိုးရဖွဲ့စည်းပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်အာဏာကိုခေတ္တထိန်းသိမ်း ကိုင်တွယ်နေသည့် အစိုးရကိုတော်လှန်နေသည့် အဖွဲ့သည် မည်သည့်အတွက် ကြောင့် NCGUB ထက်ပိုပြီး Legitimacy ဖြစ်သည်ဆိုသည်ကို စဉ်းစား၍မရပါ။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှု ကျူးလွန်ခဲ့ခြင်းသည် အခြေခံဥပဒေနှင့် ပြည်သူတစ်ရပ်လုံးကို စော်ကား သည့် လုပ်ရပ်ဖြစ်ပေသည်။ မဲမသမာမှုဖြင့် နိုင်ငံတော်အာဏာကို ရယူရန်ကြိုးစားခြင်းသည် နိုင်ငံတော်၏အာဏာကို မတရားရယူခြင်း ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို မထီမဲ့မြင်ပြုခြင်း ဖြစ်သည်။ ပြည်ပတွင် အစိုးရဖွဲ့စည်းခြင်းသည် မည်သည့် ဥပဒေဖြင့်ဖွဲ့စည်းခြင်းဖြစ်ပါသနည်း။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုလျှင် သမ္မတရွေးချယ်ခြင်း ဥပဒေနှင့် ကိုက်ညီခြင်းမရှိသည်ကို တွေ့ရမှာ ဖြစ်ပေသည်။ ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပျက်စီးသွားပြီဟု သူတို့ကိုယ်တိုင်ကြေညာထား သည့်အတွက် ပိုလို့ပင် Legitimacy ဖြစ်စရာ အကြောင်းမရှိပါ။ တည်ဆဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို တုပကာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုသည့် ရာထူးနေရာထားပြီး ဒေါ်အောင်ဆန်း စုကြည်ကို ခန့်အပ်ထားခြင်းကပင်လျှင် ရှေ့နောက်မညီဖြစ်နေသည်ကို တွေ့ရမှာဖြစ်ပါသည်။ ထို့အ ပြင် တော်လှန်ရေးအကြောင်းပြ လူသတ်၊ မီးရှို့၊ အကြမ်း ဖက်လုပ်ရပ်များ ဆောင်ရွက်နေသည့် အဖွဲ့အစည်းကို NCGUB ထက်ပိုပြီး Legitimacy ဖြစ်သည်ဆိုခြင်းမှာ မြန်မာနိုင်ငံကိုချစ်၍ ပြောသည်ဟု မှတ်ယူ၍မရပါ။ သူ့လူသူ့ဘက်သားကို နေရရရန်၊ နိုင်ငံရေးလူတန်းစေ့ရန် ဆွဲတင်နေခြင်း သက်သက်ဟူ၍သာ ဆိုရပေလိမ့်မည်။နိုင်ငံရေးလူတန်း စေ့မစေ့ တိုင်းရင်သားသူပုန်အဖွဲ့များ၏ ဆက္ဆံရေးကိုကြည့်လျှင် သိနိုင်ပါလိမ့်မည်။ ထိုနိုင်ငံရေးလူတန်းမစေ့သည့် အကြမ်းဖက်အဖွဲ့ကို မည်သည့်အ တွက်ကြောင့် တွေ့စရာလိုမည်နည်း။ အကြမ်းဖက်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးသည့်နောက် အချိန်တန် လျှင် NCGUB လို နေလာနှင်းပျောက် ဖြစ်သွားမှာအမှန် ပင်ဖြစ်ပါသည်။

ဇော်နိုင်

(TREND News ဂျာနယ်အတွဲ (၂) အမှတ် (၅၀) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။) 

Total Views ~ 294

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42874

© 2022 - 2025 News. All Rights Reserved.