ကျောက်တော်မြို့နယ်တွင် အစာအဆိပ်သင့်သည့် မိသားစုဝင် ၆ ဦး ဆေးကုသမှုခံယူနေစဥ် သေဆုံး


၂၀၂၂ ၊ နိုဝင်ဘာ၂၈
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊.သက်ထင်ကျေးရွာ၌ မိသားစုဝင် ၆ ဦး အစာအဆိပ်သင့်၍ တိုင်နယ်ဆေး ရုံနှင့်ကျောက်တော်မြို့ပြည်သူ့ဆေးရုံတို့၌ ဆေးကုသမှုခံယူနေကြစဥ် သေဆုံးသွားခဲ့သည့်ဖြစ်စဥ်တစ်ခု နိုဝင်ဘာ ၂၆ ရက်ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သေဆုံးသွားသူများမှာ ဒေါ်ခိုင်သန်းနု(၄၅) နှစ်၊ မစိုးသန်း (၂၇)နှစ်၊ အသက် (၁၃) နှစ်အရွယ်ရှိ မောင်ကျော်ငြိမ်းထွန်း၊ မစန္ဒာဝင်း၊ အသက် (၆၈) နှစ်အရွယ် ၎င်းတို့၏အဘွားဖြစ်သူနှင့် ဦးသောကြာအောင် (၅၄) နှစ်တို့ ဖြစ်ကြပြီး ၎င်းအိမ်၌မွေးထားသည့် ခွေးတစ်ကောင်လည်း သေဆုံးခဲ့သည်ဟု ဆိုသည်။
အဆိုပါ မိသားစုဝင် ၆ ဦးသည် ကျောက်တော်စျေးမှ ဝယ်လာသည့် ပြောင်းဖူးကို ထမင်းနှင့်စားပြီးနောက် သန်းခေါင်းကျော်၂ နာရီခန့်တွင် မိသားစုလိုက် အော့အန်မှုဖြစ်ပွားခဲ့ရာမှ သေဆုံးရခြင်းဖြစ်ကြောင်း သိရသည်။

Total Views ~ 209

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43004

© 2022 - 2025 News. All Rights Reserved.