

၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာ ၂၆။
ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၁၉ ဦး ထပ်မံပိုဆောင်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံရှိ မြန်မာသံရုံး၏ နိုဝင်ဘာ ၂၄ ရက်က ထုတ်ပြန်ထားသည်။ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် စေလွှတ်သော ကုန်ထုတ်လုပ်သားသစ် (၇၃) ဦး၊ CBT ကုန်ထုတ်လုပ်သား (၉) ဦး၊ Re-entry ကုန်ထုတ်လုပ်သား (၃၇) ဦး၊ စုစုပေါင်း (၁၁၉) ဦးကို
ထပ်မံပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
နိုဝင်ဘာလ ၁၇ ရက်တွင် ကုန်ထုတ်လုပ်သားသစ် (၃၈) ဦး၊ CBT ကုန်ထုတ်လုပ်သား (၁၀) ဦး၊ Re-entry ကုန်ထုတ်လုပ်သား (၇၈) ဦး၊ စုစုပေါင်း (၁၂၆) ဦး ။နိုဝင်ဘာ ၁၅ ရက်တွင် ကုန်ထုတ်လုပ်သားသစ် (၈၈) ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် (၃၁) ဦး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး (၂၉) ဦး၊ စုစုပေါင်း (၁၄၈) ဦး။ နိုဝင်ဘာ ၁၀ ရက်တွင် Regular ကုန်ထုတ်လုပ်သား (၃၄) ဦး၊ Re-entry ကုန်ထုတ်လုပ်သား (၁၅) ဦး၊ Re-entry စိုက်ပျိုးရေးနှင့် မွေးမြူရေး (၂) ဦး၊ စုစုပေါင်း (၅၁) ဦး။ နိုဝင်ဘာ ၃ရက်တွင် Re-entry ကုန်ထုတ်လုပ်သား (၂၇) ဦး။ နိုဝင်ဘာ ၁ ရက်နေ့တွင် Regular ကုန်ထုတ်လုပ်သားသစ် (၆၈) ဦး၊ CBT ကုန်ထုတ်လုပ် သား (၁၆) ဦး၊ Re-entry ကုန်ထုတ်လုပ်သား (၂၁) ဦး၊Re-entry စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား (၄) ဦး၊ စုစုပေါင်း (၁၀၉) ဦး ပို့ဆောင်ခဲ့ပြီးဖြစ်၍ ယခုလအတွင်း ကိုရီးယားသို့ မြန်မာလုပ်သား ၆ ကြိမ်တိတိပို့ဆောင်ထားပြီးဖြစ်သည်။