လယ်တီဆရာတော်၊ မိုးကုတ်ဆရာ တော်အပါအ၀င် ထင်ရှားကျော်ကြား ဩဇာတိက္ကမကြီးခဲ့ပြီး ပျံလွန်တော်မူပြီးဖြစ်သော ဆရာ တော်ကြီးများအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်း

၂၀၂၃ ၊ ဇန်နဝါရီ ၄
လယ်တီဆရာတော်၊မဟာဂန္ဓာရုံဆ ရာတော်၊မိုးကုတ်ဆရာတော်၊မဟာစည်ဆရာတော် အပါအ၀င် ထင် ရှား ကျော်ကြား၍ဩဇာတိက္ကမကြီးခဲ့ပြီး ပျံလွန်တော်မူပြီးဖြစ်သော ဆရာတော်ကြီးများအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်းကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၁ / ၂၀၂၃ ဖြင့် ယနေ့ (ဇန်နဝါရီ ၄) ထုတ်ပြန်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က ဘဒ္ဒန္တဉာဏဓဇ(လယ်တီဆရာတော်ကြီး)၊ မဟာလယ်တီကျောင်းတိုက်၊ မုံရွာမြို့၊ စစ်ကိုင်း တိုင်းဒေသကြီး ၊ ဘဒ္ဒန္တဇနကာဘိဝံသ(တောင်မြို့ မဟာဂန္ဓာရုံဆရာ တော်ကြီး)၊ မဟာဂန္ဓာရုံကျောင်း၊ ဆင်စွယ်ပွတ်ရပ်ကွက်၊ အမရပူရမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ဘဒ္ဒန္တဝိမလ(မိုးကုတ်ဆရာတော်ကြီး)၊ မင်္ဂလာကျောင်းတိုက်၊ အမရပူရမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ဘဒ္ဒန္တသောဘန(မဟာစည်ဆရာတော်ကြီး)၊ မဟာစည်သာသနာ့ရိပ်သာကျောင်း၊ ဗဟန်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး၊ ဒေါက်တာဘဒ္ဒန္တသီလာနန္ဒာဘိဝံသ (ပါဠိ-ရိုမန်ဆရာတော်ကြီး)၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ အမှတ် (၅) ရပ် ကွက်၊ မရမ်းကုန်းမြို့ နယ်၊ ရန်ကုန်တိုင်းဒေသကြီး စသည့် ဆရာတော်ကြီး ၅ ပါးတို့ကို အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်များဆက်ကပ်လှူဒါန်း အပ်နှင်းခဲ့သည်။
ထို့အပြင် ဘဒ္ဒန္တကုမာရ၊ ကျောက်ဆည်ဝေဘူချောင်ကျောင်း၊ ကျောက်ဆည်မြို့၊ မန္တလေးတိုင်းဒေသကြီး၊ဘဒ္ဒန္တကဝိ၊ စွန်းလွန်းဂူကျောင်းတိုက်၊ စွန်းလွန်းကျေးရွာ၊ မြင်းခြံမြို့ နယ်၊ မန္တလေးတိုင်းဒေသကြီး၊ဘဒ္ဒန္တဉတ္တမ ၊ ရွှေစေတီကျောင်းတိုက် ၊ စစ်တွေမြို့ ၊ ရခိုင် ပြည်နယ်၊ ဘဒ္ဒန္တဥက္ကဋ္ဌ၊ သဲအင်းဂူဝိပဿနာကမ္မဋ္ဌာန်းကျောင်းတိုက်၊ နှောကုန်းကျေးရွာ၊ မှော်ဘီမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး၊ဘဒ္ဒန္တဝိစာရ ၊ ဝေဠုဝန်ကျောင်းတိုက် ၊ ကြည့်မြင်တိုင်မြို့နယ် ၊ ရန်ကုန် တိုင်းဒေသကြီး စသည့် ဆရာတော်ကြီး ၅ ပါးတို့အား အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း အပ်နှင်းခဲ့သည်။

Total Views ~ 293

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

31240

© 2022 - 2024 News. All Rights Reserved.