အနောက်အုပ်စုရဲ့ လက်ဝေခံ လရှီးလ

၂၀၂၃ ဒီဇင်ဘာ ၁၀

    တွေးရင်းတွေးရင်း၊ လေ့လာရင်းလေ့လာရင်း ဖြင့်တွေ့လာရတာက အလုံးစုံပျက်သုဉ်းရေးကို ဦးတည်လာနေခြင်းပဲဖြစ်ပါသည်။ လက်ရှိ ဦးဆောင်နေကြသည့် သောင်းကျန်းသူခေါင်းဆောင်များ၊ NUG ? NUCC နှင့် CRPH က နိုင်ငံရေးသမားများ၏ အမြော်အမြင်မဲ့မှုကို ပိုမိုမြင်တွေ့လာနေရပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အနာဂတ်ရေးနှင့်ပတ်သက်၍ယခုအချိန်မှာ အတော်ပင်ဝေေ၀ဝါးဝါး အခြေအနေဟုပင် ဆိုရမလားမသိ။ အမှန်တကယ်ပဲ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် ရပ်တည်နိုင်မလား။ နိုင်ငံငယ်လေးတွေ ပေါင်းစည်းထားသည့် ကွန်ဖက်ဒရေးရှင်းအဆင့် ဖြစ်သွားမလား။ ဒါမှမဟုတ် နေရာစုံမှာ အင်အားကြီးမားသည့်သူ၏ ကြီးနိုင်ငယ်ညှဉ်းအခြေအနေများကြောင် တိုက်ပွဲတွေနှင့်ပြည့် နှက်နေသည့် အစိတ်အပိုင်းငယ်လေးတွေများ ဖြစ်သွားမ လားဆိုတာ အတော်ပင်ပြောရခက်ပါ လိမ့်မည်။
    ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်မှာ NUG က သတင်းတစ်ခုထုတ်ပြန်ခဲ့တာ တွေ့ရပါသည်။ ကြေညာချက်မှာ "ထိုနေ့ ၁၀း၀၀ နာရီအချိန်မှာ  အမျိုးသား ညီညွတ်ရေးအစိုးရ၊ မဟာမိတ်ဆက်ဆံရေးကော်မတီ  နှင့် Kachin Political Interim Coordination Team (KPICT) တို့အကြားတွေ့ဆုံဆွေးနွေးမှုကို အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့ကြောင်း၊ ထိုတွေ့ဆုံမှုတွင် ဗိုလ်ချုပ်ကြီးဂွမ်မော်၊ KPICT ဥက္ကဋ္ဌ ဆရာကြီးတူးရှန် ဦးဆောင်၍ အဖွဲ့ဝင်များ ပါဝင်တက်ရောက်ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ မဟာမိတ်ဆက်ဆံရေး ကော်မတီမှ အဖွဲ့ဝင်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အကြံပေးများနှင့် အတွင်းရေးမှူးများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း၊ တော်လှန်ရေးကာလ စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံခြားရေးနှင့် ဝန်ဆောင်မှုလုပ်ငန်း အရပ်ရပ်ကို ဆွေးနွေးသုံးသပ်မှု များပြုလုပ်ခဲ့ပြီး လက်ရှိပူးပေါင်းဆောင်ရွက်နေသည့် ကဏ္ဍရပ်များပိုမို အားကောင်းရေး၊ တော်လှန်ရေးအောင်မြင်ရေးအတွက် လက်တွဲဆောင်ရွက်မည့်ရှေ့လုပ်ငန်းစဉ်များ ကို ဆွေးနွေးချမှတ်ခဲ့ကြကြောင်း"ဟူ၍တွေ့ ရှိရပါသည်။
