ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YBPC) သို့ အစုရှယ်ယာပြန်လည်ရောင်းချရန် ဆန္ဒရှိ၍ လျှောက်ထားလိုပါက အစုရှယ်ယာရှင်များ လျှောက်ထားနိုင်ကြောင်း ယင်းကုမ္ပဏီက အသိပေးကြေ ညာထားသည်။
အစုရှယ်ယာရှင်များအနေဖြင့် အစုရှယ်ယာလက်မှတ်မူရင်းနှင့် မိတ္တူ၊နိုင်ငံသား စိစစ်ရေးကတ်ပြားမူရင်းနှင့် မိတ္တူတို့ ယူဆောင်၍ လူကိုယ်တိုင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ
YBPC ရုံးသို့ ဒီဇင်ဘာ ၁၆ ရက်၊ ညနေ ၃ နာရီ နောက်ဆုံးလာရောက် လျှောက်ထားရမည်ဟုလည်း YBPC ကုမ္ပဏီက အသိပေး ကြေညာထားသည်။