ကယားပြည်နယ် ပြည်သူ့ပါတီကို မှတ်ပုံတင်ခွင့်ပြု တည်ဆဲနိုင်ငံရေးပါတီ ၅၄ ပါတီ ရှိလာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
    ကယားပြည်နယ် ပြည်သူ့ပါတီ (KySPP) ၏ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုပေးရန် လျှောက်ထားချက်ကို ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ် (၁/၂၀၂၅) ထုတ်ပြန်ကြေညာခဲ့သည်။
    ကယားပြည်နယ် ပြည်သူ့ပါတီ (KySPP) ကို  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့် ပြုခဲ့ခြင်းဖြစ်ပြီး ယင်း၏ မှတ်ပုံတင်အမှတ်မှာ (၅၆) ဖြစ်ကြောင်း သိရသည်။
    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များကို ဥပဒေနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိပြီး ဖေဖော်ဝါရီ ၂၃ ရက်အထိ မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံရေး ပါတီပေါင်း ၅၆ ပါတီ ရှိခဲ့ကြောင်း သိရသည်။
    အဆိုပါ ပါတီများထဲမှ နိုင်ငံရေးပါတီ နှစ်ပါတီကို မှတ်ပုံတင်ခွင့် ပယ်ဖျက်ပေးခဲ့ရသည့်အတွက် လက်ရှိ တည်ဆဲနိုင်ငံရေးပါတီ ၅၄ ပါတီရှိကြောင်း သိရသည်။ ညီသစ်

Total Views ~ 94

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43002

© 2022 - 2025 News. All Rights Reserved.