    ထိုကြေညာချက်မှာပါသည့် KPICT ၏ တံဆိပ်ကိုကြည့်လျှင် ဝမ်ပေါင်ဆိုသည့် အသုံးအနှုန်းကိုတွေ့ရမှာဖြစ်ပါသည်။ ဝမ်ပေါင်ဆိုသည့် အသုံးအနှုန်းဟာ KIA ပေါ်လာပြီး ဝမ်ပေါင်နိုင်ငံတော် ထူထောင်မည်ဟု ကြွေးကြော်ရာမှပေါ်လာသည့် စကားဖြစ်ပါသည်။ ဝမ်ပေါင်ကို အလွယ်ဘာသာပြန်ရင် ကချင်လူမျိုးစုဟူ၍အဓိပ္ပာယ်ရပါသည်။ ဂျိန်းဖောအပါအဝင် လူမျိုးစုခြောက်မျိုးကို ဂျိန်းဖောများက သတ်မှတ်ခေါ်ဆိုသည့် လူမျိုးစု အမည်ဟူ၍ ဆိုနိုင်ပါသည်။ ထိုအသုံးအနှုန်းကိုလက်မခသည့် ကျန်က ချင်တိုင်းရင်းသား လူမျိုးစုများလည်းရှိကြပါသည်။ KPICT ကို KIA က ဦးဆောင်ဖွဲ့စည်းခဲ့ပြီး ကချင်လူမျိုးစုများ နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့လို့ သတ်မှတ်ပြီး ကချင်ပညာတတ်များ၊ မြို့ပေါ်နေလုပ် ငန်းရှင်များ၊ ကြွယ်ဝချမ်းသာသူများ၊ ပြည်ပရောက် ကချင်လူမျိုးများ ပါဝင်လာစေရန် ရည်ရွယ်ဖွဲ့စည်း ထားခြင်းပဲဖြစ်ပါသည်။
    NUG နှင့်  KIA ၏ ဆက်စပ်မှုကိုကြည့်မည် ဆိုလျှင် NUG နှင့် KIA တိုပူးပေါင်းပြီး မည်သည့်ခြေ လှမ်းကို လှမ်းနေတယ်ဆိုတာ တွက်ဆနိုင်ပါလိမ့်မည်။ NUG ယာယီသမ္မတလုပ်နေသည့် လရှီးလဆိုတာ KIA ကိုထောက်ခံသည့် ရှမ်းပြည်(မြောက်ပိုင်း)က ကချင်မျိုးနွယ်စုဝင် မရူတန်ဘောင် လူမျိုးတစ်ဦးဖြစ်ပါ သည်။ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့(WMR) ၏ဥက္ကဋ္ဌဖြစ်ပြီး ကချင်နိုင်ငံရေးသမား ရှေ့နေတစ်ဦး ဖြစ်ပါသည်။ နိုင်ငံ့ဝန်ထမ်း ဥပဒေအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၇၈ ခုနှစ်နောက်ပိုင်းမှစကာ ကချင်အမျိုးသားရေးကို ပြည်ပ NGO များနှင့်ပူးပေါင်းဆောင်ရွက်ခဲ့သူဖြစ်ပြီး KIA ခေါင်းဆောင်ပိုင်းများနှင့် ရင်းနှီးသူဖြစ်ပါသည်။ 
    NUG မှာပါသည့် သယံဇာတ ဝန်ကြီးဒေါက်တာ တူးခေါင်ဆိုတာကလည်း ရှမ်း-ကချင်နယ်စပ်က လရှီးလ နှင့်မျိုးနွယ်တူသည့် ကချင်မျိုးနွယ်စု မရူတန်ဘောင် တစ်ယောက်ဖြစ်ပြီး သူ့အစ်ကိုက KIA လိုင်ဇာမြို့တော် ဝန်လုပ်ခဲ့ဖူးသည့် ခလင်နော်ဂျာပဲဖြစ်ပါသည်။ သူကိုယ်တိုင်ကလည်း KIA အုပ်ချုပ်ရေးအဖွဲ့မှာ ပါဝင်ခဲ့သူတစ်ယောက်ဖြစ်ပါသည်။ ဇော်ဝေစိုး၏ ပညာရေးဝန်ကြီးဌာနမှာ ဒုဝန်ကြီးပေးထားသည့် ဂျာထွယ်ပန်ကလည်း KIA လိုလားသည့် ကချင်တိုင်းရင်းသူတစ်ဦးပဲ ဖြစ်ပါသည်။ မည်သည့်ဧရိယာ၊ မည်သည့်ဇာစ်မြစ်ကလာသည် ကိုလေ့လာကြည့်ရင် အဖြေတစ်ခုတွေ့မှာပါ။ NUG နိုင်ငံခြားရေးဝန်ကြီးလုပ်နေသည့် ဇင်မာအောင်ဟာ မိုးကောင်းသူဗမာဖြစ်ပြီး ယခင်ကဗကပ မြို့ပေါ် ယူဂျီလုပ်ခဲ့ဖူးသူ တစ်ယောက်ပဲဖြစ်ပါသည်။ နဂိုကတည်းကပင် တပ်မတော်မုန်းတီး သူတစ်ဦးဖြစ်ပါ သည်။
