မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ

၂၀၂၄ ဇန်နဝါရီ ၉

အောင်ဘာလေ ပြဿနာဖြေရှင်းခန်း
    မရောက်ဖြစ်သည်မှာကြာသည့် လက်ဖက်ရည်ဆိုင်ထိုင်ရင်း ဇနီးမောင်နှံနှစ်ဦး စကားပြောနေသည် ကို မကြားချင်ဘဲ ကြားခဲ့ရသည်။ သူတို့ ဇနီးမောင်နှံက ဘုရားက ပြန်လာကြသည်ဟု သူတို့၏ စကားများအရ သိရသည်။ ထုံးစံအတိုင်း ဇနီးဖြစ်သူက ပွစိပွစိဖြင့် သူ၏အမျိုးသားကို မကျေမချမ်းပြောနေသည့်စကား ဖြစ်လေ သည်။ သူတို့စကားအတိုင်းဆိုရလျှင် "ဒီထီကိုမထိုးပါနဲ့ ပြောတာမရဘူး၊ အခုခေတ်မှာ ထီပေါက်တယ်ဆိုတာ ကြားဖူးသလား"ဟု ဇနီးသည်က နှုတ်ခမ်းခပ်စူစူဖြင့် သူ၏အမျိုးသားကို ပြောလေသည်။ သူ၏အမျိုးသား ကလည်း "အေးပါ အခုထိုးတဲ့ထီကပေါက်မှ နောက်မိန်းမ ပါယူပြမယ်"ဟု ပြန်လည်ချေပလေသည်။ ဒီဇာတ်လမ်း က ဒီနေရာမှာတင်ရပ်မသွားပေ။ "တော့်ကိုမပြောချင် လို့ကြည့်နေတာ ဘယ်အချိန်ကတည်းက နောက်မိန်းမ ယူချင်နေလဲမသိဘူး"ဟု ပုံမှန်စူနေသည့်နှုတ်ခမ်းထက် ပို၍စူကာ စကားသံလည်းပို၍ ကျယ်ကျယ်ပြောလေသည်။ချစ်စခင်စ ဇနီးမောင်နှံမဟုတ်သော်လည်း သူ၏အမျိုး သားက "ငါပိုက်ဆံရှာတယ်ဆိုတာလည်း မင်းအတွက်ပါ ကွာ၊ ဒီထီပေါက်ရင်လည်း မင်းပဲခံစားရမှာပါ"ဟု လေချို လေးဖြင့် ပြန်လည်ပြောလေသည်။ သူ့အမျိုးသားက ထိုကဲ့သို့ လေပြည်ကလေးဖြင့် ပြန်ပြောသည့်စကားက မှတ်သားဖွယ်ရာ ဖြစ်သောကြောင့် ယခုကဲ့သို့ ဖောက် သည်ချရခြင်းဖြစ်ပါသည်။
    "ဒီခေတ်၊ ဒီကာလမှာကွာ ထီပေါက်တယ်ဆိုပြီး ဘယ်သူက ပေါ်တင်ပြောနေမလဲ၊ သူ့ဟာနဲ့သူ ပေါက်နေကြတာကွ၊ မင်းတို့ NUG ကဖွင့်တဲ့ ထီတွေသာ ပေါက်တဲ့သူလည်း မတွေ့မိသလို ငွေစာရင်းရှင်း တာလည်း မတွေ့မိဘူး၊ ဘယ်ခေတ်၊ ဘယ်အစိုးရဖြစ်ဖြစ် ထီဆိုတာ အလိမ်အညာမရှိပါဘူး"ဆိုလေရာ သူ၏ဇနီး ဒေါသငယ်ထိပ်ရောက်သွားကာ "ရှင့်လမ်း ရှင်လျှောက်တော့ အပိုတွေမပြောနဲ့"ဟု အပိတ်စ ကား ပြောလေသည်။ ထိုအချိန်တွင် "စိတ်ကလေးလျှော့ပါဦး၊ ဥပမာလေး ပြောပြတာပါကွာ၊ ကိုယ့် လမ်းကိုလျှောက်ဆိုရင် ကိုယ်ကဆိုင်ကယ်စီးသွားပါပြီတဲ့၊ မင်းခြေလျင် အဝေးကြီးလျှောက်ပြီး ပြန်နေရ လိမ့်မယ်။ ဒီလ အောင်ဘာ လေထီပေါက်မှ ငွေတကယ်ရကြောင်း မင်းကိုပြမယ်"ဟု လေပြည်ထိုးရင်း လက်ဖက်ရည်ဖိုးရှင်းကာ သူတို့ဇနီး မောင်နှံဆိုင်ကယ်ကလေးစီးကာ ထွက်သွားကြလေသည်။ သူတို့ ဇနီးမောင်နှံ ပြောနေသည့်စကားများကို နားမထောင်ချင်ဘဲကြားနေရသည့် ကျွန်တော့်အဖို့မှာ အဲဒီ ကောင်လေး ဒီလ အောင်ဘာလေထီပေါက်ပါစေဟု သာ ကျိတ်၍ဆုတောင်းဖြစ်မိပါသည်။

အမိယုတ်က နှုတ်ကြမ်း၏
    ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာဟု အန န္တောအနန္တငါးပါးတွင် ကျွန်တော်တို့ ရိုသေလေးမြတ် ရှိ ခိုးပူဇော်ကြသည် မဟုတ်လော။ အမိအဖ၊ ဆရာသမား တို့နှင့် ပတ်သက်လျှင်လည်း ဆိုရိုးစကားများစွာ ရှိခဲ့ရာ "တပည့်မကောင်း ဆရာ့ခေါင်း၊ အမိယုတ်လျှင် နှုတ် ကြမ်း၊ အဖယုတ်လျှင် ကိုယ်ကြမ်း"ဆိုသည်ကို လူတိုင်း နားရည်ဝနေကြပါ၏။ သို့သော်လည်း  မိမိဆရာသမား၊ မိမိ၏ အမိအဖ ကိုယ့်ကြောင့် မထိခိုက်စေရဟုဆိုသည့် စောင့်ထိန်းရမည့် ကိုယ်ကျင့်တရားထဲများ မေ့လျော့နေ ကြသလားဟု ယနေ့ခေတ်တွင် စဉ်းစားမိလေသည်။ လူ မှုကွန်ရက်တွင် ကြည့်ကြည့်ပါ။ 
    ယနေ့လက်နက်ကိုင်နေကြသည့် လူငယ်အ များစု၏ လက်သုံးစကားဟု ဆိုရမလားမသိ။ PDF အများစုက လူမှုကွန်ရက်တွင် 'မေမေ့သားသမီးများ'ဟုဆိုကာ ယဉ်ကျေးမှုမရှိ၊ ရိုင်းစိုင်းမှုယုတ်မာ မှုများကို အားရဝမ်းသာ တင်ပြနေကြလေသည်။ ဥပမာလှိုင်သာယာက ဦးဘယ်သူကို သတ်ဖြတ်ခဲ့ခြင်း ကို 'မေမေ့သားကွ'ဟု ကြွယ်နေကြသကဲ့သို့ ထေရ်ကြီးဝါကြီး ဆရာတော်ဘုရား ကြီးများကိုပင် အမနာပ ဆဲဆိုနေခြင်းကို 'မေမေ့သား'ဟု ဂုဏ်ယူနေကြပြန်သည်။ မေမေ့သားဟု ဆိုသူတစ်ဦး ရေးသည့် စာကိုဖတ်ပြီး မြတ်စွာဘုရားကိုယ်တော်မြတ်ကြီး တရားဟောလျှင်ပင် နားမဝင်နိုင်ဟု အတွေးပေါ်မိ သည်။ သူရေးထားသည့်စာက "ရတဲ့နေရာကနေ သတ်မှာ၊ အကုန်ဖျက်ဆီးပြီး ပြန်လည်ထူထောင်ရ မယ်၊ ငါတို့ကအမေ့သား"ဟုရေးထားရာ အတွေးစိတ်ကူးစိတ် သန်းမကောင်းလျှင် ပစ္စုပ္ပန်မကောင်း၊ ပစ္စုပ္ပန်မကောင်းလျှင် အနာဂတ်မကောင်း၊ အနာဂတ်မကောင်းလျှင်လည်း  သံသရာအတွက်မကောင်း ဟု ထိုသူတို့အတွက်လည်း သနားမိသည်။ ဘယ်ဥကပေါက်ဖွားလာသလဲဟု စကား ကဲ့သို့ မေမေ့သား ဆိုသူတို့၏ စိတ်ဓာတ်အကျင့် စာရိတ္တများသည် မြန်မာနိုင်ငံဖွားဟုပြောရမည်ကို တစ်မြေတည်းနေ တစ်ရေတည်းသောက်နေသော ကျွန်တော်ဖြင့် ရှက်ရွံ့မိသည်ဟု ဆိုရမည်ဖြစ်သည်။