    NUG မှာ  ဦးဝင်းမြင့်ကို သမ္မတအဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်အပ်ထားပြီး အမှန်တကယ်မောင်းနှင်နေသူက ယာယီသမ္မတတာဝန်ယူထားသည့် လရှီးလပဲဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က လက်နက်ကိုင်လမ်းစဉ်နှင့် အကြမ်းဖက်ဝါ ဒကိုလက်မခံပါဘူးဟူ၍ ပြောထားသည်ကို သူတို့သိကြပေမယ့် NUG Websites မှာ ယခုချိန်ထိ ထည့်သွင်းဖော်ပြထားတာ တွေ့ရမှာဖြစ်ပါသည်။ မည်သို့ရည်ရွယ်အသုံးချနေသည်ဆိုတာ ခန့်မှန်း စရာပင်လို မည်မထင်ပါ။ အသုံးချနေခြင်း သက်သက်ဟု ဆိုရပေလိမ့်မည်။
    KIA ၏ နောက်ခံသမိုင်းကိုပြန်ကြည့်လျှင် ရှမ်းပြည်(မြောက်ပိုင်း) ကွက်ခိုင်ဒေသမှာ စတင်ဖွဲ့ စည်းခဲ့ရာမှ ယခုအခါမှာဆိုလျှင် ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း ဒေသများကို ခြေကုပ်ယူ လွှမ်းမိုးနေပြီဖြစ်ပါသည်။ ၁၉၄၇ ခုနှစ် ပင်လုံညီလာခံအရ ကချင်တောင်တန်းဒေသဟာ ပြည်နယ်အဆင့်သတ်မှတ်ပေး၍မရသော်လည်း ရှမ်းနီဒေသများကို ထည့်သွင်းပြီး ပြည်နယ်အဖြစ် ၁၉၄၇ ခုနှစ်မှာသတ် မှတ်ပေးခဲ့ခြင်းဖြစ်ပါသည်။ ကတိကဝတ်အရ ပြည်ထောင် စုအတွင်းက ခွဲမထွက်ပါဆိုသည့် ကတိစကားအရ ဖြစ်ပါသည်။ သို့သော် KIA ပေါ်လာပြီးနောက်ပိုင်းမှာ ပင်လုံညီ လာခံမှာပါခဲ့သည့် ကချင်ခေါင်းဆောင်များပင် ထိန်း မရသည့်အခြေအနေထိ ဖြစ်ခဲ့ရပြီး သီးခြား ဝမ်ပေါင် နိုင်ငံထူထောင်ဖို့အထိ ဖြစ်လာခဲ့သည်ကိုတွေ့ရမှာဖြစ် ပါသည်။
    ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရလက်ထက်မှာ KIA ဟာ ကျန်လက်နက်ကိုင်တိုင်းရင်းသားများ အတိုင်း အများနည်းတူ ငြိမ်းချမ်းရေးယူခဲ့ပါသည်။ သို့သော် ရိုးသားမှုမရှိခဲ့ပါ။ ထိုအချိန်မှာ ငြိမ်းချမ်းရေးမယူခဲ့လျှင် စစ်ရေးအရ KIA အနေဖြင့် အစပင်ရှာမရသည့်အခြေအနေထိ ဖြစ်သွားနိုင်သည်ကို တွက်ဆခဲ့ဟန်ရှိပါသည်။ ထိုအချိန်ကစပြီး လူမျိုးရေးစည်းရုံးမှု၊ လူ၊ လက်နက် တပ်ဆင်မှုများ မပြတ်ပြု လုပ်ခဲ့ပြီး အင်အားဆောက်တည်ခဲ့တာ တွေ့ရမှာဖြစ်ပါသည်။ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်လာ သည့်အခါမှာ KIA အနေဖြင့် အင်အားအတန်အသင့် ကြီးမားလာခဲ့သလို လူမျိုးစုအတွင်းမှာလည်း ကချင်နိုင်ငံ ထူထောင်ရေးအမြင်နှင့် ကချင်ဟူသမျှ KIA ဆိုသည့်ခံယူချက်ကို လူငယ်တွေအတွင်းမှာ ရိုက်သွင်းခဲ့ပြီးဖြစ်ပါသည်။ ဂျိန်းဖောနှင့် တချို့မျိုးနွယ်စုများက လက်ခံကြသော်လည်း တချို့မျိုးနွယ်စု များက လက်မခံကြပါ။