မင်္ဂလာနှစ်သစ် ဖြစ်ပါစေ
    တစ်ပါးသူ အခက်အခဲ ဒုက္ခရောက်နေခြင်းကို ကျွန်တော်တို့သည် ဝမ်းမသာကောင်းဘူး မဟုတ်လား။ သို့သော်လည်း အခြားသောသူများ လူမှုပတ်ဝန်းကျင်ကို ဒုက္ခပေးမည့်သူများ အခက်အခဲ တွေ့နေခြင်းကို သူတို့ ဒုက္ခနှင့်သူတို့ နိဂုံးချုပ်ကျပါစေဟု ဝမ်းမသာကောင်းသော်လည်း အမှန်တကယ် ဆုတောင်းမိခဲ့ပါသည်။ ဒီဇင်ဘာ ၃၀ ရက်က အကြောင်းအရာတစ်ခုကို ပြောချင်ပါသည်။ PDF များက ရေးသည့်စာဟု ဆိုရမည်ဖြစ်သည်။ ကျည် ဆန်မရှိတော့ဘူးဟုဆိုကာ ငိုချင်းချနေသည့် PDF များက ရေးသည့်စာဖြစ်သည်။ ၎င်းတို့က "ပဲခူးတိုင်းမုန်းမြို့ တောင်ခြေအခု ပွဲကနေတာ ပွဲမပြီးသေးဘူး။ အခုထိ ဒဏ်ရာရသူများနေပြီဗျာ၊ ရေအရမ်းသောက်ချင်မိ"ဆို သည့်စာလေးလေးကို လူမှုကွန်ရက်တွင် ရေး၍တင်ထား ခြင်းဖြစ်သည်။ စာပါအကြောင်းအရာလေးက သနား စဖွယ်မကောင်းဘူးလားခင်ဗျ။ ဒီလိုဇာတ်လမ်းမျိုး ရေးသားလာလျှင် သနားမိသူက ငွေကြေးထောက်ပံ့ချင်အောင် ပြုလုပ်ခြင်းဖြစ် ကြောင်း ကြာလာသည့်အခါ သိလာကြပြီဖြစ်သည်။ ကိုယ့်မြို့၊ ကိုယ့်ရွာ၊ ကိုယ့်တိုင်းပြည်ကို ဖျက်ဆီးနေ သူများ၏ အသနားခံစာကို ကျွန်တော်တို့က သနားသင့်သလားဟု ပြန်၍ချင့်ချိန်ရပြန်လေသည်။ 
    ကျောက်ကြီးမြို့နှင့်နီးစပ်သည့် မိတ်ဆွေတစ် ဦးစကားပြောရလျှင် " PDF တွေကြောင့် ကိုယ့်ရွာ ကို မနေနိုင်ဘဲ ပြေးနေရတာ၊ တို့ရွာသူရွာသားတွေ ဒုက္ခရောက်သလို ဒင်းတို့လည်း ဝဋ်လည်ဦးမှာပါ" ဟုဆိုလေ သည်။သူတို့သည် အေးချမ်းစွာနေထိုင်ကြသည့် ပြည်သူများ ဖြစ်သော်လည်း PDF များ ရောက်လာသည့်အခါ ကိုယ့်ရပ်ကိုယ့်ရွာကို စွန့်ခွာခဲ့ကြရလေသည်။ ထို့ကြောင့် PDF များကို မေတ္တာ ပို့နေခြင်းဖြစ်၏။ မေတ္တာစူး၍လား၊ အလှူခံချင်၍လားမသိဟု ဆိုရမည်။ ရေတစ်ပေါက် သောက်ချင် ကြောင်းနှင့် ကျည်ဆန်မရှိဘူးဟု သူတို့၏ သနားစဖွယ်ပြောသည့်စကားတွင် "မင်းတို့မရှိမှ အေး မှာပါကွာ"ဟု မှတ်ချက်ပြုနေသူလည်း အများအပြား တွေ့မြင်နေရလေသည်။ ထိုကဲ့သို့ မှတ်ချက်များကို NUG နှင့် PDF များ မြင်စေချင်ပါသည်။ ဒါမှသာလျှင် ပြည်သူက လက်မခံတော့ကြောင်း သိလာစေချင် သောကြောင့် ဖြစ်သည်။ သူများကို ဒုက္ခမရောက်စေချင်သော်လည်း အများသူငါကို ဒုက္ခပေးမည့်သူများ ဒုက္ခရောက်နေခြင်းသည် အများပြည်သူအတွက် မင်္ဂလာရှိနိုင်သည်ဟုလည်း ထင်မြင်မိပါသည်။ သို့မို့ကြောင့် နှစ်သစ်တွင် "အများ ပြည်သူကို ဒုက္ခပေးမည့်သူများ ကျရှုံးပါစေ၊ အများပြည် သူကို ကောင်းကျိုးပြုနိုင်မည့်သူများ အောင်မြင်ပါစေ"ဟု ဆုတောင်းခြင်းနှင့်အတူ မြန်မာနိုင်ငံသူနိုင်ငံသားများ  မင်္ဂလာနှစ်သစ်ဖြစ်ပါစေဟု ဆုတောင်းမိပါသည်။