    NUG နှင့် တွေ့ဆုံမှုကိုကြည့်ပါက NUG ၏ လက်အောက်မှာမရှိဘဲ မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေဖြစ်ကြောင်း တွေ့ရမှာ ဖြစ်ပေသည်။ NUG ၏ဖွဲ့စည်းပုံနှင့် လက်ရှိမြေပြင်အခြေ အနေမှာ KIA ၏ ဦးဆောင်တိုက်ပွဲဝင်နေသည့် အခြေ အနေများအရ NUG သည် KIA ကို လွန်ဆန်နိုင်မည့် အခြေအနေမှာမရှိပါ။ KIA ၏ အလိုကျသာဆောင်ရွက် နေရသည့် အခြေအနေဟု မြင်ပါသည်။ စစ်ရေးနှင့်ပတ်သက်ပြီး NUG အနေဖြင့် ဦးဆောင်နိုင်သည့် အနေအ ထားမရှိဘဲ PDF များအနေဖြင့် KIA  ခိုင်းသည့်အတိုင်း သာလုပ်နေရသည်ကို တွေ့ရမှာဖြစ်ပါသည်။ 
    နိုင်ငံရေးနှင့်ပတ်သက်ပြီး မည်သို့ဆွေးနွေးသည်ကို မသိရသော်လည်း ခန့်မှန်းကြည့်ရင် ဖြစ်နိုင်ခြေ ရှိသည့်အခြေအနေကို တွေ့ရမှာပါ။ အစဉ်အဆက် KIA တောင်းဆိုခဲ့သည့် တရားဝင်ကိုယ်ပိုင်လက်နက်ကိုင်တပ် ဖွဲ့ ခွင့်ပြုရမည်ဆိုတာကို ခွင့်ပြုပေးသည်နှင့်ပင် မည်သို့မှ ဖက်ဒရယ်မဖြစ်နိုင်တော့ပါ။ ဝမ်ပေါင်သမ္မတနိုင်ငံထူထောင်မည်ကိုခွင့်ပြုပါက ကျိန်းသေပေါက် သီးခြားနိုင်ငံ ဖြစ်သွားပါပြီ။ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီအစိုးရ လက်ထက် ငြိမ်းချမ်းရေးဆွေးနွေးစဉ် KIA က အဆင့်တူ နိုင်ငံအဖြစ်သတ်မှတ်ပေးပြီး အေးချမ်းစွာ စည်းမျဉ်းစည်း ကမ်းထားလက်မှတ်ရေးထိုးပြီး အတူယှဉ်တွဲနေထိုင်မည် ဆိုသည်အထိ တောင်းဆိုခဲ့သည့်အတွက် ငြိမ်းချမ်းရေး ပျက်သွားခဲ့ရသည့် အခြေအနေနှင့်တွက်ဆလျှင် NUG တို့မှန်းထားသလိုဖြစ်လာပါက ကျိန်းသေပေါက်သီးခြား နိုင်ငံ ဖြစ်သွားပါလိမ့်မည်။ လွန်ရောကျွံရော ကွန်ဖက်ထရေးရှင်းအဆင့်ထက် ပိုမှန်း၍ရမည်မထင်ပါ။ ပြည် နယ်အဆင့်ပင် မရှိခဲ့သည့် ကချင်တောင်တန်းဒေသဟာ ယခုချိန်မှာ ရှမ်းနီဒေသများကိုထည့်သွင်းပြီး ပြည်နယ် အဆင့်ဖြစ်နေခဲ့ပါပြီ။ ယခုအခါ စစ်ကိုင်းတိုင်းအတွင်းမှာ KIA တပ်မဟာတစ်ခု ဖွဲ့စည်းအခြေပြုထားသည့်အတွက် နောင်တစ်ချိန် ကွန်ဖက်ထရေးရှင်းနိုင်ငံအဆင့် တောင်းလျှင် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ရှမ်းပြည်(မြောက် ပိုင်း)က ဒေသတချို့ကို ထည့်သွင်းပေးဖို့တောင်းဆိုပါလိမ့် မည်။ လရှီးလလိုလူမျိုးနှင့် ကိုယ်အာဏာရလျှင် တိုင်း ပြည်ကိုရောင်းစားဖို့ ဝန်မလေးသည့် NUG ကလည်း လက်ခံပါလိမ့်မည်။ ထိုအခြေအနေအထိ ရောက်လာလျှင် ထိုဒေသတွင်းရှိ လက်နက်ကိုင် အုပ်စုငယ်လေးများ (ပန်ဝါအထူးဒေသ(၁)၊ ရှမ်းနီပြည်သူ့စစ်အဖွဲ့)အနေဖြင့် ကြီးနိုင်ငယ်ညှဉ်းဒဏ် ကျိန်းသေပေါက်ခံရပါလိမ့်မည်ဖြစ် ပါသည်။
    နိုင်ငံခြားရေးနှင့်ပတ်သက်ပြီး လက်ရှိအခြေ အနေများအရ NUG က အနောက်အုပ်စု၊ KIA က တရုတ် ဟူ၍ခွဲခြားထားပုံရပါသည်။ KIA သည် နဂိုကတည်းကပင် တရုတ်နှင့်ဆက်ဆံရေးပြေလည်အောင်ပေါင်းပြီး ကချင်အမျိုးသားရေးနှင့် ခရစ်ယာန်ဘာသာရေး အသင်းအဖွဲ့များ၊ NGO များအနေဖြင့် အမေရိကန် ဦးဆောင်သည့် အနောက်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်နေသည့် လက်ဝေခံများသာဖြစ် ပေသည်။ လရှီးလကိုယ်တိုင် ပါဝင်ပတ်သက်ဖူးသည်ကို NUG မှာ ဖော်ပြထားသည့် သူ့၏ ကိုယ်ရေးရာဇဝင်ကိုကြည့်လျှင် တွေ့ရမှာဖြစ်ပါသည်။ လက်ရှိမြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေသည့် လက်နက်ကိုင်တိုက်ပွဲများသည် NUG နှင့် KIA တို့ နှစ်ခွကစားနေသည့် နိုင်ငံရေး၊ စစ်ရေးတိုက်ကွက်များ ပဲဖြစ်ပါသည်။
    ထိုအခြေအနေများသည် လက်ရှိအခြေအနေနှင့် သမိုင်းစဉ်ဆက်က အခြေအနေများနှင့် ယှဉ်ထိုးကြည့် လျှင် သာမန်အားဖြင့်ပင် မြင်နိုင်သည့်အခြေအနေများဖြစ်ပါသည်။ နိုင်ငံရေးသမားများ၏ နိုင်ငံရေးလောဘနှင့်  အာဃာတအမုန်းတရားတွေကို အခြေခံသည့် လှုံ့ဆော်မှုများအရ KIA နှင့် အပေါင်းအပါလက်နက် ကိုင်များ၏အလိုကျ အသက်ပေးတိုက်နေရသည့် PDF လူငယ်လေးများကို သနား မိပါသည်။ လရှီးလမှာ ပြည်ထောင်စု စိတ်ဓာတ်အမှန်တကယ် ရှိမရှိမေးကြည့်လိုက်ပါ။ သူရည်မှန်းထား သည့် အနာဂတ်မှာ ဖွဲ့စည်းမည့် ဖက်ဒရယ်ပြည်ထောင်စုပုံစံကို ချပြရဲပါလားလို့မေးကြည့်လိုက်ပါ။ ပါးစပ်က စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဟူ၍ ကြွေးကြော်နေသော်လည်းရင်ထဲက ခံစားချက်နှင့် လုပ်ရပ်များက နိုင်ငံငယ်လေးများနှင့် ဖွဲ့စည်းမည့် ကွန်ဖက်ထရေးရှင်းထက်မပိုပါ။ 
ဇော်နိုင်
( TREND News ဂျာနယ်အတွဲ(၂)၊ အမှတ်(၄၆)တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။)

Total Views ~ 210

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42856

© 2022 - 2025 News. All Rights Reserved.