ဇာတ်လမ်းဟောင်း
    တစ်ခါခံရလျှင် မတော်တဆ၊ နှစ်ခါခံရလျှင် တိုက်ဆိုင်မှုဟုဆိုကြပြီး သုံးခါခံရလျှင်တော့ ခံရသူညံ့၍ ဖြစ်သည်ဟု ပြောကြရဲ့မဟုတ်လား။ ဟိုးယခင်တစ်ပတ်က နှစ်လုံးအားဆေးအတွက် ငွေကျပ် ၆၇၀၀ အလှူခံသည့် သူကရေးထားသည့်စာကို ပြောလိုခြင်း ဖြစ်ပါသည်။သူ့ အကြောင်းပြောလိုရင်းမှ ရွာက သူငယ်ချင်းတစ်ဦး၏အဖြစ်ကိုလည်း သွား၍သတိရမိသည်။ ထိုသူငယ်ချင်းက ရွာတွင် ဘောလုံးပွဲကျင်းပချိန်က ဘောလုံးဝင်ကန်လေ၏။ထိုသို့ ဘောလုံးဝင်ကန်ချိန်တွင် သူဆီလိမ့်လာသည့် ဘောလုံးကို အားပါးတရကန်မည်ဟု အရှိန်နှင့်ပြေး၍ ကျုံးလိုက်ရာ ဘောလုံးသည် သူ၏ခြေထောက်အောက်က ထွက်သွားပြီး လေကိုသာ ကန်မိလေ၏။ ဘောလုံးကိုလွဲ သွားသော်လည်း သူ၏ကြွေးကြော်သံကတော့ မလျော့ "ဂျီတစ်ခါလာစမ်းလေးရီ"ဟု မပီကလာပီကလာနှင့် ကြုံး ဝါးလေသည်။ သူပြောသည့်စကားက "ဒီတစ်ခါလာစမ်းပါ မလွဲစေရဘူး"ဟု ဆိုခြင်းဖြစ်၏။ ဘောလုံးကန်နေရင်း ဖြစ်သောကြောင့် သူဆီနောက်တစ်ကြိမ် ဘောလုံးက လိမ့်ကာလိမ့်ကာနှင့် လာလေသည်။သူကြုံးဝါးထားသည့် အတိုင်း သည်တစ်ခါလာလျှင် အားရပါးရကန်မည်ဟု အရှိန်နှင့် ပြေး၍ဘောလုံးကိုကန်လိုက်ရာ ဘောလုံးမ ကန်မိဘဲ ဘောလုံးကြီးတက်နင်းမိ၍ ချော်လဲသွားလေ တော့သည်။ "ငါ့လူကြီး ကြုံးဝါးစဉ်အချိန်က ကြောက် စရာကောင်းသလောက် တကယ်လည်းလာရော ခြေပစ်လက်ပစ် လဲပါလေရော"ဟု ကျွန်တော်တို့ရွာတွင် ပြောစ မှတ်တွင်သွားလေတော့သည်။
    စောစောကစကားကို ဆက်ရလျှင် နှစ်လုံးဆေးဖိုး အလှူခံသည့်သူက ပြည်သူကို ခြိမ်း ခြောက်သည့် စာတစ်စောင်ရေးထားပြန်လေသည်။ "ဒီနှစ်ဦးမှစပြီး ဆန် ၁၅ အိတ်၊ ဆီ ၁၈ ပုံးနှင့် အခြား စားသောက်ကုန်ရိ က္ခာများ ဝယ်ထားကြပါ"ဟု ပြည်သူကို အသိပေးထားလေ သည်။ အကြောင်းက မြို့သိမ်းတိုက်ပွဲများ ပြုလုပ်ရန်ပြင် ဆင်ထားသောကြောင့် ပြင်ဆင်ရန်လိုအပ်ကြောင်း ဆို ထားလေ သည်။ ထိုကဲ့သို့ ရေးထားသည့်စာကို တွေ့ရချိန် မောင်ကြီးဇော်ဝေစိုးကို သတိရမိသွားလေသည်။ သူလည်း ရိက္ခာများစုဆောင်းရန် မကြာမကြာပြောအပြီး ဘာမှဖြစ်မလာသည့် ဇာတ်လမ်းကို မှတ်မိကြ ရဲ့မဟုတ်လား။ ဘာမှ ဖြစ်မလာသော်လည်း စပြောစဉ်က သက် ရောက်မှုရှိခဲ့သည်။ တစ်ခါပြောလျှင် ကုန်ဈေးနှုန်းတစ် ကြိမ်တက်သွားပြီး မကြာခဏပြောလာသောအခါ NUG က လူကြီးဆိုသူများ၏ ပြောစကားများကို ပြည်သူက အရေးအရာမလုပ် တော့သည်မှာ ကြာပြီဟုဆိုရတော့ မည်ဖြစ်သည်။ "ဂျီတစ်ခါလာစမ်းလေးရီ"ဟုဆိုခဲ့သည့် ကျွန်တော်တို့ရွာသား ပြောခဲ့သည့် စကားအတိုင်း တကယ်လာ လျှင်လည်းပဲ သူပဲ ကွဲသွားခဲ့ရသည် မဟုတ်လော။

သူငယ်ချင်းကပေးသည့်စာ
    မုံရွာမြို့က ငယ်ပေါင်းသူငယ်ချင်းက စာရေး ၍ ပို့ထားလေသည်။ သူရေးသည့်စာခေါင်းစဉ်က 'ဘာ တွေဖြစ်ကုန်ကြပြီလဲ'ဟု အမည်ပေးထားလေသည်။ သူငယ်ချင်းက မန္တလေး-တောင်ကြီးစသည့် ခရီးတစ်ခုကို သူ၏ ဝန်ထမ်းများနှင့်အတူ ဒီရက်ပိုင်းသွားဖြစ်ကြောင်း ရေးထား၏။ ထိုသို့ ခရီးသွားခြင်း တွင် မုံရွာမှအထွက် ချောင်းဦးကစပြီး ညောင်ပင်ဝန်းမရောက်ခင်အထိ စစ်ဆေးရေးဂိတ်ပေါင်း များစွာကို ဖြတ်သန်းရလေသည်ဟု ဆိုထား၏။ စစ်ဆေးတိုင်းလည်း ဘယ်အဖွဲ့အစည်းကလဲဟု မမေးရဲ ဘဲ စစ်ဆေးသူများ စိတ်ကျေနပ်စေရန် ငွေပေးခဲ့ရသည်ဟုဆိုလေသည်။ သို့မို့ကြောင့် ခရီးတစ် ခေါက်ထွက်ဖြစ်သည့်အကြောင်းကို 'ဘာတွေဖြစ်ကုန်ပြီလဲ"ဟုဆိုကာ ကျွန်တော့်ထံ ရင်ဖွင့်စာရေးခြင်း ဖြစ်သည်။ သူ၏စာထဲတွင် "ကိုယ်ကတစ်နှစ်မှ တစ်ကြိမ်လောက် ခရီးသွားဖြစ်တာပါ။ ကားသမား တွေကမှ သနားစရာ ကောင်းတာ။ ကားသမားပြောပြတာကတော့ PDF ဂိတ် တွေက ပိုက်ဆံပိုပေးရတာ" ဟုဆိုသဖြင့် မလွယ်ပါလား ဟုသာ တွေးဖြစ်မိ၏။ မြန်မာနိုင်ငံပြည်သူများအနေဖြင့် ၂၀၂၄ နှစ်သစ်တွင် အထက်ပါဒုက္ခများ အမြန်ကင်းဝေး ကြပါစေဟုသာ ဆုတောင်းမိပါသည်။
ရွှေထီး

 ( TREND News ဂျာနယ်အတွဲ (၂)၊ အမှတ် (၅၀) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 218

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42885

© 2022 - 2025 News. All Rights Reserved.